Saturday, September 17, 2011

အဲဒါ ဘာရောဂါလဲ ဒေါက်တာ

အိပ်ပျော်ခါနီးရင် အသံဆိုး အရုပ်ဆိုးတို့ အကြမ်းဖက်တယ်

ထိပ်လန့် တုန်လှုပ် ခြောက်ချား မောပန်း ဆုံးရှုံး ရီဝေ သေရော့

လက်ဝါးကြီးနဲ့ ကျောပြင်ကို ရိုက်ချလိုက်သလို နာကျင်တာ

ခေါင်းတစ်လုံးလုံးမှာ လုံးချာရိုက်နေတဲ့ လျှော်ဖြူမျှင်

ကြောက်စိတ်က အသက်ဓာတ်ကို နှုတ်ယူသွားမလား

ထထလာတဲ့ ကြက်သီးတွေက ဆွဲစားသွားမလား

ရေသောက် ပြန်အိပ်ဖို့ ကြိုးစားလည်း အထက်ပါ အကြောင်းအရာပဲ

အဲဒါ ဘာရောဂါလဲ ဒေါက်တာ

ကြည့် ဒိုင်ယာရီထဲ အဖြစ်အပျက်ဟာ ပုံစံတူ သေဆုံးခြောက်လှန့်လို့

ဆွံ့အနေတဲ့ စကားလုံးမိုင်းတွေ လက်နှစ်ဖက်မှာ ဆုပ်ကိုင်ထားတယ်

ခြေဖော့ပြီး အခန်းထဲ လျှောက် မှန်ရိပ်မှာ ပေါ်လာတဲ့ အရုပ်

မင်းဘယ်သူလဲ သွား သွား သွား သွား သွား သွား သွား

အနုပညာကို ကြိုတင်အကွက်ချ နေရာလုတဲ့ မုဒိမ်းမှု

အိပ်မရတိုင်း အိပ်မက်ဆိုးနဲ့ လှောင်သေနေတဲ့ နေ့တွေ လွမ်းပါတယ်

စိတ်နဲ့ ကိုယ် လမ်းကြောင်းလွဲနေပြီ ဒေါက်တာ

ဆိုက်ကိုစီးတီး သီချင်းသံ၊ ပျောက်ဆုံးသွားတဲ့ စာနာမှု၊ အမှန်တရား

မျက်ရည် အစိုအစေး၊ ဒဏ်ရာ၊ အနာပိုးလောက်၊ သက်ပြင်းမုန်တိုင်း

အပေါက်အပြဲများတဲ့ လေထိုးရုပ်၊ ချစ်မေတ္တာ အားးးးးးးးးးးးးးးးးးးး

ညနက်ကြီး အသံနက်ကြီး အရိပ်မည်းကြီး ထင်ရှားသည့် အမှတ်အသား မရှိ

ဒီအချိန်ရောက်ရင် အဖြစ်အပျက်ဟာ အထက်ပါအတိုင်း လှုပ်ရှားလို့

ဒီအချိန်ရောက်ရင် ကိုယ်ဟာ အရူးတစ်ယောက်လို လွင့်ပျံ့နေပါတယ်

အဲဒါ ဘာရောဂါလဲ ဒေါက်တာ

ခေါင်းတွေ အရမ်းကိုက်ခဲနေတယ်

အဲဒါ ဘာရောဂါလဲ ဒေါက်တာ။ ။

ဆူးရင့်

12. 9. 2011

AM:3:20

Tuesday, August 2, 2011

သို့ / မစ္စတာ ကဗျာဆရာ နှင့် မစ္စစ် ကဗျာဆရာမ

မထင်မှတ်တဲ့ ဒေါင့်က အစင်းရာ အခြစ်ရာ ဖြန့်ထွက်ခြင်း အရှိုးရာတွေလား

ဖွဲ့စပ် ထုတ်ပိုး ပြုလုပ်မှု မူလပုံစံ အနေအထားမပျက်ဘဲ တည်ဆောက်ထားတဲ့ ISMလား

ကဗျာတစ်သျှူး အသားအစအနတွေ စံချိန်ပြည့် အရည်အသွေးမြင့်ဖို့ ထင်ပါတယ် အဲလိုလား

တစ်နေ့ တစ်ပုဒ်လောက်မှ မရေးမသားရရင် အရေပြားတွေ ယားယံလာတတ်သလား

စားမ၀င် အိပ်မပျော် ခေတ်ပြိုင်အာရုံခံစားမှု အသက်ရှူသံ တိမ်းမှောက်နေသလား

ချည်မျှင်ဆန်ဆန် ဗဟိုချက်မဲ့အောင် စိပ်မယ် မွှာမယ် ဖြတ်တောက် SPACEခြားမယ်ပေါ့ ဟုတ်လား

ပင်မရေစီးထဲ ပက်လက် မှောက်ခုံ ဘယ်လို မြောနေ မောနေခဲ့သလဲ

အချိုးအကွေ့ မတူညီတဲ့ စာသားအဆောက်အဦဆီ ပြေးမလား လွှားမလား

ပလပ်စတစ်လိုက်ကောက်သလို စကားလုံးအမှိုက်ပုံထဲ ရှာချင် ဖွေချင်သေးလား

ကိုယ်တိုင် တွေ့ရှိချက် ရေးသားပြီး ပြုလုပ် တပ်ဆင်ခြင်းမျိုးပဲလား

COLLECT ဟာ ရိုးအီနေပြီလို စိတ်ရဲ့ အတွင်းသားစိတ်ကို တိုးတိုးလေး ပြောပြနေလား

အသစ်ဆိုတဲ့ တံဆိပ်တွေ အထပ်လိုက်ကပ် ရှေ့ကို ဆက် - ဆက် စီးသွားမလား

ရေသေအိုင် အစပ်ဆီ အရှက်မရှိ ဂငယ်ကွေ့ ပြန် - ပြန် ၀င်လာဦးမလား

ဒေါင်လိုက် စီမလား၊ အလျားလိုက် စီမလား၊ ဘယ်လိုလဲ၊ ခင်ဗျားရဲ့ သဘောပဲလား

ကဗျာနာရေးအတွက် အသက်အစားထိုး ခွဲစိပ်ကုသဖို့ စိတ်ဝင်စားလား

ခင်ဗျား အသက်တစ်ခြမ်းကို ရက်ရက်ရောရောပဲ ပေးဆပ်ထားခြင်းလား

ဘာဗေဒ ဘယ်သီအိုရီ ဟိုဒင်းတက္ကနစ် အဲဒီဝါဒတွေ ဖတ်ဖြစ်လား

နိုင်ငံနဲ့ ပြုပြင်ပြောင်းလဲရေး ရေးဖြစ်လား၊ ဆုပ်ကိုင်ထားလား

ရင်ထဲ ၀မ်းထဲအထိ ရောက်လား၊ နာကျင်ခံစားနေလား၊ ဆိုးဝါးဆဲလား

လင်းပွင့် မှောင်မည်းလွန်းတဲ့ သိမှု မသိမှုတွေ ဆွဲခေါ်လာဖြစ်သေးလား

ကဗျာမှာ ကြော်ငြာလိုအပ်ကြောင်း ထင်မြင်ယူဆဖူးသလား

စကားလုံးတွေ စာသားတွေ လော်လီတာ မောက်မာတာ

ဆပ်ဆော့တာ အငြိမ်မနေဘဲ ကစားနေတာ လေ့ကျင့်ခန်းလား စတန့်ထွင်တာလား

FORM အကြောင်းအရာ အသံ ဟန် ချိန်းဖို့ ကြိုးစားကြည့်သေးလား

တဖျောက်ဖျောက် တဂျောက်ဂျောက် ခုန်ခုန်ထွက်ပြေးတတ်လား

JUMP တွေရဲ့ သဘောကို သွေဖယ်သေးလား အဲလိုထည့်ရေးမိတတ်လား

စိတ်ကူး စိတ်ရူးပေါက်သလိုပဲ အရေးအသားသက်သက်လား

ကဗျာအပြင် ထွက်ပြေးဖို့ ကြံစည်ဖူးလား ကဗျာထဲ ဆွေးဆွေးငွေ့ငွေ့လေး ငိုနေလား

ကဗျာထဲ ပြေးပြေးဝင်လာတတ်တဲ့ အိပ်မက်မျိုးလား စားဝတ်နေရေး ကျန်းမာရေးလား

ပျော်လား ဖျော်ဖြေရေးလား ဟာသလား အသုံးချခံ ပစ္စည်းသက်သက်လား

ကဗျာကို ညီအစ်ကိုမောင်နှမလို သဘောထားလား ဆွေမျိုးသားချင်းလို သဘောထားလား

မိတ်ဆွေလို သဘောထားလား ချစ်သူလို သဘောထားလား လင်မယားလို သဘောထားလား

ဒါမှမဟုတ် သူစိမ်းသက်သက်ပဲလား ဘယ်လို သဘောထားမျိုးလဲ

ပေါ်ပင်တွေ ရောယောင်နောက်လိုက်လုပ်ရပ်တွေ ပုံတူကူးချမှုတွေ ရှိခဲ့ဖူးလား

ဝင်လာတဲ့ D တွေ အုံ့ဆိုင်းရင်း မှိုင်မှိုင်ဝေေ၀ လွင့်နေ ၀ဲနေလား

စိတ်အလျဉ်အတိုင်း ပေါ်လာသမျှ အခု ကိုယ် ရေးပစ်လိုက်သလို ချရေးသားခြင်းမျိုးပဲလား

ပြီးတော့

ဘာတွေ ဖြစ်လာသေးလဲ

ဘယ်လို ခံစားရသေးလဲ

ပြောပါဦး။ ။

ဆူးရင့်

Wednesday, July 27, 2011

လုပ်ကြံမှု

ကိုယ်ထဲက အသက်ဓာတ် ၀ိုင်ယာမျှင်တွေ

တစ်စချင်း ဖြတ်တောက်နေတာ ခံရ မခက်ဘူးလား

အာရုံကြော သတိပေးသံဟာ တစစ်စစ် မြည်ဟီးလို့

နေ့တိုင်း နေထိုင် ရှင်သန်မှုက ခင်ခင်မင်မင် မရှိတဲ့ လိပ်ပြာတွေလား

ရင်တလှပ်လှပ်နဲ့ သက်ပြင်းတွေ ခဏတိုင်း ခွါခွါချ

လေထဲပုန်းပြီး ၀င်လာတဲ့ ကြောက်စိတ်တွေ နေကောင်းလား နေဆိုးလား

အမိုက်အရိုင်း အပေအတေ အလေအလွင့်လား

ရူးကြောင်ကြောင် မေးခွန်းတွေနဲ့ မင်းရဲ့ တစ်ခန်းလုံး ရှုပ်ပွတွန့်ကြေနေမှာ

သေချာပါတယ်...

အလိုမတူ ဖြတ်သန်းရတဲ့ ဘ၀ဆိုတာကြီးကို ငြင်းဆန်မယ်

တဖြည်းဖြည်း မှေးမှိန်လာတဲ့ အရောင်ကို ငြင်းဆန်မယ်

စန်းလဂ်မကောင်းတဲ့ ညနက်နက်တွေကိုလည်း မင်းငြင်းဆန်နေလိမ့်မယ်

ငယ်ငယ်က စိတ်ဒဏ်ရာဟာ အခုထိ ယိုင်နဲ့နဲ့ ခြေလှမ်းတွေပဲ မဟုတ်လား

အမေ ဘယ်မှာလဲ၊ အဖေ ဘယ်မှာလဲ

အစစ်အမှန် တရားမျှတမှု စာနာခြင်း ချစ်မေတ္တာ ဘယ်မှာလဲ

လွတ်လပ်စွာ ပြောဆို ရေးသား တိုင်ပင် ဆွေးနွေးခွင့် ဘယ်မှာလဲ

အိပ်မရတဲ့ ညအမောဖိုင် မသတီစရာ အညစ်အကြေးတွေ အထပ်လိုက်

ကိုယ့်ကိုယ်ကိုယ် သတ်သေချင်လောက်အောင် အကျပ်အတည်းမျိုးနဲ့ မွန်းကျပ်နေမှာပေါ့

အိပ်ဖို့ ဘယ်တော့မှ မကြိုးစားနဲ့ ကိုယ့်လူ သတိပေးနေတာတွေ / တွေး

သေမင်းလွှတ်တဲ့ အခိုးအငွေ့ဟာ မင်းဘေးတ၀ိုက် ဝေ့ဝေ့သီလို့

အမိုက်အမဲများအတွက် ကမ္ဘာကြီးကို တောင်းပန်လိုက်ပါ

ညည အိပ်လို့မရဘူး၊ ညည အိပ်လို့မရ၊ ညည အိပ်လို့မ၊

ညည အိပ်လို့၊ ညည အိပ်၊ ညည၊ ည

ညအော်သံဟာ တုန်ယင်ထိုးဆွရင်း

ကိုယ်ထဲက အသက်ဓာတ် ၀ိုင်ယာမျှင်တွေ

တစ်စချင်း ဖြတ်တောက်နေတာ ခံရ မခက်ဘူးလား ဆူးရင့်။ ။

ဆူးရင့်

25. 7. 2011

AM; 3;30;15;

Saturday, July 9, 2011

မရူးလွင့်ရန် လေ ကဗျာစာအုပ် မိတ်ဆက်ပွဲ ဖိတ်ကြားလွှာ

မောင်မင်းစိုး၊ ဆူးရင့်၊ စိုးမင်းအောင်၊ လင်းသဏ်ညီ၊ ညိုပြာဝိုင်တို့ ရေးတဲ့ ကဗျာများကို ရိုက်နှိပ်ဖော်ပြထားတဲ့ မရူးလွင့်ရန် လေ အမည်ရှိတဲ့ ကဗျာစာအုပ်ထွက်ရှိခြင်း အမှတ်တရပွဲအဖြစ် ပန်းဆိုးတန်းအထက်လမ်းမှာ ရှိတဲ့ အင်းဝစာအုပ်တိုက်မှာ

၂၀၁၁ ခုနှစ်၊ ဇူလိုင်လ၊ ၁၆ ရက်( စနေနေ့ ) နေ့လယ် ၂ နာရီကနေ ညနေ ၄ နာရီအထိ သူငယ်ချင်း၊ ကဗျာချစ်သူ ညီအစ်ကို မောင်နှမများနဲ့ နွေးထွေးစွာ တွေ့ဆုံကျင်းပပြုလုပ်သွားမှာ ဖြစ်ကြောင်း နွေးထွေးစွာ အသိပေး ဖိတ်ကြားအပ်ပါတယ်။

ကဗျာချစ်သူများအားလုံးကို ကျွန်တော်တို့ မရူးလွင့်ရန် လေ ကဗျာရေးသူများက စောင့်မျှော်ကြိုဆိုနေပါ့မယ်
စာအုပ်ထွက်ရှိခြင်း အမှတ်တရ မိတ်ဆက်ပွဲနေ့မှာ မရူးလွင့်ရန် လေ ကဗျာစာအုပ်ကို ၀ယ်ယူအားပေးကြတဲ့ ကဗျာချစ်သူများအတွက်လည်း 20% လျော့ဈေးနဲ့ ရောင်းချသွားမယ့်အကြောင်းသတင်းကောင်းပါးလိုက်ပါတယ်။


မရူးလွင့်ရန် လေ ကဗျာစာအုပ်မှ ကဗျာရေးသူများ
မောင်းမင်းစိုး၊ ဆူးရင့်၊ စိုးမင်းအောင်၊ လင်းသဏ်ညီ၊ ညိုပြာဝိုင်

Sunday, June 26, 2011

မနှင်းဆီ ငိုရသော နေ့

နေ့ထဲ

ဘယ်လို နေနေရလဲ

နေပူလွန်းတော့ နေရတာက သိပ်အသက်မ၀င်သလို

သဘာဝ ရေ မြေ ဘေးအန္တရာယ်

ကြားရတဲ့ ငလျင်သတင်းတွေ

စိတ်ကျအား ပြင်းပြင်းပူးဝင်လာတိုင်း

အပျင်းပြေ ဆိုတဲ့ စကားလုံးကို မုန်းတတ်ခဲ့တာ

ဒီလိုနဲ့ တစ်ချိန်လုံးနီးနီး ကွန်ပျူတာရှေ့မှာ ငုတ်တုတ်

ဟိုလုပ် သည်လုပ် ဘာမှတော့ မဟုတ်ပြန်ဘူး

အပြင်ထွက်ဖို့လည်း စိတ်ကူးလို့ မရသလို

ညောင်းလာရင် စာအုပ်တွေဆွဲဖတ်

ကဗျာအကြောင်း ဖိုတိုရှော့အကြောင်း ဒီဇိုင်းအကြောင်း

ပြီးပြန်တော့ ပြန်လေ့လာ ပြန်လေ့ကျင့်

စိတ်ကူးထဲ ရှိသမျှ လျှောက်လုပ် လျှောက်စမ်းသပ်

ဘာမှတော့ မဟုတ်ပြန်ပါဘူး

ဒီလိုနဲ့ တစ်နေ့တာ ကုန်သွားလိုက်တာ

နေ့ရက်တွေ ဘယ်လောက်ကုန်ကုန်သွားပြီ မသိ

ဒါ ကဗျာ မဟုတ်ဘူးနော နော နိုး

စိတ်ကူးပေါက်သလို လုပ်ကြည့်ထားတဲ့ ပုံလေးတစ်ပုံ

စိတ်ကူးပေါက်သလောက် ကြည့်ပေး

က ဗျာ မေ ရး ဖြ စ် ဘူး ဆို တာ

အရိုးထဲအထိ ကြားအောင် ကိုယ့်ကိုယ်ကိုယ်

ပြောနေတယ် မျောနေတယ်

ကဗျာတွေကတော့ စိတ်နဲ့ ကိုယ်ရဲ့ အဝေးဆီ

သူစိမ်းဆန်ဆန် ပြေးနေဆဲ

လိုက်ဖမ်းလိုက်တိုင်း လွတ်နေဆဲ လစ်ဟာနေဆဲ

မနှင်းဆီ ငိုရသော နေ့ဟာ

တနင်္ဂနွေ တနင်္လာ အင်္ဂါ

ဗုဒ္ဓဟူး ကြာသပတေး သောကြာ

စနေ တစ်နေ့နေ့ ဘယ်နေ့လဲ မသိ

နေပူလွန်းတော့ နေ့ထဲ

ဘယ်လို နေနေရလဲ။ ။

ဆူးရင့်

အစိပ်အပိုင်းများဖြင့် တစ်စိပ်တစ်ပိုင်း သို့လော သို့လော

မြို့ကြီးကြီးလိုလို လူနေထူထပ်နေသလိုလို တကယ်ပဲ ရှုပ်ထွေးပွေလီနေသလိုလို

လိုသလို လိုအပ်တာတွေရော မလိုအပ်တာတွေရော

လိုအပ်တာ အငယ်လေးတွေ အတွယ်လေးတွေ အစွယ်လေးတွေ ထွက်နေကြတာ

အရွယ်လေးတွေ ရလို့ ရွနေကြတာ။

မကောင်းရင် ကျောင်းကို ပို့လိုက် မလန်းရင် ခွေခေါက်ထားလိုက်

ခေါက်လို့ တွန့်ကြေသွားတဲ့ အဟောင်း၊ အဆွေး၊ အရိ၊ အရွဲ၊ အပုတ်၊ အသိုးတွေ

အသစ်ကလေးဆို သေးသေးလေးကအစ သုတ်လိုက်

မြန်မြန်

သေးသေးလေးက

အပြာရောင်မီးတောက်လေးကို ခြစ်ပြနေလို့

အချစ်လို့ ခေါ်လိုက်ရမလား။

ပူစီတွေက မူလီတွေနဲ့ရောပြီး ရစ်လိုက်ကြ

ကြပ်လွန်းတော့ အရစ်တွေ ပြုန်းထွက်ကုန်တာပေါ့

ကုန်သွားတော့ အပြုံးတွေကိုယ်စီဟာ မလတ်မဆတ်

ဆက်၍ ရှိနေခိုက် ခိုက်လို့ တဆတ်ဆတ်ခါပြနေတာလား ထင်ရ

ခါချနေတာလည်း ဖြစ်နိုင်သလို

နည်းနည်းလေးမှ အထိမခံနိုင်တာ ကိုက်နေလို့ပဲ။

စတန့်သမားတွေက တစ်မှောက်

ဂလန့်သမားတွေက တစ်လျှောက်

စိတ်ခဲကြွတွေက ဂေါတ်တောက်တောက်

အပူတွေလိုက်လိုက်စုနေတဲ့ အပူသည်တွေနဲ့

အမှုတွေလိုက်လိုက်စုနေတဲ့ အမှုသည်တွေနဲ့

အရူးတစ်ပိုင်းကို ရေနဲ့ရောရောသောက်တဲ့ ငမူးတွေနဲ့

အခန်းလွတ်တွေနဲ့ တစ်ခန်းလွတ်နေတဲ့ ငထူးတွေနဲ့

အနံ့အသက်မကောင်းတဲ့ အူတူတူ ငအူကောင်တွေ

ဒါနဲ့ ရောနှောဆက်ဆံလိုက်ခြင်းက ဘာများ အဓိပ္ပာယ်ရှိပါသလဲ။

လူအထင်ကြီးခံချင်နေတာ တမျိုး

အချောက်တိုက် နာမည်ကြီးချင်နေတာ တဖုံ

ဤဆေးကို ဘယ်လို ရောစပ်သုံးစွဲမလဲ

ကိုယ်ဘာဖြစ်ချင်လို့ ဖြစ်ချင်မှန်း မသိတဲ့ သတ္တ၀ါကောင်တွေ

ဤဆေးကို လှုပ်သောက် လှုပ်သောက်

လူအရာမ၀င်တဲ့ လူဖြစ်ပြီး သူငယ်နာ မစင်တဲ့ လူတွေ

ဤဆေးကို လှုပ်သောက် လှုပ်သောက်

သတိပေးနေရသေးတယ်။

အစကတော့ ဆွဲလိုက်ပြီ

ဘယ်လိုက စပြီး ဘယ်လို ဆုံးလိုက်ရမှာလဲ

ဘာဖြစ်လို့ ဘာဖြစ်လိုက်မှန်းတောင်

မသိလိုက်ဘူးတဲ့ မြွေတွေ ဖမ်းနေကြတာ

ရေမြွေတွေလား၊ မြွေဟောက်တွေလား

အဆိပ်ရှိ မရှိ ခွဲတောင် မခွဲဘူး။

ဝ/၀စား၊ ဝေး/ဝေးနေ၊ ၀င်မရှုပ်နဲ့

ဝတစ်လုံးဆောင် အိုတောင် မဆင်းရဲ

အကောင်းကြီးရင် အားနည်းနည်းပဲ ပိုစိုက်ရတယ်

ရူးချင်ရင် ထမင်းလွတ်အောင်ရူး

အထူ အပါးထက် လူစကားကို ပိုနားလည်ကြပါခင်များ။

ကောင်းတာလေးတွေမှ လှတာလေးတွေမှ

အလွန်အင်မတန် နှစ်သက်

လူတစ်ကိုယ်လုံးပေါင်း တစ်ကျပ်တောင် မပြည့်တဲ့ သူတွေ

ကလေးကစားကွင်းထဲ ပြေးဝင်နေချင်သလိုလို

မိုးပျံရထားပဲ စီးချင်နေသလိုလို

သရဲခြောက်တဲ့ အိမ်ကြီးထဲ ရောက်နေသလိုလို

ဟို မရောက်၊ ဒီ မရောက်

ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတဲ့ ကလေးလူကြီးတွေ ပေါမှပေါ။

အသစ်အဆန်းလေးတွေဆို

မျောက်လက်ထဲ သေနတ်ရသလို

တွေ့ကရာ မြင်ကရာ တဒိုင်းဒိုင်း

မျောက်တစ်ဝက် လူတစ်ဝက်ကောင်တွေက

မြှောက်မြှောက်ပြီး အမြှောက်နဲ့ ပစ်ချနေတာ

မြောက်နေတာပဲ မြေကို မထိဘူး။

တစ်ယောက်ထဲ ဟိုဘက်နည်းနည်းလောက် တိုးပါဦး

ဘောင်းဘီကြပ်နေတဲ့ တက်တူးကောင်တွေ

အရေပြားနာတာထက် သူလိုကိုယ်လိုပါပဲ

မတူတာက သွားရည်တွေ ယိုကျလာပြီး

ခွေးရူးပြန်သလိုလို ၀က်ရူးပြန်သလိုလို ဖြစ်နေတာက လွဲရင်။

ကြယ်တွေကို လိုက်ဖမ်းလိုက်ဦးမယ်

ကြယ်သီးတွေ ဖြုတ်လိုက်တယ်

အတောင်ပံတွေ ရနေပြီ

အာကာသထဲ ပျံတတ်သွားတဲ့ ငကောင်းတစ်ယောက်က

အကျမှာ အစအနတွေနဲ့ အသက်ကင်းမဲ့။

အခန်းတံခါးတွေပိတ်

စန္ဒယား ခလုပ်တွေနှိပ်

ဟေ ဟေ့ ပျော်စရာကြီး

အန်ကယ်ကြီး အသက်က (၆)ကွေ့ ကျော်နေပြီ။

Aဇယားဝင်လာတဲ့ ရှောခ့်ပဲ

B.C က သူ့အဆင့်နဲ့သူ နေသာထိုင်သာ

D တွေ ၀င်လာတာက ရေတွေ မဟုတ်ဘူး

A ကိုက်လည်း သေတတ် D ကိုက်လည်း အနေခက်

ခက်ခက်ခဲခဲတွေကြောင့် မသာမယာတွေ ဖြစ်လို့

မသာတွေ ပေါ်ကုန်ကြပြီ။

အချိန်တန်ရင် အိမ်မပြန်နိုင်ကြ

ကွိုင်တွေလိုက်လိုက် ရှာနေတာ အထပ်တွေမှာ ငဖြဲတွေက

ထိုနေရာမှာ အထပ်လိုက် အထပ်လိုက် ပြုံလို့။

ထစ်ခနဲ့ဆို တိုင်ပင်ကိုက်ပြီးသား တိုင်တွေ ပတ်နေတာလည်း

ရှင်းလို့ကို မရဘူး အရှုပ်ထုတ်တွေ အထုတ်တွေ

သယ်သယ်လာကြ အလုပ်တွေ ပေးနေတာ။

လာမထိနဲ့ ထိရင် ငြိမယ် ငြိရင် ဆွဲစားပစ်လိုက်မယ်

မလုပ်နဲ့ တားမရ ဆည်းမရ

ဆလိမ်နဲ့ မဆိုးပဲ ဇကွဲနဲ့ ဆိုးတဲ့ ဇိုးတွေ

လမ်းလျှောက်ရင် ဇပ်တောက် ဇပ်တောက်နဲ့။

ဘာပဲလိုလို ဦးစားကြီး ရှိတယ်

တစ်ခါ တစ်ခါ ကြော်ငြာဝင်တတ်တဲ့ ဘီးကြဲကြီးက ပြူးပြူးပြဲပြဲ။

လာထား အိတ်မစိုက်ရရင် ပြီးရော

ရစရာ ရှိရင် ရှိတာ အကုန်ယူ

အပီအပြင် ယူ/ယူနေတဲ့ အပေါင်းအသင်းတွေ

ဟိုမှာ ယူကုန်ကြပြီ အပိုင်။

ဘာရမလဲ ဟုတ်သော်ရှိ မဟုတ်သော်ရှိ

မဟုတ်မှ လွဲရော

ရှိတာ အကုန်ထုတ်

အိမ်တိုင်ပါ ချွတ်ပြီး ပုံအောလိုက်

တစ်ဘ၀လုံး မွဲခဲ့တဲ့ ငမွဲက ပုံးတွေ ပါးစပ်ဖျားကကို မချဘူး။

မဟုတ်က ဟုတ်ကတွေ

မဟုတ် မဟတ် လုပ်တတ်တာတွေနဲ့

ဟုတ်တာရော မဟုတ်တာရော

ရောရောချလိုက်တဲ့

ရောတောရှိ ရောတောရှိတွေ ရှိပါစေတော့

လိုက်လို့ကို မမီဘူး မှတ်တောင်ထားရဦးမယ်။ ။

မင်းသက်ဇဉ်

D%100

စိတ် %100

အရောင် အမှောင်

ရင် % 100

အနာအဆာ အရိအဆွေးများ

ကိုယ်အနှံ့ မန်းတတ် လူးလွန့်နေတာ

တုန်ခါ ငြီးငွေ့ဖွယ် အခန်းဆက် လောင်ကွင်းထဲ

နေထိုင်မှုရဲ့ အားလုံးကို မုန်းတယ်။ ။

ဆူးရင့်

ကလေးများရဲ့  အနာဂတ်နေ့ရက်များအတွက် ရည်ရွယ်တဲ့ ရာဟုလာကလေးရုပ်စုံမဂ္ဂဇင်း ၂၀၁၁ ခုနှစ်၊ သြဂုတ်လအတွင်း ထွက်ရှိမည်

၂၀၁၁ ခုနှစ်၊ သြဂုတ်လမှ စတင်ကာ ရာဟုလာ ကလေးရုပ်စုံမဂ္ဂဇင်းဟာ ကလေးငယ်များကြား လစဉ် ရောက်ရှိ လာတော့မှာ ဖြစ်ပါတယ်။ မဂ္ဂဇင်းရဲ့  အဓိက ဦးစားပေးစာမျက်နှာများဖြစ်တဲ့ ဗုဒ္ဓဘာသာ၊ သာသနာနဲ့ ပတ်သက် ပြီး ယနေ့ခေတ် ကလေးငယ်များသာမက လူကြီးများပါ သိသင့်သိထိုက်တဲ့ အကြောင်းအရာများ ပါဝင်တဲ့ ဘာသာ ရေး အခြေခံရုပ်ပြ၊ ဘုရားအလောင်းသိဒ္ဓတ္ထမင်းသားရဲ့ သားတော်ရာဟုလာအကြောင်းရုပ်ပြ၊ မြန်မာသူရဲကောင်းများအကြောင်းရုပ်ပြ စတဲ့ ရုပ်ပြတွေကို မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာနဲ့ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မိဘများသိထားသင့်တဲ့ ကလေးကျန်းမာရေးဆောင်းပါးကဏ္ဍ၊ ကလေးများအတွက် အသိအလိမ္မာ၊ သုတရသအပြည့်အ၀ပေးမယ့် ကလေးကဗျာ၊ အက္ခရာကဗျာ၊ ကလေးပုံပြင်ဝတ္ထု၊ Notes for kids ၊ ထူးဆန်းထွေလာတို့ကမ္ဘာ၊ ပဟေဠိ၊ တီထွင်ဖန်တီးအရုပ်လုပ်နည်း၊ ကလေးတို့အချင်းချင်း ချစ်ခင်ရင်းနှီးစေမယ့် Fan Club ၊ စွန့်စားဖွယ်ရာ ရုပ်ပြ၀င်္ကပါ၊ အစက်လေးတွေ ဆက်ဆွဲကြရအောင်၊ ဆေးရောင်လှလှခြယ်ရအောင်၊ လွယ်လွယ် ပုံဆွဲကြရအောင်၊ ပြိုင်ပွဲများနဲ့ ကလေးမော်ဒယ်လ်ကဏ္ဍ၊ ဆရာစံ- ဇာဏီဘိုရဲ့  ကလေးရာသီခွင်ကဏ္ဍ စတဲ့ ကဏ္ဍများအပြင် တခြားကဏ္ဍပေါင်းများစွာကိုလည်း မဂ္ဂဇင်းတစ်အုပ်လုံး စက္ကူချော၊ Size ကြီး ၊ လေးရောင် စာမျက်နှာများဖြင့် အရည်အသွေး အဆင်အပြင်ကောင်းကောင်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

စာမူပေးပို့လိုပါက

သို့၊

အယ်ဒီတာအဖွဲ့

ရာဟုလာကလေးရုပ်စုံမဂ္ဂဇင်း

အမှတ် ၄၀၈ ၊ ဗညားဒလလမ်း၊

ဗျိုင်းရေအိုးစင်ကွက်သစ်ရပ်ကွက်

တာမွေမြို့ နယ်၊ ရန်ကုန်မြို့ သို့ လိပ်မူပြီး ရေးသားပေးပို့နိုင်ပါတယ်။

ဖတ်ခွင့် မရှိတဲ့ ကဗျာ

ချည်နှောင်ပြီး အမိန့်ပေးလို့ မရတော့

စိတ်ဟာ အရိုင်းဆန်ဆန် လွမ်းတတ်ခဲ့တယ်

အနှောင့်အသွား မလွတ်တဲ့ သဘာဝတွေ ကွေ့ကောက်

သက်သက် အခွံသက်သက် လူစီးကြောင်းထဲ ဆွံ့အ

ကိန်းဂဏန်းမဲ့ ဖြစ်စဉ်အစိုင်အခဲက အသိတွေ ပိုပြီးလေးနက်လွန်းပါသတဲ့

ဘ၀လား ဘာကိုမှ မျှော်လင့်ခွင့်မရှိအောင် ထွန်းကားဆဲ

တစ်ဖက်က တစ်စုံတစ်ရာဟာ သိမ်မွေ့လွန်း နူးညံ့လွန်း မပွင့်လင်းလွန်း

ချစ်သူကို ရင်ကော့ပြီး ရင်ဆိုင်နေရတဲ့ ဇာတ်သိမ်းမှာ

ဧဒင်ဥယျာဉ်ကြီးအကြောင်း အသံမထွက်ဖြစ်အောင် နှုတ်ဆိတ်နေပါ

လိပ်ပြာသန့်ဖို့အတွက် စိတ်ပြာပြာကို အချက်ပေါင်းများစွာ ရိုက်နှက်ဆုံးမ မရ

တစ်ဖက်က တစ်စုံတစ်ယောက်ရဲ့ အစစအရာရာဟာ

တစ်ဖက် တစ်စုံတစ်ယောက်က အစ အဆုံးဖြစ်ချင်တဲ့ လေးနက်မှု

တစ်ဖက်က တစ်စုံတစ်ယောက်ရဲ့အခက်အခဲဟာ

တစ်ဖက် တစ်စုံယောက်က အစ အဆုံးရှုံးချင်တဲ့ ပေးဆပ်မှု

ကမ္ဘာတစ်ခုလုံးမျိုချပြီး အိပ်မက် မက်ချင်မက်မယ်

အစိမ်းရောင်မပါတဲ့ မီးပွိုင့်ပျက်တစ်ခုမှာ

တစ်စုံတစ်ရာ တစ်စုံတစ်ယောက်နဲ့ ထပ်တူ

ရပ်/တန့်/တိတ်/ဆိတ်သွားခဲ့

သိမ်မွေ့လွန်း နူးညံ့လွန်း မပြတ်သားလွန်းတဲ့

တစ်ဖက်က တစ်စုံတစ်ယောက် တစ်စုံတစ်ရာဆိုတာ

ဘယ်တော့မှ ဖတ်ခွင့်မရတဲ့ အဖြူရောင်ကဗျာတစ်ပုဒ်ရဲ့ ညှို့ငင်သောချစ်မေတ္တာအစစ်။ ။

ဆူးရင့်

Monday, June 20, 2011

မရူးလွင့်ရန် လေ

မရူးလွင့်ရန် လေ
လို့ နာမည်ပေးထားတဲ့ ကဗျာစာအုပ်လေးဟာ အခက်အခဲများစွားကြားက စာမူခွင့်ပြုချက်အမှတ်၊ မျက်နှာဖုံးခွင့်ပြုချက်အမှတ် အားလုံးရရှိပြီးဖြစ်တဲ့အတွက် အခုအချိန်မှာ ပုံနှိပ်စက်တင်ဖို့ စတင်ပြင်ဆင်နေပါပြီ။
စာမျက်နှာ(၂၀၀) ခန့်ပါရှိလိမ့်မယ် ထင်ပါတယ်။ ရေးသားကြတဲ့ ကဗျာဆရာတွေကတော့ မောင်မင်းစိုး ဆူးရင့် စိုးမင်းအောင် လင်းသဏ်ညီ ညိုပြာဝိုင်တို့ ဖြစ်ကြပါတယ်။ ကဗျာဆရာတစ်ဦးလျှင် ပုဒ်ရေ(၂၀)ခန့် ပါရှိမယ်လို့ ခန့်မှန်းထားပါတယ်။ အခုလမကုန်ခင် ထွက်ရှိနိုင်ဖို့ ကြိုးစားနေကြဆဲပါ။ ကဗျာစာအုပ်ရဲ့ တန်ဖိုးကိုတော့ အတိအကျ မသတ်မှတ်ရသေးတဲ့အတွက် နားလည်ပေးစေလိုပါတယ်။ ခေတ်နဲ့ ဘ၀ကို ထင်ဟပ်စေတဲ့ ခေတ်ပေါ် ကဗျာအများစုကို ဖတ်ရှုခံစားရမှာ ဖြစ်ပါတယ်။ တစ်ခုခု ကျန်ရစ်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။
ဆူးရင့်

အိပ်ရမှန်းမသိတဲ့ မျက်လုံးတွေ ရူးသွားပြီ လမင်း

၁။ ရင်ညှော်နံ့ရတယ်......

၂။ လောင်ရ ကျွမ်းရမယ့် မျက်ရည်မီးတောက် ပြာမှုန်တွေ

၃။ ဒီတနင်္ဂနွေဟာ ငါ့ကိုယ် နှစ်ပိုင်းခွဲမယ့် ဓားတစ်ချောင်းရဲ့ ပြကွက်အသစ်ပဲ

၎။ မိုးအစက်စက် ကြိတ်ခြေသွားတဲ့ ဘီး၊ ရိရိ ဆွေးဆွေး ရှင်သန်ရဦးမယ်

၅။ အမှောင်ကို သိပ်ကြောက်တယ်၊ မြက်ခင်းပြင်နဲ့ အရာရာဟာ လတ်တလော အမည်းအနက်

၆။ တနင်္ဂနွေတစ္ဆေ၊ ပခုံးပေါ် တစ်ခုထက်မက ထမ်းပိုးထားရတဲ့ လူ့အဖြစ်

၇။ အပြုံးမပျက်တဲ့ မျက်နှာနဲ့ အဆုတ်ထဲ တစစ်စစ်အောင့်တယ်

၈။ ဟိုေ ရာ က် ရ င် လိ မ် လိ မ် မာ မာ ေ န ေ နာ်

အိုး.... အ ရ မ်း ဆိုး မှာေ ပါ့

၉။ စိတ်လောင်ရှုမျှော်ခင်းထဲက တနင်္ဂနွေဟာ အင်္ဂါသားသမီးအတွက်

တကယ့် ပဋိပက္ခ ဘေးရန်လို့ ပြောချင်နေတာ တကယ်

၁၀။ AM:03:15: မိုးရေ ရွှဲနစ်နေတဲ့ ၀ရန်တာမှာ ထိုင်၊ မအေးစက် မအိပ်စက်နိုင်တာ

၁၁။ ဒါ ထင်မထားတဲ့ ပစ်မှတ်က ပြေးဝင်လာတဲ့ အသက်ခွင်း မြားတစ်ချောင်းလား

မဖြစ်နိုင်ဘူး မဟုတ်နိုင်ဘူး

၁၂။ လမင်းဒိုင်ယာရီမှာ ဒီကဗျာကို ထင်ထားတယ်

၁၃။ ပင့်ကူအန်တိမ်တိုက်မှာ ဒီကဗျာကို တင်ထားတယ်

၁၄။ ဆူးရင့် facebook မှာ ဒီကဗျာကို တင်ထားတယ်

၁၅။ ဒီတနင်္ဂနွေညရဲ့ ယာဉ်ထွက်ချိန်ခုနစ်နာရီ

၁၆။ ငိုရမယ့် အရွယ် မဟုတ်တော့ မရယ်နိုင်တာကို အားမရဘူး

၁၇။ အနေနီးသလိုလို ဝေးကွာခြားနားရတဲ့ အဖြေဆိုးများ

၁၈။ ဒီနေ့မှ ဒီလိုမရေးဖြစ်ရင် ဘယ်နေ့မှာ ဘယ်လိုရေးမလဲ

၁၉။ အမေ့ရဲ့မွေးနေ့မှာ.....အိပ်မက်တွေ အိပ်တန်းပျံပြီ တာ့တာ ငါရဲ့

။ ။

ဝိုင်ဝိုင်

19.6.2011

AM:04:00:00

* မှတ်ချက်။ ကဗျာစာသားတစ်ပိုဒ် ဖတ်ပြီးတိုင်း ကဗျာခေါင်းစဉ်ကို တစ်ခေါက် ပြန်ဖတ်ကြည့်လျှင်

ပို၍ အဆင်ပြေမည် ထင်ပါသည်။ ။

Monday, May 2, 2011

ရရနေတယ် သတိ လည်လည်နေတယ်

အသိတစ်ယောက်က လူကြုံနဲ့ မေးလိုက်တာ သူ့သတိရလား နေကောင်းလားဆိုရင် အရာရာအိုကေပါစေပေါ့ နေ့လယ်နှစ်နာရီမှာ အခုလိုနေပူကြီးမျိုးဆိုရင် အေးချမ်းပါစေပေါ့ ဆေးရုံလည်း ဆင်းနိုင်ပါစေပေါ့ကွာ ဘတ်စ်ကားကျပ်သလိုလား မြို့ပြမှာ ဘ၀ဆိုတာ အနေကျပ် အသေကျပ်ပဲကွာ ငါ့စိတ်တွေလည်း မွန်းကျပ်ကျပ် ကျပ်ငွေမရှိတဲ့ ဖြတ်သန်းမှုဟာ ချပ်ချပ်ရပ်ရပ် ကျဉ်းမြောင်းလို့ ခန္ဓာကိုယ်ဟာလည်း ကျသွားတယ် ကျကျပြီးရင်း ကျလို့ပေါ့ကွာ မျက်ကွင်းတွေလည်း ကျသွားတယ် လမ်းပေါ် ဖြတ်ပြေးနေကြတဲ့ လူအပူလှိုင်းတွေ ကျဖို့ ဘာလိုမလဲ လိုင်းကျသွားတယ် နေထိုင်မကောင်းလည်း ဖြစ်သွားတယ် အဆိပ်ရည်တွေ တမျှားမျှား နှလုံးသားပြီးရင် နှလုံးသားထဲမှာရော ဘာဖြစ်နိုင်သလဲ နောက်ထပ်ဘယ်လိုအဆိပ် တွေ့နိုင်သလဲ စိတ် စိတ်ကလည်း နည်းနည်းတော့ ပူပန်ပါတယ် ငိုမနေနဲ့ဆိုရင် မင်းမငိုနဲ့ပဲ ငါငိုမယ် ငိုခြင်းက အဆုတ်ကို အားကောင်းတယ် ဟေး ဟန်နီ အဆိုးမများနဲ့ဆိုရင်လည်း အဆိုးမများနဲ့ပဲ ဆိုးဆိုးဝါးဝါးအိပ်မက်မှာ ယောင်ယမ်းပြီး အော်ပြောမိတယ် အိုး အဆုတ်မှာ အမှားမှိုင်း မိုင်းတွေ ခွဲမပစ်နဲ့ သတိတစ်ချက်တစ်ချက် ခဏခဏတော့ ရပါတယ် ရရတာတွေ သတိလည်လည်သွားတယ် လည်နေတဲ့ ချားထဲမှာ ချား ချောက်ချားတာတွေ လန့်မိတာတွေ အိုး ဟိုး ချောက်ချားလန့်မိတာတွေ တစ်ယောက်တည်းဆိုရင်လည်း တစ်ယောက်တည်းပဲ ကိုယ်ခန္ဓာကွေးကောက်သွားအောင် ခံနိုင်ရည်တွေလည်း အကြောဆိုင်းသွားတယ် ပြေးထွက်တယ်ဆိုရင်လည်း ပြေးထွက်တာပဲ လွတ်လည်း မလွတ်တဲ့ နံရံတွေ မြို့ပြတွေ အကြောင်းအကြောင်းတွေ အဖြစ်အပျက် ဖြစ်ပျက်တာတွေ အိုင်းအနာကို အိုင်းအနာဖြစ်ဖူးမှသာ ခံရသိခဲ့ ကိုယ်မေးပါတယ် ကိုယ်ဘယ်လိုလဲ နေကောင်းလား မနက်ဖြန် လွတ်ကွဲမယ့် နေ့ရက်ထဲမှာလား သတိရလားဆိုရင် မင်းအရာရာ အိုကေပါစေပေါ့ သတိရရနေပါတယ် ရရနေတဲ့ သတိ လည်လည်သွားတယ် အခုသွားတယ် သတိရရမှုဆီ အလွယ်လမ်းက လည်လည်သွားတယ်။

ဆူးရင့် စိုးမင်းအောင်

Monday, January 17, 2011

အေ မ့ ဆီ မ ပို့ ဖြ စ် တဲ့ စာ တ စ်ေ စာ င်

အိပ်လို့ မရတဲ့ ရက်တစ်ပတ်ဟာ ပြန်ကွေ့ဝင်လာတယ်

ကဆုန်ပေါက်ထွက်ပေါ်လာတဲ့ ချောင်းဆိုးသံဟာ

ရင်ဘတ်ကို ဖြတ်ဖြတ်နင်းသွား… လည်ချောင်ကို ဖြတ်ဖြတ်နင်းသွား

သွေးစတွေ ရဲခနဲ့ အသက်ဓာတ်ကို နှုတ်ယူနေကြပြီ ။

တန့်ဆည်မှာ မိုးရွာလား အမေ

လောက ချွေးသီးချွေးပေါက်ဓားနဲ့ စိုရွှဲရင်း အအေးမိခဲ့ပါတယ်

ခန္ဓာဆီ ပြန်ကပ်ခွင့် မရှိတဲ့ ၀ိညာဉ်တစ်ကောင်လို

နေထိုင်မှုက မကျွတ်လွတ်လိုက်တာ အမေ

မိသားစု အသိုက်အမြုံဆီ ပြေးဝင်လာချင်ပေမယ့်

မီးလောင်ဒဏ်ရာ အဖုအပိန့်နဲ့ ပြေးပြေးလွှားလွှား ပြေးနေရဆဲပါ ။

ခွေးသေတစ်ကောင်ရဲ့ အပုတ်နံ့လို

သားရဲ့ သတင်းဟာ နံစော်နေလိမ့်မယ်

လောက်တရွရွ အနာဂတ်ဟာ ရေချိုးခန်း မ၀င်ဖြစ်ဘူး

တီရှပ်အင်္ကျီနဲ့ အ၀တ်အထည်တွေ

အခန်းကျဉ်းလေးထဲ ချဉ်စုတ်စုတ် အမှတ်အသားက မှိုပေါက်နေရဲ့ ။

လွန်ခဲ့တဲ့ နှစ်က အသက်နဲ့ လဲထားရတဲ့

စီးကရက်တွေ ပြန်သောက်နေတာအမေသိရင် ရင်ကျိုးမလား

ဆရာဝန်က ဖြတ်ဖို့ ပြောတိုင်း

ကျွန်တော်က အဆုတ်ကို မှိုင်းတိုက်နေတာ သေချင်လို့တဲ့ ။

ကိုယ့်ကိုယ်ကို ပြန်ရှာကြည့်တော့ တံခါးချပ်တွေ ပိတ်နေတာ

မျှော်လင့်ချက်နဲ့ လွဲချော်တာ၊ ခေါင်းမာတာ၊ ကန့်လန့်တိုက်တာ

ရွေးခြယ်ထားတဲ့ ကဗျာဆရာဘ၀ဟာ

ခဲဖျက် ကော်ရရှင်နယ်ပင်းလ် မလိုပါ၊ backspace/deleteနဲ့ ဖျက်ဖို့ မလိုပါ ။

မနက်ခင်းတွေ တစ်ရက်ပြီး တစ်ရက် ပွင့်ပွင့်လာတိုင်း

စာနာစိတ်တွေ ပိတ်ပိတ်သွားကြတဲ့ လူတွေကို

ကြောက်နေရတယ် ကြောက်ကြောက်နဲ့ နေနေရတယ်၊

ကြောက်နေတဲ့ စိတ်တွေ ရတယ်

မာခဲနေတဲ့ စိတ္တဇရင်ခုန်နှုန်းဟာ ဟိုအဝေးဆီ ရှည်ဝေးလို့ ဝေးသွားလိုက်

ဒီလူ ဒီမျက်နှာ ဒီအခြေအနေနဲ့ ရွာကို မပြန်ချင်သေးဘူးအမေရယ်

အစာအိမ်နံရံတွေ မကျွမ်းလောင်ဖို့ ပြေးလွှားရဦးမယ်

ကမ္ဘာကြီး ငြိမ်းချမ်းဖို့ တိုက်ပွဲဝင်ရဦးမယ် ။

တိုက်တာ ၀င်းခြံအကြောင်း၊ ဇိမ်ခံကား ဘဏ်စာအုပ်နဲ့ ဟမ်းဖုန်းအကြောင်း

အဲကွန်း တီဗွီ ရေခဲသေတ္တာနဲ့ ကွန်ပျူတာ အင်တာနက်အကြောင်း

မသီဆိုနိုင်တော့တဲ့ သီချင်းတွေပါ အမေရယ် ။

ပြန်ကောင်းလာမှာ မဟုတ်တော့တဲ့

အဆုတ်ထဲ ကာဗွန်ဒိုင်နောက်ဆိုက်၊

နီကိုတင်းအမျိုးပေါင်း နှစ်ဆယ်ကျော်၊ ဗာဂျီးနီးယား....

ဆက်တိုက် ရှိုက်သွင်းနေမိတဲ့ ငမိုက်သားတစ်ယောက်အတွက်

နာရေးသတင်းကို နားစွင့်ပေးပါဦး အမေ.......။ ။

ဆူးရင့်၊တန့်ဆည်၊


ပ င့် ကူ

ဒီနားလေး အထိ မရောက်ခင်

ရှေ့ရှေှးတုန်းက

ရှေ့

နောက်

ဘယ်..............................ညာ

.........အလယ်တည့်တည့်...........

ရင်ထဲက အမျှင်တွေ

တဖြည်းဖြည်း

တ ဖြည်း ဖြည်း

တ ဖြ ည်း ဖြ ည်း

တြ ဖ ည်းြ ဖ ည်း

တြ ဖ ည်းြ ဖ ည်း

တြ ဖ ည်းြ ဖ ည်း

ဖြတ်/ဖြတ် နင်း/သွား

ကော်ဖီခွက်ထဲ တစ်ညလုံး နစ်နေတယ်။

လမင်း

မင်း

တိမ်တိုက်ထဲက ထွက်/ထွက်ပြီး လင်း

ဟင်းလင်းပြင် ဟင်းလင်းပွင့်ထွက် သားဟင်း ငါးဟင်း ဟင်းသီး ဟင်းရွက်

ဟင်းးးးးးးးခနဲ့ သက်ပြင်းချသံ

ကြက်ဟင်းခါးသီး အရသာလို တဟင်းဟင်း ရယ်သံ

အတ္တာဟိ အတ္တနော နတ္ထိ

(ဗုဒ္ဓ)

အရင် ရှေးဦး အစ နိဒါန်း ပထမ

လမင်းက ဘယ်သူ ဘယ်ဝါ ဘယ်မှာ ဘယ်သို့ စာသား

ဗျည်း သရ ခဲယမ်း မီးကျောက် မိုင်းများ

လက်နက်ကိုင် ညနေခင်းရဲ့ စီးနင်းသိမ်းပိုက်မှု

ခံ

စား

ခံရခက်သူသာ စားသောက်နေရတဲ့ ဝေါဟာရှ

ဗိုက်ထဲမှာ အစာမရှိတော့ ရင်ခုန်/တုန်နေတာ

ခင်ဗျား.......................

.............................သူ

........ငါ ဘာကောင်လဲ......

ရိုးရိုးလေး အရူးရင့်နေတဲ့ ယင်ကောင်လား

ကောင်မလေးတစ်ယောက်ရဲ့ ကောင်းကင်လား

လမင်းလား

မင်းလား..................ငါလား

ရှုပ်ထွေးမှုသက်သက်လား

ရင်ထဲကအမျှင်တွေ

တဖြည်းဖြည်း

တ ဖြည်း ဖြည်း

တ ဖြည်း ဖြည်း

တြ ဖ ည်းြ ဖ ည်း

တြ ဖ ည်းြ ဖ ည်း

ဖြတ်

/ဖြတ်

နင်း/သွား

ကော်ဖီရောင် ညထဲ နစ်ဝင်သွားတဲ့ သူ

ပင့်ကူ ။ ။

ဆူးရင့်၊တန့်ဆည်၊

ပုံ တူ က ဗျာ

ရှုံ့သည် (ဖော်ရွေစွာ) နှာခေါင်းကို ရှုံ့ပြီး မျက်နှာကို မဲ့ရွဲ့ကာ တစ်ကိုယ်လုံး (ကွေးကွေးကောက်ကောက်) လိမ်ဖယ်နေမိသည် အိပ်မက်မက်တတ် (ခရီးသွားတာနဲ့ ကြုံလိုက်) မျက်ရည်ကျတတ် (တစ်နေရာကို ဘယ်နေရာကို ပြောတတ် ညွှန်တတ်) ပါသည်ဟု ချစ်ခြင်းဖြင့် ပြောသည် မသမာတာတွေနဲ့ (သာသာယာယာ အစစ်) အပေါင်းအသင်း မလုပ်ဘူးဟု ကျိန်တွယ်ဝံ့ပါသည် (သူ ဘာပြောလိုက်တာလဲ) တစ်ယောက်တည်း ရှိနေရင်း (ဂျစ် ဂျစ် ဂျစ် ဂျစ်) စကားပြောဖြစ်သည့်အခါ ပြောသည် (အပျက်အယွင်းများကို စိတ်နှင့် ဆတူ ရောနှောမွှေစပ်ထားသည်) ထိခိုက်ဒဏ်ရာရသမား (ဟမ်) ကိုယ်ဖြစ်နေပါပြီ (ပြည့်၊ ညို၊ လင်း၊ ဆူး၊ ကျေး…ဟေး) မင်းတို့မှာရော ဆေးဝါးရှိသလား အားလုံးဆိုးဝါးဆဲဆိုတော့ အမှောင်ဟင်းလင်းထဲမှာ (ဒယ်ဒီ မာမီ) ဘာမှ မရှိနှလုံးသားရှိမည် ထင်သည့် နေရာ လက်ညှိုးညွှန်ရင်း (စစ်) လက်ညှိုးကလေး ပြတ်ကျသွားသည် (ဘတ်လတ်) အရေပြား အသွေးအသားထဲကို (ဘေးကို၊ အရှေ့ကို၊ အနောက်ကို၊ တောင်ကို၊ မြောက်ကို) ကြည့်ကြစမ်း မျှော်လင့်ချက်ခမျာ (အချစ်) ဘယ်ကို မျက်နှာလှည့်ထားရမှန်းတောင် မသိ (အား…အူး…) ခေါင်းငိုက်စိုက်ထားခဲ့ရသည် (ကျိုးကျနေသယောင်ဟူသော မှတ်ထင်မှုကို ပစ်ပယ်သင့်သည်) ယခုပင် အရုဏ်ဟု ထင်ကာ အပြေးအလွှား သွားမိပြီး (မှောက်) အမှောင်ဆုံး အမှောင်ဖုံး ဖြစ်နေသည် အိပ်မက်ထဲမှာ ချစ်ပါတယ်ဟု ကြင်နာစွာ လက်ကို တွဲထားကြသည် တကယ့်ဘ၀မှာ သူစိမ်းဆန်ဆန် (သူတို့ စိမ်းကား ကားလွန်း) နေကြသည် အတ္တကို (တစ်စုံတစ်ရာကို) ကုတ်ကတ် (ကပ်သုံးပါး) အခိုင်အမာ ဖက်တွယ်ထားကြသည် တစ်စက္ကန့် တစ်ကြိမ် ကမ္ဘာကြီးကို ထကြည့် စမ်း (ထိုင်ကြည့် ရပ်ကြည့် မျိုးစုံကြည့်စမ်း) သူတစ်ခုခု ဖြစ်နေပြီ (ပျက်နေ ကြေနေ မွနေပြီ) မီးးးးးးးးးအလွန်ထိတ်လန့်နေသည် ကဗျာဖတ်မလား မေးလိုက်တော့ ဟင့်အင်း နိုး ဒဏ်ရာတွေနဲ့ဟု (ငြိမ်သက်) ခေါင်းခါ ငြင်းဆန်သည် သူနဲ့သာဆိုရင်ဟု သူပြောနေသည် (သူနဲ့သာဆိုရင် သီချင်းကို တီးတိုး ညည်းဆိုနေသည်) ဘယ်သူနဲ့လဲ ဆက်မေးတော့ အချစ်နဲ့ လကွယ်ပြီး ဖုံးပြီး ညမှာ ဝေးပြီ သေပြီဟု (ဝေးဝေး သေပြီဟု) ရေရွတ်ပြောနေသည် (လွတ် လွတ် လွတ် လွတ်) စီးကရက်ကို မျှဉ်းဖွာနေသည် (မီးကို သတ်ပစ်လိုက်သည်) သူ့ကမ္ဘာပုံတူ ရေးပြစမ်းပါဟု သူပြောနေသည် (အလကား) ကိုယ်ရေးဆွဲရာမှာ ကိုယ့်ပုံတူချည်း ဖြစ်နေသည် အကြမ်းပတမ်း တိုက်စားမှုများ မရှိတော့ရင် ပျော်ရွှင်ဖွယ်ရာ ပန်းများ ပွင့်နိုင်ပါသည်ဟု မျက်စိမှိတ်ပြီး (နိုး) ကိုယ်ယုံကြည်မိသည် ယခုသူ့ပုံတူက (စိုးမင်းအောင် သူရနီ ဆူးရင့် လင်းသဏ်ညီ ညိုပြာဝိုင် ဆူးခက်မင်း ကျေးတော်မျိုး ခိုင်ပြည့်စုံ မောနွေ စသဖြင့်) နှာခေါင်းကို ရှုံ့ မျက်နှာကို မဲ့ရွဲ့ကာ တစ်ကိုယ်လုံး လိမ်ဖယ်နေသည် ခါးသီးမှုတွေကို အောင့်အည်းပြီး (ဝေါ့) ဘယ်လိုမှ ဖျောက်ဖျက်ရေးလို့ ရမှာ မဟုတ်ပါဘူးဆိုကာ ကိုယ်လဲကျ ဆွေးကျသည် (သူ) လဲကျ ဆွေးကျသည် ဆွေးဆွေးလဲလဲကျနေသည်

ဆူးရင့် စိုးမင်းအောင်

၂၀၁၀၊ နိုဝင်ဘာ၊ ၁၉

၎ နာရီ ၂၃ မိနစ် အားလုံး ပြီးဆုံးသွားသည်

ရည်ညွှန်း။ ။ ရည်ရွယ်ချက် သို့မဟုတ် ဆုံးဖြတ်ချက်တစ်ခုကို ဖော်ပြရန်*

သာလွန်

မြန်မာ - အင်္ဂလိပ် အိတ်ဆောင်အဘိဓာန် စာမျက်နှာ ၈၈၀ မှ ။

သ တိ လ က် လွ တ် အ ခို က် အ တ န့် စိ တ် အေ ခြ အေ န ပြ နံ ပါ တ် စ ဉ် များ

၁။ တစ်ခုခုပဲ အချိန်မီ ပြန်မရောက်တာ တစ်ခုခု၊ ရုတ်တရက် နာကျင်ထိရှခြင်းဟာ တစ်ခုခု

၂။ စိုးရိမ်ထိတ်လန့်ဖွယ်ရာတွေကို တစ်ခုခုလို့ အော်ပြီး ပြောမိတယ် အဲဒါလည်း တစ်ခုခုပဲ

၃။ ကိုယ်နဲ့ အနီးဆုံး အမှောင်ထုအပေါ် အမှောင်တွေ လာပိတ်ဖုံးနေတယ်၊ ရာဇ၀င်၊ သမိုင်း၊

၎။ သတင်းအချက်အလက်၊ ဖိုင်တွဲများ၊ အသက်ရှင်မှု၊ ဆန်းဒေးတိမ်ပြာပြာနေ့တစ်နေ့ဟာ ပျော်ရွှင်ခြင်းများ ပျောက်ရှနေတယ်

၅။ တကယ် စည်းမျဉ်းတွေ ဘောင်တွေ နံရံတံတိုင်းတွေဟာ ကျမ်းစာအုပ်ထူထူကြီးထဲ တစ်ခုခုလို ပျင်းရိမွန်းကျပ်နေကြတယ်

၆။ ၀ိုး….ရန်ကုန်ကဗျာစာမျက်နှာမှ နွေးထွေးလှိုက်လှဲခြင်းအတိဖြင့် ဆက်လက်ရေးသားဖော်ပြနေပါတယ်

၇။ စက်ရုပ်တွေ လူသားဆန်လာသလို ခေတ်က မကောင်းဆိုးဝါးဆန်လာတယ်

၈။ လူသားတွေဟာ စက်ရုပ်ဆန်လာပြီး နည်းပညာနဲ့ လိင်ဆက်ဆံလာကြတယ် လိင် လိမ် လိမ်ယှက် မစစ်မမှန်

၉။ အစစ်အမှန် လူ့အဖွဲ့အစည်း အရေပြားအောက် စီးပွားရေး လု၊ စားဝတ်နေရေး ပညာရေး လု၊ လူဆိုတော့ ရသမျှ လု

၁၀။ သွေးကြောမျှင်တွေ ပျောက်ဆုံးပြီး ၀ါယာကြိုးမျှင်တွေသာ များမြောင်ရှုပ်ထွေးလာနေကြတယ်

၁၁။ ၀ိုး အန္တရာယ်ဆိုတာ အန္တရာယ်ရှိတဲ့ အန္တရာယ်ပဲ ဖြစ်ပါတယ်

၁၂။ သတိထားပါ၊ တိုင်ပင်ပါ၊ ညှိနှိုင်း ဆွေးနွေး ပြောဆိုပါ

၁၃။ ရင်ညွန့်က အစ စိတ်ညွန့်တစ်ခုလုံး ပုပ်ပွလာစေပါတယ်

၁၄။ နေမကောင်းဘူး ၀ူး…အောက်ပါ မေးခွန်းများကို ဖြေဆိုစရာ မလိုပါ

၁၅။ သူဘယ်လို နေသေးလဲ၊ ကောင်းကောင်းဆိုးဆိုး အခြေနဲ့ အနေ အမှိုက်အစအန တစ်ခုခုကို ငေးမောကြည့်ပါ

၁၆။ အဆွေးပေါင်ချိန်တွေ တက်လာနေတယ် မိုးနတ်မင်းရဲ့ ဒဏ်ခတ်ခြင်းလိုလို

၁၇။ စိတ္တဇခုန်နှုန်းလည်း မြင့်နေတယ် မြေနတ်မင်းရဲ့ အပြစ်ပေးခြင်းလား

၁၈။ နှလုံးသားဟောက်ပက်နဲ့ လဲကျနေတယ် ရေနတ်မင်းရဲ့ ရိုက်နှက်ဆုံးမခြင်းလား

၁၉။ အရမ်းနာကျင်တယ် သူယောင်အော်မိတဲ့ ရောင်ကိုင်းကိုင်း အသံနက်ကြီးကိုလည်း ထစမ်းမိတယ်

၂၀။ ရုတ်တရက်ပါပဲ တစ်ခုခုအတွက် တစ်ယောက်ယောက်ကို စောင့်နေသလား

၂၁။ တစ်ယောက်ယောက်အတွက် တစ်ခုခုကို မျှော်နေသလား မောပါတယ်

၂၂။ လောင်ကွင်းထဲ ပြာကျနေနိုင်လွန်းပါတယ်

၂၃။ အ အချစ် အအအ အချစ်ချစ် ထစ်ထစ် ထစ် ငေါ့ငေါ့ သူရေရွတ်မိပြန်တယ်

၂၄။ သူ့နှုတ်ခမ်းကို သူကိုက်တယ်

၂၅။ ထွက်လာနေတဲ့ သွေးတွေကို လက်ညှိုးနဲ့ သုတ်ယူပြီး ကမ္ဘာကြီးပုံ သူဆွဲတယ်

၂၆။ ကမ္ဘာကြီးလည်း ဒဏ်ရာနဲ့ ကဗျာလေးလည်း ဒဏ်ရာနဲ့ ချာချာလည်နေပြီ ချာချာလည်နေအောင် သူငိုတယ်

၂၇။ မျက်ရည်စက်တွေနဲ့ ကမ္ဘာကြီး ရွှဲနစ် အခုမျက်ရည်မြစ်ကြီးထဲ ကဗျာလှေကလေး မျောလည်နေတယ်

၂၈။ ဒဏ်ရာကို လက်သီးနဲ့ ထိုးပြီး ကြောက်ရွံ့မှုနဲ့ ချောက်ချားဖွယ်ရာတွေကို လျှော့ချပစ်မိတယ်

၂၉။ တစ်ခုခုပဲ၊ အဆက်မပြတ်_ထိ_ခိုက်_ နာ_ကျင်စေတာဟာလည်း လူ့အဖြစ်ရဲ့ တစ်ခုခုပဲ

၃၀။ သူသတိလက်လွတ်ပြောလိုက်မိတယ် ပိုက်ဆံမရှိတာလည်း တစ်ခုခုပဲ

၃၁။ သုံးဆယ့်တစ်ဘုံ သံသရာပြဇာတ်ရှည်ကြီးလည်း တစ်ခုခုပဲ

စိုးမင်းအောင် ဆူးရင့် ရေးသားနေပါတယ် ဆူးရင့် စိုးမင်းအောင် ရေးသားနေပါတယ်

ရေနဲ့ ညစ်ညမ်းတဲ့ အသား စိတ်ကို ဆေးနေပါတယ်

ဆေးချနေပါတယ်

ကျနေတဲ့ ဆေးကို ကဗျာအနှံ့ ပွတ်သုတ်မိတယ်

စိုးမင်းအောင် ဆူးရင့်

လ င်း သ ဏ် ညီ ဆူး ရ င့် စိုး မ င်းေ အာ င်

တပည့်တော် ပျောက်ဆုံး အကြောက်ဆုံး ဖြစ်နေရတာ ရှိတယ် မရောက်တဲ့ လမ်းတွေ ရှိတယ်

လျှောက် ခဲမလောက်ရတာတွေ ယိုဖိတ်နေတာတွေ

လှံတစ်ချောင်း ကိုယ်ပေါ် ထိုးစိုက်လာတဲ့ နေ့ရက်တွေက အစ

ပြည်အောင်း ပိတ်လှောင်နေတဲ့ စကားလုံး လောင်မြိုက်မှုတွေက အစ

အဆုံး ကဗျာ DOCUMENTRY ဗီဒီယိုရိုက်ကူးရေး ကမ္ဘာ ငါ့ကို ချစ်နေတယ် ပြော လိမ်လည်တဲ့ ကဗျာ

စကားပြေ ကျိုးကျိုးပြတ်ပြတ် ဒဏ်ရာ ကဗျာ ယုံကြည်လို့ ရတဲ့ သစ္စာလား သွေးစစ်ကြည့်

ပြီးတော့ မနက်အိပ်ရာအထ ခေါင်းကို ကြော့နေအောင် ဖြီးစမ်းပါ

မျက်ဝန်းထဲက အရည်များ ပန်းထွက်လာပြီး သေနတ် မပစ်နဲ့ ပြောကာ

စကြ၀ဠာအပြင်ဘက်ကို ထွက်ပြေး ပြေးထွက်မိပြီး အတွင်းမှာ တိုက်စား

လာနေတာ အကွက် အပွင့် အချိုင့် အ၀ှမ်း ချောက်တွေ

ချောက်ချောက်ချားချား ချားရဟတ် စီးကြည့်ပါလား

ဘီလူးဆိုင်းတီးရင် ဘီလူးက ကရုံ ယိုးဒယားတီးရင်

မင်းသားလို ၀တ် ထွက်ကရုံပေါ့ လည်မယ် အဟား

တကယ်တော့ သွားစမ်းပါကွာ အလကား အရာတွေ ၀င်လာတဲ့ ဒီတွေ

ဒေါင်း ဒေါင်း ဒုန်း

မျက်တောင်မခတ် မျက်လုံး ဖောက်ထုတ်ကြည့်ပါလား

ဘာမှန်းမသိတာတွေ မြင်နေ အတွင်းသား အပြင်သား ပေါင်သား အလယ်သား

အသားယူကြည့် လောက်ပေးပစ်လိုက်မယ် ဟုတ်တယ် ခေတ်က မင်းမြင်သလို ဟောင်းလောင်း

အခြေတွေကို မြင်ရတယ် ဟောင်းလောင်း အမြစ်တွေကို မြင်ရတယ်

လမ်းသရဲပဲ လမ်းဘေးက ……..ဟာတွေ

သေးမပေါက်ရ လေထဲ အမှိုက်မပစ်ရ လေထဲ ဖိနပ်မစီးရ

နေ့/ည လေရပြီ လေ တစ်နာရီ နှစ်ဆယ့်ခုနစ်မိုင်နှုန်း

COME ON နဲ့ COME ON - COME ON

ဒါက မပျံသန်းရ နယ်မြေ ကိုယ့်မြေပဲ ကိုယ်လှော်ချင် လှော်မယ်

ကိုယ်လျှောက်ချင်တဲ့ နေရာ လျှောက်မယ်

လမ်းသရဲပဲ ဘိုဟီးမီးယန်းပဲ လျှောက်ပစ်လိုက်မယ် ဂလောက်

လမ်းဆိုတာ လျှောက်ပစ်လိုက်ဖို့ လျှောက်ထားမယ်

ကိုယ်ရှာနေတယ် လွတ်လပ်လင်းပွင့်တဲ့ ကောင်းကင်

ဘိုဟီးမီးယန်းတစ်ယောက် ဆက်လျှောက်နေတယ် အိုကေလား အိုကေရင် COME ON

တောင်းပန်နေပါတယ်

အားလုံးကောင်းပါတယ်ခင်ဗျား

အလွန်ကျေးဇူးတင်ပါတယ် ထွီ

ကဗျာခေါင်းစဉ်။ ။

အချိုး အကွေ့များ စာသားဥယျာဉ်



သ စ္စာ တ ရား ဆီ ဖု န်း ဆ က် လို က် ရ င် အ နိ ဋ္ဌာ ရုံေ တွ ပြ ည့်ေ န တာ ပဲ

နေကလည်း ပြင်းတယ် စိတ်မှာ ဖြစ်တဲ့ ထိခိုက်မှုတွေကလည်း ပြင်းတယ် အရင်နေ့ကဆို အသက်ကိုတောင် မရှူဘဲ သေသလိုကို အောင့်ထားမိသေးတယ် ကမ္ဘာကြီးကလည်း အနိဋ္ဌာရုံတွေ ပြည့်နေတာပဲ မစိုးရိမ်ဖို့ မစိုးရိမ်ကျောင်းတိုက်ကို သွားရမယ် HELP ကူညီပါ ကျန်းမာရေးကိုလည်း ကျန်းမာဖို့ စောင့်ရှောက်ရဦးမယ် စိမ်းလန်းချင်တယ်ဆို စိမ်းလန်းစိုပြည်ကို လာခဲ့ ကဗျာတွေနဲ့ စောင့်နေတယ် အင်းလျားရေပြင်ကိုလား ကိုယ်ငေးနေတယ် အရှေ့ကို ရောင်နီလာရင် ကိုယ်ကြိုပါ့မယ် ကားအင်ဂျင်စက်သံတွေ ဟွန်း…မတီးရနယ်မြေထဲက ဟွန်းသံတွေ ကိုကို အရမ်းဆိုးတာပဲနော် သမီးကိုဆို အွန်လိုင်းပေါ်မှာ ညစ်ညမ်းစာသားတွေနဲ့ တအားဖက်ထားတယ် သိပ်မွန်းတာပဲ ကိုကိုပို့တဲ့ မဟုတ်တရုတ်မေးလ်တွေကိုလည်း ဖျက်ရဦးမယ် ဆိုနေတာက သီချင်းလိုလို ကမ္ဘာမကျေလိုလို အူအတက်ပေါက်တော့ အန္တရာယ်ရှိတယ် ပြောကြတယ် စိတ်အတက်ပေါက်တော့ ဘယ်လို နေရမလဲ လူကြမ်းကြီးတွေကိုလည်း ခွင့်လွှတ် လွှတ်စရာ ရှိတဲ့ ခွေးတွေကိုလည်း ခွင့်လွှတ်ရင်း ကိုယ့်ဘ၀ကိုယ်လည်း ခွင့်လွှတ်တတ်လာတယ် ဟုတ်တယ်နော် နာမည်ရှိတဲ့ BRAND တွေ တအား ဈေးကြီးတာပဲ ကလေးဘ၀ထဲက ဖြူစင်မှုတွေကိုလည်း ပြန်သတိရလိုက်သေးတယ် ဆက်ပြောစရာက ဆူး…ဆူးကလည်း ရင့် သူဆက်ပြောပါလိမ့်မယ်

မဖြစ်ညစ်ကျယ် သက်ရောက် အရှိတရားတွေ တန်ဖိုးကြီးတာက အစ သံသရာ အဆုံးမသတ်သေးသမျှ အရာတွေအကြောင်း ပြောပြ လက်တွေကို ရေရှင်ဆန်ဆန် စီးကြမယ် မျောကြမယ် ပြီးရင် ပုပ်သိုးနေတဲ့ ညနက်တွေ အူနေတာလည်း ငိုသံတစ်မျိုးပဲ ခွေးတွေ အူသလို အူအူ ငိုခဲ့ကြရတဲ့ မျက်ရည်တစ္ဆေအစစ်တွေ ကြောက်နေရပါတယ် ကျောက်ဆောင်ပေါ် အိပ်ရင်း ဖုတ်သွင်းရထားကို ကျောက်ကန်ဖို့ မျှော်မယ် မျှော်တော်ယောင် ဘ၀က စောင့်နေမယ် ဂုဏ်သရေမဲ့ အသိုက်ပျက် ၀ပ်ကျင်းမှာ ကျဉ်းမြောင်းတဲ့ သဘာဝပတ်ဝန်းကျင်မှာ ငေးနေမယ် ဘာသာစကားဆိုတာလည်း နောက်ဆုံးတော့ ဘာသာစကားဆီ သွားရုံသက်သက်ပဲ ကိုယ်တို့က ခံစားမှုဆီ အရောက်သွားချင်တယ် ခဲမလောက် နောက်..ပြောစရာ ရှိသေလား အတည်ပြောချင်လည်း ပြော အောင်ရင်ငြိမ်းဆီ ဖုန်းဆက်တယ် ဟယ်လို…

သစ္စာတရားဆီ ဖုန်းဆက်လိုက်ရင် အိမ်မှာ မရှိဘူးဆိုတာချည်းပဲ အသက် ၃၈ နှစ်ပြည့်မှ ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်ကို ချစ်မိတယ် ခင်ဗျားရော ချစ်ဖူးသလား ကိုယ်ဟာ နတ်မိစ္ဆာ ဘုရားသခင်ကို ဆန့်ကျင်ရဲတယ် ချစ်ခြင်းမေတ္တာကို မလွန်ဆန်နိုင်ဘူး အခုတလော စိတ်ထဲမှာ အပျောက်အရှ အရမ်းများတာပဲ များနေတယ် ဘယ်ဘ၀ရောက်ရောက် ချစ်မေတ္တာကို ယုံကြည်တယ် အချစ်မှာ လိင်ကိစ္စ ပါ မပါ ကိုယ့်ကို လာမမေးနဲ့ သူ့နာမည်နဲ့ ပန်းပင်လေးတစ်ပင် စိုက်ထားတယ် ကိုယ်သေသွားရင်တောင် နောက်ဘ၀မှာ ပန်း-ပွင့်လာမှာပဲ ကိုယ်ဒီလို ခံစားသိရတာတွေ ပန်းထွက်လာတယ် ရဲရဲပြောတော့ နည်းပညာကိုလည်း ဆန့်ကျင်မယ် သွေးသားဝိုင်ယာညှော်နံ့ တွေဟာ ဆိုးပါတယ် ၂၄ နာရီ မေ့မရ လိင်စိတ်ကြွချိန်မှာ မင်းကို မေ့ထားပါတယ် ခင်ဗျားပြောချင်သလို သူလာနေပြီ သူရနီမှာလည်း ပြောချင်တာတွေ ရှိပါလိမ့်မယ်

သူ မပြောဘဲ နှုတ်ဆွံ့ကာ တော်ပါပြီကွာတဲ့ လှဲအိပ်နေတယ် လဲနေတယ် အာရုံထဲ ခေတ်/ ဘ၀တစ်ခုလုံး လဲပြိုနေသလို သူ လဲနေတယ် နေတယ် နေနေပါတယ် အားလုံးရဲ့ ဝေးဝေးမှာ နေပါတယ်

အောင်ရင်ငြိမ်း ဆူးရင့် စိုးမင်းအောင်

၂၀၁၀၊ နိုဝင်ဘာ၊ ၂၈

နေ့လယ် ၁ နာရီ ၀၂ မိနစ်။

မ စ ဉ်း စား နဲ့ မ င်း နဲ့ ဘာ ဆို င် လဲ

ကွန်ပျူတာ ဟတ်ဒစ်ခ်က ငရဲပြည်အထိ ကြွသွားတယ် ကဗျာရေးဖြစ်လား မေးသူရှိတိုင်း မရေးဖြစ်တဲ့ အကြောင်း သောင်းပြောင်းထွေလာ….ငို စ ရာ ဟ ဟာ ဟား သွားပြန်ပြီ မင်းတို့ ပြောပြောနေတဲ့ မုဒ(mood) ပျောက်သွားတယ် ဒီနေရာ ခဏရပ် ခဏငေး ခဏပြန် ရေးဖြစ်ကြောင်း ပြောရင်း ရင်တမမ မရင် မ၊ မမ ဒါ ရယ်စရာလား ဒါ တီးလုံးတိုက်နေတာ မဟုတ်ဘူး စိုးမင်းအောင်က နာကျင်စိတ္တဇနဲ့ ချစ်မေတ္တာအကြောင်း ပြောတယ် ခံစားမှုနဲ့ သွားနေတဲ့ ခရီးတစ်ခုအကြောင်း ပြဿနာပဲ ပြဿဒါးပဲ ပြက္ခဒိန်အဟောင်းတွေပဲ လိုင်းကား မစီးတတ်တဲ့ အညာသားက ရန်ကုန်ရောက်ရင် ၀က်ပျောက်တယ်…ဘာညာ (အာပလာတွေချည်း) သဘောပါရဲ့လား ပရိသတ်……….. ၀က် ရေ င၀ိုင်း ဒိုးပြား အာရကေ ချူး မန်းနီး ငွေ..သောကပဲ သေမင်းနှင့် ရောင်းရင်းများ ဘုရားဖူးယာဉ် ယဉ်ယဉ်ပြုံး ယာဉ်အမီ ပြန်လာပါ ရှိသမျှ ရောင်းပြီး ရင်းခဲ့ရတဲ့ ယာဉ် အဲ ဟိုဟာ အ၀ှါ ဟိုဒင်း ဘာသာတရားအစစ်အမှန် ယဉ်ကျေးခြင်း အဲ ဟိုဟာ အ၀ှါ ဟိုဒင်း ကုန်ကျစရိတ် ပမာဏ ဘီလီယံ …အဲအဲ ဟိုဟာ အ၀ှါ ဟိုဒင်း ဟိုကိစ္စကိုလေ မစဉ်းစားနဲ့ မင်းနဲ့ ဘာဆိုင်လဲ ဘာပတ်သက်လဲ အဲ ဟိုဟာ အ၀ှါ ဟိုဒင်း ဿစ်စ အစ်စ အေ ဘုတ်ခThis is a book အကြောင်း ဂွတ်ထ ဂွတ်ထ Good အကြောင်း ထားပါတော့ ရုပ်နာမ်သေအောင် ရေနံသုတ်နေရတဲ့ အကြောင်း လူတွေ နတ်တွေ ဗြဟ္မာတွေ အနိစ္စ အနိစ္စ အနိပ်ကလေးတွေ စ၊ စ ဓ ဗ ၀ အင်းအိုင်လက်ဖွဲ့ အကြောင်း ကိုရီးယားက ဂျူမုန်ဆိုတဲ့ အကောင်အကြောင်း နာလန်ထဆိုတော့ ခံတွင်း မကောင်းဘူး ခေါက်ဆွဲကြော်လေး စားမလား (ဟင့်အင်) ကြေးအိုး ဆီချက်ခေါက်ဆွဲ ရှမ်းရော (ဟင့်အင်) နန်းကြီးသုပ်နဲ့ မုန့်ဟင်းခါး (ဟင့်အင်) ဘာစားချင်လဲ ပြောလေ (ဟင့်အင်) မသာကြီး အကုန်ဟင့်အင်ချည်းပဲသွား အခန်းထဲက စောင့်နေ ကျွန်မ ထမင်းအိုးငှဲ့ပြီး လာခဲ့မယ် စသဖြင့် နောက်ထပ် မငြင်းဆန်တော့ဘဲ ငြိမ်သက်လက်ခံသွားတဲ့ အကြောင်း ကြီးကြီးလား သေးသေးလား ကြီးကြီးသေးသေးလား ချာတိတ်လေးတစ် ယောက် ညောင်နာနာအသံအကြောင်း ဟုတ်တယ်လေ…ကိုယ်တို့က ဆယ်ယူနေသလို တစ်ခါတစ်ခါ သွန်ပစ်တတ်တဲ့ လူစား လူတွေက ဘီလူး အပြာဆန်တယ် ဟုတ်လား သူတော်စင်တွေက လူဆန်လာတယ် ဟုတ်လား ဘာတဲ့ ဘီလူးတွေက သူတော်စင်ယောင်ဆောင်မလား ခေတ်၊ ခစ်ခနဲ ရယ်ရင်း မောရင်း ငိုက်နေ အိပ်နေသူကို နှိုး နိုး စောစောထ သွားတိုက် မျက်နှာသစ် အစာစား ကျောင်းသွား ကျောင်းပြန် မိဘကူ ကစား ရေချိုး ညစာစား စာကြည့် ကဗျာရေး အိပ်ရာဝင် စောစောထ ပေယျာလ သံသရာလည်ရင်း ကဗျာဖတ် အိပ်ရာဝင်။ ။

ဆူးရင့်၊တန့်ဆည်၊

Sunday, January 16, 2011

ဘာ ဒီ ဇ င် ဘာ

မကြင်နာရင် အနားမကပ်နဲ့ အဝေးဆုံး အနီးဆုံးက ချစ်မေတ္တာကို လက်ခံလိုက်ပါ ဒီဇင်ဘာ

ဘာ အငြိုးကြောင့်ပဲဖြစ်ဖြစ် အမုန်းဆွဲ အဆိုးများစွာ များစွာကို ရပ်ပစ်လိုက်ပါ ဘာ.....

စကားလုံးတွေနဲ့ဖြစ်ဖြစ် အပျင်းပြေ ဖျစ်ဖျစ်မြည် ရန်ဖြစ်ကြမယ် ဘာ......

ဘယ်လို ချစ်ခြင်းတရားက စစ်မှန်ပြီး ဘယ်လိုက ဘယ်မှာ မှားယွင်းကြေမွနေလဲ ဘာ......

ဘာ ....အိပ်ရာထက် တွန့်ကြေဆဲ အမှန်တရားဘက်က အမှန်မြင်အောင် ကြည့်ပေးပါ ဘာ.....

တိမ်တွေရဲ့အရောင်ဟာ ကောင်းကင်ရဲ့ရောင်ဟာ ချစ်မေတ္တာနဲ့ သက်ဆိုင်သလား ဘာ....

ပြာမှုန်တွေ ထနေတယ်လို့ ပြေးရင်း ဆွေးနေတယ်လို့ ငါ့ကို မြန်မြန်နမ်းပါ ဒီဇင်ဘာ

ဒီလကုန်ရင် နယူယီးယားလို့ အော်တဲ့သူတွေကို ကြည့်

ပြီးရင် လက်ခုပ်တီးပြီး ငြင်းဆန်ကြတာပေါ့ ဘာ......

ဘာ....ဘာပြောရမလဲလို့ တစ်ခါတစ်ခါ ဖြစ်ရပါတယ် ဘာ....

ဘယ်သွားရမလဲလို့ တစ်ခါတစ်ခါ ဖြစ်ရပါတယ် ဘာ.....

ရိုးရိုးသားသားလွတ်နေတဲ့ ပေါ်ပင်ခေတ်ရဲ့ ဖြစ်စဉ်တွေပေါ့ ဘာ.....

ဘာ.....ဘယ်သူနဲ့ ရှိနေတာလဲ ကွိုင်ပဲ လောင်ရပါတယ် ဘာ......

ဒီဇင်ဘာ နှင်းမလာတော့ဘူးရယ်လို့ ဘာဒီဇင်ဘာ ရင်ခုန်ရပ်ရပါတယ်လို့

ဘာ... ဘာပြောတယ်

မင်းဘာဖြစ်နေတာလဲ ပြောစမ်းပါ ဘာ....လဲကျတိုင်း ပြန်ထဖြစ်အောင် အားရှိစမ်းပါ ဘာ.....

ဘာလီကျွန်းမှာ ဘာသစ်သီးတွေ ပေါများနေလဲ ဘာ...သိလား ဘာဒီဇင်ဘာ

ဘာ ဆိုမာလီပင်လယ်ဓားပြ ဘာ...ဘာတွေ စားနေရတာလဲလို့

ငါပြောမယ် အာရုံစားနေရပါသည်ပေါ့ ဒီဇင်ဘာ

မခေါ်ပဲ ရောက်လာခဲ့သည်ပေါ့ ဒီဇင်ဘာ

ဘာ.... ဒီဇင်ဘာ ဖုန်းဆက်တယ်…ကိုယ်နဲ့ စိတ်နဲ့ မတွေ့ဘူး ဟုတ်လား ဘာ....

လက်ကို ဆွဲထားစမ်း ခေါင်းကို မော့ထားစမ်း ဘယ်ကမ်းပါးကို ထိုးကျနေရတာလဲလို့

ရင်ကို ပြေးဖွင့်ကြည့်စမ်း သွေးစက်တွေ တွေ့ရင် ဘုရားသခင်ကို မြည်တမ်းကြမယ် ဘာ......

အဖြူရောင်ကို သတိတရ ရှိနေဆဲပါလို့ လမ်းကြုံရင် ၀င်ပြောပေးပါ ဘာဒီဇင်ဘာ

လူငယ်အမှတ်တံဆိပ် ရမ်းကားခါးပတ်ခေါင်းတွေကို ကိုယ်ချွတ်ခဲ့ စွန့်ခဲ့ပြီးပါပြီလို့

စီးကရက်တွေ ဖြတ်လိုက်ပါပြီလို့ အကျင့်ဆိုးကိုတွေ လွင့်ပစ်လိုက်ပါပြီလို့

တိရစ္ဆာန်ဆိုရင်တောင် ယဉ်ကျေးသော တိရစ္ဆာန်ဟာ ကိုယ်ပါလို့

ဘာ....ဘာလို့ လက်ညှိုးတွေကို ဆွဲကွေးပစ်ရတာလဲ မင်းပြောစမ်းပါ ဘာဒီဇင်ဘာ

နာကျင်မှုဟာ အမှန်တကယ် နာကျင်နေပါပြီ လေတယ် ဘာဒီဇင်ဘာ

ဆံပင်ရှည်ရှည်တွေကို ကြိုးကျစ်ပြီး ကိုယ်လည်ပင်းကိုယ် စွပ်တတ်ခဲ့ပါပြီလို့

လူ့အဖွဲ့အစည်းအတွင်း လောင်ကျွမ်းနေရသလားပေါ့ ဒီဇင်ဘာ

ကိုယ်ခေါင်းငုံ့ထားပြီး ခေါင်းကို ငုံ့ထားပါတယ် ဘာဒီဇင်ဘာ

ဘာ ဒီဇင်ဘာမှန်းမသိတဲ့ ဘာဒီဇင်ဘာအကြောင်း

မကြင်နာရင် အနားမကပ်နဲ့ပေါ့ ဒီဇင်ဘာ

ဘာ.....ဘဘဘဘဘ ဘာပြောလိုက်တယ်

ဘာမှ မသိတော့ဘူး ဘာ......

ဒီ ဇ င် ဘာ

စိုးမင်းအောင် ဆူးရင့်

၂၀၁၀၊ ဒီဇင်ဘာ၊ ၁ ရက်။

Friday, January 7, 2011

ရသလောက် ရေးခြစ်ဖို့ အိပ်မက်ကို ရေရောထားတယ်

မြွေဖမ်းတယ်ဆိုတာ ပြဿနာရှာခြင်း ဒီမြွေကောင်က ရေပဲသောက်တဲ့ မြွေပဲ မြေပဲ မစားဘူး

ရိုးရိုးသားသား အရိုးနဲ့ အသားအစအနလေး ရှိတယ်

ဆုံတွေ့မှု သက်ရောက်တရားဟာ ရသလောက် ရေးခြစ်ဖို့ ရသလောက်လေးပဲ

ဆောက်လုပ်ရေးပစ္စည်းတွေက တကယ်တော့ လူသားဘ၀အတွက် သိပ်အသုံးမ၀င်လှပါဘူး

လာ သွားမယ် ငရဲကို နိဗ္ဗာန်ကို ဇွဲရှိရှိ ရောက်တတ်ရာရာ

တွေး

ငေးရင်း သွေးပေါင်ကျတယ် ၀င်းဒိုးကျတယ် စိတ်ဓာတ်ကျတယ်

ကျစရာမရှိတဲ့ အဆုံး ၀ါကျတစ်ကြောင်းအရ ၀က်တစ်ကောင် ပြုတ်ကျသွားလို့ပဲဖြစ်ဖြစ်

ဖြစ်တာကို ခံနေရလို့ပဲ ဖြစ်ဖြစ် မြင်သမျှ တွေ့သမျှ ဖျစ်ဖျစ်မြည်အောင် ကြေကွဲလို့

နာကျင်ကြိုးစတွေလည်း ရသလောက်ပဲ

သားစားသတ္တ၀ါဟာ အသက်အရွယ် ကြီးပြင်းလာပါပြီ

ထိုကိစ္စကို သင့်အား ကျွန်ုပ်နှင့်အတူ သတိပေးကြေငြာအပ်ပါသည်

ထို့ကြောင့် ကျွန်ုပ်တွင် အပြစ်မရှိ ပစ်ထားခံနေရမှာလား

မှားလား

ရှေ့အချိုးအကွေ့ဟာ မီးခိုးပဲ တိမ်တိုက်ထဲ လေထဲ လေလွင့်လို့ တိုက်ဆောက်နေရသလို

ကျဆုံးမှုအားလုံး ရသလောက် ရေးခြစ်ဖို့ အသက်ဓာတ်ငွေ့ငွေ့လေးထဲ အသည်းဟာ

ချောက်ခန်းနေပါပြီ သဲထဲရေသွန်လိုက်သလို ချောက်ချောက်ခန်းခန်း ဖြစ်နေပါပြီ

ရေရောရင် သက်တောင့်သက်သာ ရှိတယ်လို့ သင် ယူဆထင်မြင်မိပါသလား

လူတစ်ယောက်အတွက် ငွေလိုတယ် ရေလိုတယ် ရသလောက် ရေးခြစ်နေတယ်

ဒါသံသရာ သံပုရာသီးစားရတာထက် ချဉ်ဖို့ကောင်းတယ်

သွားလေသူများနောက်သို့ ကျွန်တော် လွယ်လွယ်ကူကူ မလိုက်လိုပါ

ကျွန်တော်သွားလိုသော အရပ် မေတ္တာတရားတွေ မရှိ အချစ်အမုန်း ကင်းမဲ့ဇုန်

နွေးထွေးငြိမ်းချမ်း အေးမြစေမယ့် နေရာ တစ်နေရာ

တွေး

ရောက်ဖြစ်တဲ့ စနေဥယျာဉ်မှာ အင်တာနက်ကဖီးမှာ ရှိမလား လားလားမှ မရှိမလား

ညည အိပ်မပျော်တဲ့အခါ ငယ်ငယ်က ကလေးဘ၀နဲ့အတူ မိသားစု

စုစုပြီးဖွဲ့ထားတဲ့ မိသားစု သတိတရတွေ သတိပေးနေတာ

တွေး

အေးစက်သလို ဟန်ဆောင်ခဲ့ပြီးမှ အသိုက်ပျက်ခဲ့ရတယ်

ပျက်ပျက်ယွင်းယွင်း ရသလောက် ရခဲ့တယ်

ဆောင်းဥတုထဲ တိုးဝင်လာတိုင်း နှင်းတွေ အရင်ကထက် ပိုကျလာတာပဲ အဖတ်တင်တယ်

အသက်တစ်နှစ် ကြီးလာပြန်ပြီ

အိုလာ မင်းလာ ရင့်လာ ဆွေးလာတဲ့ အသက်ဓာတ်နဲ့

ခေတ်တစ်လုံး ငြင်းဆန်ရင်း ရသလောက်တော ရေးခြစ်သွားရမှာပဲ

ရူးသွားလိမ့်မယ်

ရှူး

အသံနက်ကြီးထဲ အသံက နက်လွန်းတယ် မမြင်ရဘူး

ရှေ့မှာ စာနာမှုမဲ့ နတ်ဆိုးတွေ ရှိမယ်

ကြင်နာမှုနဲ့ တွဲခေါ်မယ့် လက်တွေ ရှိမယ်

ငါ့လက်ထဲ ဘာတွေ ရှိမလဲ

လေပြင်းပြင်းတိုက်ရင် ကိုယ်ဟာ အသာလေး ၀ပ်နေရတယ်

လေနိမ့်နိမ့်ပြင်းလာတော့ ကိုယ်ဟာ ပိပြားသွားတယ် ယုံလား

ယုံလို့ မွေးလာတဲ့ ဂဏန်းတွေ ထွက်မလားဘူး

အလို သူမက နှစ်ချောင်းလည်း ကစားတတ်ပြန်တယ်

ရန်ကုန်ဟာ မွေးဖို့ မလွယ်ဘူး သေဖို့ခက်တယ်

ကုပ်/တ်အင်္ကျီ မရှိတော့ ကုပ်/တ်ကုပ်/တ်လေး နေနေရတယ်

ကုပ်/တ်စရာဟာလည်း ယားလို့မှ ယားစရာတောင် ရှာမတွေ့တော့ဘူး

ဟိုမှာ ကြည့်စမ်း ကုပ်/တ်ကုပ်/တ် ကလေးကွေးနေတဲ့

နို့မပြတ်သေးတဲ့ ခွေးပေါက်စနလေးတွေ

ဘယ်သူကိုယ်ချင်းစာမှာလဲ

ဒီနှစ်ထဲက ဒီဇင်ဘာဟာ

နောက်ဆုံးမှာ မွေးလာတဲ့ ခွေးလေခွေးလွင့် တစ်ကောင်ဖြစ်တယ်

နာနာဘာဝဟာ ခင်ဗျားတို့အတွက် ကြောက်စရာပါ

ခွေးဟောင်တိုင်း ထပြေးနေရတဲ့ ဘ၀ကို

ခွေးတစ်ကောင်ထက် လူတစ်ယောက် လူတစ်ယောက်ထက် ခွေးတစ်ကောင်

တစ်နဲ့တစ် ပေါင်းပြီး နှစ်မဖြစ်လိုက်ကြဘူး

ဗူးသီးမှ အရီးတော်ချင်တဲ့ နာနာဘာဝတွေအတွက်

ဖရုံသီးစေ ဗူးသီးစေ စေတစ်လုံးပဲ

ရင်ဘတ်မှာ သော့တန်းလန်း ချထားတယ်

သမရိုးကျ မဆန်ဘူး မျက်လှည့်မဆန်ဘူး ဒါပေမယ့် လုံးဝမယုံကြည်ရဘူး

လိပ်ပြာ သင်လိုရာသို့ သင်ပျံသန်းသွားပါတော့ သင့်အား လွတ်လပ်မှုပေးလိုက်သည်

free

စိတ်တွန်းအား ရသလောက်နဲ့ ကိုယ်တို့ ရေးခြစ်ခဲ့သလို

စိတ်တွန်းအား ရသလောက်နဲ့ ခင်ဗျားဖတ်ခဲ့တယ်

စိတ်တွန်းအား ရသလောက်နဲ့ တစ်စုံတစ်ရာကို ctrl + c … ctrl + v လုပ်မယ်

စိတ်တွန်းအား ရသလောက်နဲ့ like thit လုပ်မယ်

စိတ်တွန်းအား ရသလောက်နဲ့ ဘာသာစကား တစ်ခုခုနဲ့ comment ပေးမယ်

free ပဲ feel

ငါအတောင်တွေ ညောင်းလို့ ရေထဲထိုးကျသွားတယ်

လိပ်ပြာ ငါခေါ်နေတယ် လိပ်ပြာ ဟလို လိပ်ပြာ လိပ်ပြာ ကြားလား ကြားလား

ငါခေါ်နေတယ် လိပ်ပြာ လိပ်ပြာ လိပ်ပြာ ကြားလား

ကြားရင် တိုးတိုးလေး ပြန်ပြောပါ

ဟလို ဟလို ဟလို

စူဠလိပ်နဲ့ စကားပြောဖြစ်တယ်

ကျွန်တော်သင်္ဘောမှောက်သွားတာ ဘယ်ဘ၀ ရောက်နေပြီလဲ

ရသလောက် ရေးခြစ်ဖို့ အိပ်မက်ကို ရေရောထားတယ်

ဆူးရင့် မင်းသက်ဇဉ်

၁၉ ၁၂ ၂၀၁၀

လေထဲ ၀ဲဝဲနေတဲ့ တိမ်

ဝရင် ၀ဲလိုက် ၀ဲရင် ၀လိုက်ကြတော့ပေါ့

ဟော့ ဟော့ ဟော့ ဝေနေလား လေထဲ ၀ဲဝဲနေတဲ့တိမ်

ဝေးဝေးနေ ၀င်မရှုပ်နဲ့ ၀၀စား

သေသွားမယ်

ကမ္ဘာဟာ အမိုက်တိုက်

အမှိုက်

ဗူး

ဟူး ဟူး ဟူး

တိုက်နေတဲ့လေ အားအားယားယား မဟုတ်ဘူး

ကားဟား ကားကားယားယား ထိုးထွက်လာ

ကားတစ်ခု လိုနေတာ ကားတစ်စင်း တည်နေတာ

တည်နေရာဟာ အတည်တကျဆိုရင် ဆိုလို့ရတယ်

ဆိုကြပါစို့ မဟုတ်သလိုလို ဟုတ်သလိုလို ရှိရှိ

မဟုတ်သော် ရှိ ဟုတ်သော်ရှိ လိုနေတာ လိုလိုနေတာ

ဟုတ်စရာလား နေစရာလား ရာရာစစ

ရသလောက် လိုလိုမယ်မယ် ရှိမယ် ရှိမယ်

ရောက်တယ် ရောက်တယ်

ယားယံမှု အရိုးရင့် ရိုးရိုးသားသား

ယဉ်ကျေးစွာ ပြောဆိုဆက်ဆံ တတ်မှုက

အစစ အရာရာ ရာထားတာ

ယားစရာတွေကိုသာ ကုပ်လိုက်ပါတော့

ကျွတ်ကျွတ်ကျဲကျဲ ပြုတ်ကျသွားရင်

ဂွတ်ထ ဂွတ်ထ ထထကြွကြွ လွတ်ကျသွားရင်

ဟထားရင် ဖြဲကြ ပြဲကြ ပါးစပ်ကြီးနဲ့

ကြီးကြီးမားမားဆို တကယ်တော့ အကြီးကြီး

ကျီးကန်းတွေရဲ့ မနက်ခင်း မရောက်ခင်မှာတောင် ကြီး

သွားပြီ ကြီးကြီးရေ….တာ့တာ

ကြီးမှတော့ လန်လန်ထွက်နေတာ

လန်ထွက်ပျံသန်းနေတာ အလံထောင်လို့ မရတာ

နှုတ်ခမ်းဟာ ရွဲ့ရွဲ့ စုတ်ပဲ့နေလို့

ပေါ့လို့ ပေါ့လို့ ပေါ့ပေါ့နေကြတာပေါ့

အိုး လန့်တယ် လန်လို့ လန့်တာလား လှလို့ လန့်နေတာလား

လမင်းကို ခွဲခွာရမျှ ငိုနေရုံပေါ့

ငိုနေကြတော့ ငုံးထားတာ အငုံးလေးကို

အထာတွေ အစာတွေ မကြွေးနဲ့

စာတွေဖတ်ရင် အစာတွေ အူတောင်တတ်တယ်

ခဏခဏ အစာတွေပေါက်

ခဏခဏပေါ့ တကယ်တော့ တကယ့်ခဏလေး

ကိုယ်အနာက လွန်တယ် လွန်လွန်းကဲလွန်းသဲလွန်းတယ်

နံရံကို လက်သီးနဲ့ ထိုးတတ်မိတာက အစပေါ့

ပေါ့ပေါ့ပါးပါးပဲ လွန့် လွန် လူး လူးလို့ခေါက်ပြန်

နောက်ကို

နံရံကို နံရံကို နံရံကို နံရံကို နံရံထဲကို ပိတ်လှောင်ထား

နံရံပေါ်က ခံစားမှုကို ခွါတယ်

ဘာသာစကားကို ခွါတယ်

အခြေအနေပေါ့ ခြေမရှိ လက်မရှိ နေမရှိ

အစားမရှိ ဖိန့်ဖိန့်တွေ ရှိန်းရှိန်းတွေ တွေးတွေးတွေ ပူပူတွေ

အေးအေးတွေ အေးရာအေးကြောင်း နို့အေးချောင်း

ပူရာပူကြောင်း ပူစီပေါင်းပေါ့

အေး/ဆေး/ပေါ့

ပေါ့ဆိမ့်တစ်ခွက် ကျဆိမ့်တစ်ခွက် မှာ / ပြီးရင်

ပေါ့ပေါ့ကျကျ ရယ်မောခြင်းနဲ့ ခေတ်ကို ရယ်မောရမလား

ဖလန်းဖလန်းပေါ့ အားမလို အားမရ ဖြစ်နေတာပေါ့

ရွနေတာ ပိုးဟပ်တွေ တတ်တတ်နေလို့

လိုနေလို့ အိုးးးးး မဖြစ်သေးပါဘူး

တကယ်တော့ မဖြစ်လောက်ပါဘူး

ရုပ်/တ် ရုပ်/တ် ယုန်မွေးတွေရဲ့ အသားထဲ ထိုးဝင်နေကြတာ

အယုတ်တွေ အရုပ်တွေ ခေါင်းကကြိုးကို ဆွဲတိုင်း

ခေါင်းလှုပ်ပြတတ်တဲ့ အယုတ်တွေ အရုပ်တွေ

လက်ကကြိုးကို ဆွဲတိုင်း

လက်လှုပ်ပြတတ်တဲ့ အယုတ်တွေ အရုပ်တွေ

ကြိုးတွေစနစ်တကျ ဆွဲတိုင်း

မြောက်ကြွမြောက်ကြွ ကပြမယ့် အယုတ်တွေ အရုပ်တွေ

A-ယုတ်တွေ A-ရုပ်တွေ

ဟုတ်ကဲ့ ယုန်မွေးတွေရဲ့ ထိပ်ဖျားဆီ

အေးဆေး ဟုတ်ကဲ့ အခု လာခဲ့မယ်။ ။

ဆူးရင့် မင်းသက်ဇဉ်

1.1.2011

ဒါက မင်းသက်ဇဉ်ရဲ့ တောင်းဆိုမှုကြောင့် ရေးဖြစ်သွားတာပါ

ဗျာ

ကဗျာ မဟုတ်ဘူးလား

ရတယ်

စာသားတွေ စကားလုံးတွေ စကားစုတွေ သက်သက်ပဲ ထားပါတော့။ ။

ယိုယွင်း စံတော်ချိန်

မင်းဖြဲနေရင်/ပြဲနေရင်

ဆွံ့အခြင်းဘက်က ကိုယ်ဝမ်းနည်းနေမယ်

မလိုအပ်ရင် ဆွေးသွားတာတွေကိုလည်း ရှင်းထုတ်

ကိုယ်ခေါင်းလည်း ငုံ့ထားတယ်

နာကျင်လောင်မြိုက်မှု အချိုးအကွေ့ဆီ

တွားသွား သတ္တ၀ါတွေလို တိုးဝင်လို့ သွားလိုက်

ငိုသံ အဆုံးထိ အက်ကွဲပါးလွှာနေခိုက်

မနေ့ကလည်း နေဟာ ၀င်သွားတယ်

ဒီနေ့နဲ့ မနက်ဖန်လည်း နေဟာ ၀င်သွားမယ်

တကယ်ဆို တကယ် ဟုတ်တယ် ဟုတ်

ကိုယ့်ပေါက်ပြဲထားတဲ့ ဘက်ကိုလည်း ပြုပြင်ဖာထေးထားချင်တယ်

လိုနေရင် အဆုံးမရှိတော့ဘူး လိုတယ် ဟုတ်

စိတ်တောက်စားမှု ဖရိုဖရဲ ဖြစ်စဉ်တွေ

ထိ-ရှ-ပွန်း-ပဲ့ အပျက်အယွင်းများ

ကစဥ့်ကလျား ပြေးလွှားနေရတဲ့ နှစ်သစ်

မပြေပြစ်တဲ့ ရာသီမှာ မလိုတဲ့ ပန်းတွေ ဖြိုင်ဖြိုင်ပွင့်လို့

လိုအပ်ချက်ဟာ မိုးအဆုံး မြေအဆုံး

ရှင်ဟာလေ ရှင်ဟာ

ဟုတ်ပါတယ် တကယ့်ကို ကိုယ်ဟာ ကဗျာပါ

ဘာလုပ်ခြင်းသည် ကျန်းမားရေးကို ဆိုးရွားစွာ ထိခိုက်စေပါသည်လိုမျိုး

သတိပေးစာတန်းတော့ ထိုးမထားဘူးပေါ့

အဖျားတော့ တက်နေတာပေါ့

ဒါပေမဲ့ ကမ်းခြေကို လှိုင်းပြေးကပ်တယ်ဆိုတာဟာ ပြန်လည်ထွက်ခွာသွားဖို့ကိုပါ

ကိုယ့်နားကပ်လာတဲ့ ဒဏ်ရာဆိုတာကတော့

ပြန်လည်ထွက်ခွာမသွားတော့ဘဲ တွယ်ကပ်နေတာပေါ့

တကယ်တော့ တကယ်ဆိုရင်

ပုံပိခဲ့တဲ့ လူ့အဖြစ်အပျက်

သုံးပြီးသား စွန့်ပစ်ထားတဲ့ တစ်သျှူး စက္ကူစလောက်တော့ မလိုချင်ဘူးပေါ့ကွာ

မင်းလည်း ထိခိုက်စေမယ်ဆိုရင် ငြင်းဆန်မယ် ဟုတ်

မချိုတဲ့ အခါးတွေ

မင်းမသုံးတဲ့ အကောင်းစား အဆိပ်တွေ

သေချာစွန့်ပစ်ပါ ဟုတ်

ပြောနေတာက ဘာတွေ ဖြစ်သွားသလဲဆိုတာပေါ့ကွာ

ဘာတွေ ဖြစ်သွားသလဲဆိုတော့

အနာမကျက်ဘူးဆိုပါတော့

ရှင်က အဲဒါပဲ သတ္တိမရှိဘူး

ဘာလို့ ကျွန်မခေါင်းထဲ ပြေးပြေးဝင်လာတာလဲ

ရှင်နဲ့ ကျွန်မ က အ ရ င် လို အ ခြေ မျိုး မ ဟု တ်ေ တာ့ ဘူး သိ လား

သံယောဇဉ်နဲ့ ချုပ်နှောင်ထားတဲ့ စာချုပ်တွေ

နားလည်မှု ………..နဲ့ ……ယိုင်သွားလား

ပြောပါ

မင်းဆက်ပြောစရာ ရှိရင် ဆက်လက်ပြောပါ

ဖတ်နေသူကိုသာ တည့်တည့်ကြည့်ပြီးပြောပါတော့

ကိုယ့်ကဗျာ ဒီမှာ အဆုံးသတ်သွားခဲ့ပါပြီ။

သည်ကဗျာနှင့် ပတ်သက်၍ လိုအပ်ပါက သင်အစားထိုး အသုံးပြုနိုင်သော အရန်သင့် စကားလုံးများ

၁။ ဘ၀၊ လွတ်လပ်မှု၊ စိတ်၊ ရှင်သန်ခြင်း၊ သေဆုံးမှု၊ အနာ၊ ပျောက်ကွယ်စက်၊ မသမာမှု၊ ဆိုးဆေး၊ လိင်၊ ညဆိုး၊ အိပ်မက်၊ အရိုင်းဆန်မှု။

၂။ အချစ်၊ နွေးထွေးမှု၊ အနည်ထိုင်ခြင်း၊ အမှုန်အမွှား၊ ပြဿနာ၊ သတိရမှု၊ ခုံ၊ လက်ဆောင်၊ ပန်း၊ ခွဲခွာမှု၊ ရင်ပြင်၊ နံရံ၊ အဖုအထစ်။

၃။ ငွေကြေး၊ ကြွယ်ဝချို့တဲ့မှု့၊ အခက်အခဲ၊ လမ်း၊ မှတ်တိုင်၊ စား-၀တ်-နေရေး-ကျန်းမာရေး၊ အကောက်ခွန်၊ လူမှုရေး၊ သင်တန်း။

၎။ စစ်၊ အနိဋ္ဌာရုံ၊ သွေးစက်၊ မိသားစုပြိုကွဲခြင်း၊ တော-တောင်၊ အကြမ်းဖက်မှု၊ အာဏာ၊ အကွေ့၊ စနစ်ဆိုး၊ ငိုသံ၊ တိတ်ဆိတ်မှု။ ဒေသ။

၅။ အခြား သင့်စိတ်ကြိုက် အသုံးပြုလိုသော အက္ခရာ၊ စကားလုံးများ၊ ၀ါကျများ၊ ဘာသာစကားများ။

ဆူးရင့် စိုးမင်းအောင်

2. 1. 2011 နံနက်ခင်းကြယ်စင်စု ကဗျာပြပွဲမှ ရွှေတိဂုံကုန်းတော်သို့၊ ထိုမှ အပြန် ဆူးရင့် စိုးမင်းအောင်

လူ့အဖွဲ့အစည်း ကမ္ဘာ မသေချာသော နေ့စွဲများစသဖြင့် စိတ်အခြေအနေ ပြိုပျက် ပူးပေါင်း ရေးသားခဲ့သည်။ ။

LinkWithin

Related Posts with Thumbnails