Monday, November 26, 2012

ငါ့ပြည် ငါပြန်မယ်



ဘ၀နဲ့အမျှ
မတူညီသော နေ့တစ်ခုလို အေးမြလို့နေတယ်
နေရာလေးတစ်ခုမှာလို တကယ်လို့များ ရောက်ရှိခဲ့ရင်
ရည်မှန်း၍ ခံစားလို့ရရင်
အဲဒါကိုပဲ သိရှိခဲ့ရင်
ပန်းအသစ်လေးနဲ့ ပန်းအိုးလေးရယ်
ထွက်ခွာသွားသူ ဒါမှမဟုတ် အဲဒီလက်အစုံလေးကို သိလိုပါတယ်
မြင်နေရမှုထဲမှာ ချန်နေခဲ့ခြင်းတွေက လှပလွန်းတော့
ငါတစ်ပါးထဲပါပဲ
မစိုမခြောက်ရေလေးနဲ့ ပန်းတင်ခုံလေးကို ငေးလို့
နေ့တစ်ခုထဲမှာ အသစ်တွေ့ရှိချက်တွေ
ဒါလဲ မထူးဆန်းတော့ပါဘူး
တစ်နေ့တော့ အိန္ဒိယကို ပြန်လာပါလို့ ပြောရင်
ငိုကြွေးမြည်တမ်းနေသူက *မြလေးပန်းလေးနဲ့
ကျောင်းတော်မှာ သစ်ရွက်တွေလည်း ကြွေလို့ကြွေတိုင်း
ငါ့မှာ သင်္ကန်းတွေလည်း ပျောက်ခဲ့၊ သပိတ်တွေလည်း မှောက်ခဲ့ပေါ့
အရှင်အာနန္ဒာ ဘယ်နားမှာ ဆိုတာပဲ
သိလိုပါတယ်။

မင်းဆက်
*မြလေးပန်း = သုမန

Wednesday, October 10, 2012

သိတယ်မို့လား သံသရာလေ ရပ်တန့်မနေဘူး

ကြားခံမလိုတော့ ဆက်စပ်စိတ်က ကိုယ့်ညံ့ဖျင်းမှုနဲ့ ကိုယ် 
မရပ်မနား ဆက်တိုက် လည်ပတ်လွှင့်ထုတ်လို့
အမှု အကြောင်းအရာ နေရာ ဒေသ အချိန် 
လူအမျိုးမျိုး နတ်အမျိုးမျိုး အဖုံဖုံ အစုံစုံ အလင်လင် လင်း/မှောင်လို့
ဆက်တိုက်ကြီး ဆက်တိုက်ပဲ မရပ်မနား လည်ပတ် လွှင့်ထုတ်နေကြတယ် လူသား
နံနက် နေ့ ည နာရီ မိနစ် စက္ကန့်မခြား မရပ်မနား ဆက်တိုက် လွှင့်/ထုတ်
လောဘရောဂါ ဓား၊ လောဘရောဂါ သေနတ်၊ လောဘရောဂါ လက်နက်
အာသ၀ သြဃ ယောဂ ဂန္ထ ဥပါဒါန် နီဝရဏ အနုသယ သံယောဇဉ် ကိလေသာ
တုတ် ဓား သေနတ် လက်နက် နျူ အနုမြူ အသက်ချွေ မစ်ဇိုင်းတွေ အဓိက
အကြောင်းပြချက် စာရွက်တွေ စာချုပ်တွေ စကားလုံးတွေ အဆိပ်တွေ စိတ်တွေနဲ့
မရပ်မနား ဆက်တိုက် လည်ပတ် လွှင့်ထုတ်နေကြတယ်
ရွေ့ရွေ့လျားလျား လွင့်နေ ၀ဲနေ အလျဉ်ရှည်လျားနေကြတယ်
အပြီးသတ် မဆုံးချုပ်နိုင်တဲ့ ဘ၀၊ ဘ၀အသစ် အဟောင်း၊ အဟောင်း အသစ်
အကွေး အဖြောင့် စက်ဝိုင်း ဘဲဥ ဒေါင့်အမျိုးမျိုး အဖုံဖုံ အစုံစုံ
မွေးဖွား ရှင်သန် ရုန်းကန် ကူးခတ် သေဆုံး မွေးဖွား ရှင်သန် ရုန်းကန် ကူးခတ် သေဆုံး မွေးဖွား
ရှင်သန် ရုန်းကန် ကူးခတ် သေဆုံး မွေးဖွား ရှင်သန် ရုန်းကန် ကူးခတ် သေဆုံး မွေးဖွား……….
…………………………………………………………………………………………………………များစွာ
သွေးစက် သွေးအိုင် ခြေပြတ် လက်ပြတ် အနာ ဒဏ်ရာ ဒုက္ခိတ ထိ ရှ ပွန်း ပဲ့
လူသေအလောင်း ကျည်ဆန် ယမ်းနံ့ ဆေးဝါ ဖရိုဖရဲ ဆိုးဝါး ဖြစ်စဉ် စစ်/ စစ်/ စစ်/
စစ်/ စစ်/ စစ်/ စစ်/ စစ်/ စစ်/ စစ်/ စစ်/ စစ်/ စစ်/ စစ်/ စစ်/ စစ်/ စစ်/ စစ်/
အမျိုးသားရေး စစ်၊ ဘာသာရေး စစ်၊ နယ်ချဲ့ စစ်၊  ကမ္ဘာ စစ်
မသိစိတ်မှာ မြင်ရတဲ့ သွေးပျက်ဖွယ် မြင်ကွင်း မြင်ကြည့်ပါ မြင်ကြည့်ကြပါ
လိုချင်မှု ခက်ထန်မှု အမှန်တရားဖုံးလွှမ်းမှု သွေးငတ်နေတဲ့ မကောင်းဆိုးဝါးပဲ
မြန်မာဟာ ယဉ်ကျေးသော ဘာသာတရားရဲ့ အရိပ်မှာ လူသားဆန်ချင်ပါတယ်
စစ်ပွဲတွေ ရပ်ပါ၊ အကြမ်းဖက်မှုတွေ ရပ်ပါ၊ အစွန်းရောက်မှုတွေ ရပ်ပါ
အော်သံတွေ အဟောသိကံအဖြစ် ပျောက်ကွယ် မသွားရပါလို၏ မြတ်စွာ
ကိုယ်ဟာ ပုထုဇဉ်ပါ၊ 
ကိုယ်ဟာ အန္ဓ အကန်း အမိုက်ပါ ကိုယ့်စိတ်ဟာ ပုထုဇဉ်ဆန်တယ်
ကိုယ်စိတ်ဟာ အကန်းအမိုက်ဆန်တယ် 
သည်းခံခြင်းကိုလည်း အတိုင်းအတာနဲ့ လည်ပတ်တတ်ပါတယ်
ကိုယ်ဟာ အသွေးနဲ့ အသားနဲ့ ရုပ်နဲ့ နာမ်နဲ့ 
ကိုယ့်အမှောင်အမည်းဟာ သိမှု မြင်မှုစွမ်းအင်ကို ပိတ်ဆို့ထားပါတယ်
ကြည်လင်ပြတ်သားခြင်းေ၀၀ါးရှုပ်ထွေးခြင်း ပဋိသန္ဓေ ဘ၀င် ၀ီထိ စုတိ
များစွာ များစွာ ယန္တရားဟာ လှည်းဘီးလို စက်ဘီးလို ကားဘီလို
ေ ခြ း သြ ာ း စိ ပ္ ေ တြ လို
အစမရှိ အဆုံးမရှိ မရပ်မနား ဆက်တိုက် လည်ပတ် လွှင့်ထုတ်နေကြတယ်
ဆက်တိုက်ကြီး ဆက်တိုက်ပဲ လူသား။ ။

ဆူးရင့်

Wednesday, October 3, 2012

စကားထာ

လတ်တလော ခံစား ရှုမြင်မှုက သွေးပျက်ဖွယ် အသေ
ပန်းတိုင်ဆီ ရောက်ချင်လား မေးတော့ ငါ့အတွက် နိုးပဲ
လည်ပတ်နေတဲ့ ယန္တရားဟာ ဖူးစာ ဦးရာ မူးမူးလာ
ကဗျာတွေဆီ ပေါ်ပင် ရွေ့လျားလာတတ်တဲ့ ခေတ်မီမှု
အဟတ် ဟတ်
ဦးနှောက် အပူချိန်ရဲ့ အရှိန်
စာမျက်နှာ အက်ကွဲသွားနိုင်ကြောင်း သိပါ
ငိုသံအပြည့် သယ်ဆောင်လာတဲ့ အမှောင်ကား ပစ္စုပ္ပန်တည့်တည့်
ဝတ်ဆင်သည် စားသောက်သည် တွန့်ကြေသွားကြသည်
မျက်ဝန်းထဲက ကုန်ဆုံးသွားတဲ့ အရည်တွေဟာ ရလဒ်ပဲ
အနုပညာ စိတ်ကြိုက် ဖန်တီးလို့ ရတယ်
စိတ်ကြိုက် ဖျက်စီးပစ်တဲ့ ပြကွက်တွေလည်း အနုပညာပဲ
ဂွတ်
မင်းမသိသေးတဲ့ ရောင်စုံစကားလုံးတွေ
မင်းမသိသေးတဲ့အတိုင်း ထိန်းထားမယ်
သိမ်းထားတဲ့ နေရာက တစ်လက္မ မရွေ့စေရဘူး
အဓိပ္ပာယ် မရှိဘူး ပြောလာရင်လည်း ခွင့်လွှတ်ပြီးသားပါ
လိုင်းပေါ်က အကောက်အကွေ့တွေအတွက် မိသားစုဆန်ရမယ်
ပြင်ဆင်ခွင့် မရလိုက်တဲ့ နံပါတ်စဉ် ဇီးရိုး ဇီးရိုး
အနက်ရောင် အခင်းအကျင်းက တစတစ တိတ်ဆိတ်သွားတယ်
အပြိုအပျက်ထဲက တံခါးများ ပွင့်ပွင့်လာတယ်
Name နေရာမှာ sueyint လို့ ရိုက်ထည့်လိုက်တယ်။ ။

ဆူးရင့်

Sunday, September 23, 2012

ဒါကြောင့် ငါ့ကို ညလို့ခေါ်တယ်

စံသွေပြဿနာ ရိုက်ချက်….သင်္ခန်းစာ 2012 အမှတ် 000001
အသေအချာ အပ်ကြောင်းထပ် စကားလုံးမိုင်း သားကောင် ချစ်လှစွာသော ကိုကဗျာထံ
ညက်ညက်ကြေ အံဝှက်ခွေးသွားစိပ် ဘေဒအကျိုးအပျက် ခြ (အင်းဆက်) မဖွယ်မရာ သတိရစွာဖြင့်
ခွေးကိုက်ခံ အရိုးအသား အမည်မည်း ရုပ်တရားများ လှဲတင် စာရေးလိုက်ပါတယ်
ည အပျက်အပျက် အပျိုရည်အပျက်အပျက် နှာခေါင်း သွေးမထွက်ပဲ မင်းနေကောင်းရဲ့လား
အာ…ခေါင်...ခြောက်…တယ်။
အရှင်ဥတ္တမကျော် ရန်ကုန်သွား မြို့လားလင်္ကာ စသဖြင့် ရှိခဲ့ရင် သမိုင်းပိုလှလိမ့်မယ် 
အုတ်ကျင်းအရပ်ဆီက ထာဝရ ခိုင်
ကြားခံ တပ်လှန့် တံလျှပ် ဘီးများ ကျွီ ကျွီ ကျွီ မိတ္တူရပြီ
စိတ်ကူးယဉ်မိတာလေးအတွက် လူမိုက်လုပ်မယ်ဆိုရင် လက်ခလယ်ကို ထောင်တတ်ရမယ်
ကိုယ်အရှင် လိင်ပြန်ရင် ဆပ်သွားဖူးတို့ တစ်ရုံ နှစ်ရုံ တော်ပြီကွာ ဂက်စ်ထည့်သည်
ဒီအတိုင်းပစ်ထားတော့မလား Questionဥပါဒ်အတွက် Answerဥပါဒ်ရောက်ပါမယ် 
ကျေးတွေ အုံစေ မြိုင်မြိုင်ဆိုင် ဝေလျှက်
ငါ့ကိုသာ ဒုက္ခပေးပါ၊ ညကို မနှိပ်စက်ပါနဲ့။ ၀ှီးဝှီး ရွှစ် ….ဂေါက်ငေးကြောင်ကျ 
သွေးစက်ဟာ ကြမ်းပြင်ရဲ့ မိတ်ဆွေစိမ်း
အို ကဗျာလောကကြီးငဲ့
ဘေဒ သီအိုရီ တက္ကနစ် အစ်ဇင် အဟိုင်း(ချောင်းဟန့်သံ သက်သက်) လူဝေ လူဝါးဝသမား လူလည် ညှော်တစ်ရာတိတိ အာဂုံဆောင်ထားခဲ့တယ်။ 
တပိုတပါးကိစ္စများအတွက် ဥယျာဉ်တော် တည်ဆောက်ခန်းပေါ့
စည်း/ ကြိုးဝိုင်းမှာ နဲ့နဲ့ယိုင်လဲကျ၊ ဆွဲ…ဆရာရေ….သင်္ချုံင်းမှတ်တိုင်အထိ လိုက်ရင် တင်မယ်။
မှန်တွေချည်း လက်လက်တောက် အ အက္ခရာတစ်လုံး အဖုံးအတွင်းပါခဲ့ရင် အမှန်အကန် ကားတစ်စီး ကံစမ်းမဲ
သွေးသားယားယံမှု စိတ်လေထိုးရုပ် ပွေး ၀ဲစို ၀ဲခြောက် ရော့ ငါ့စိတ်ကို ဖွင့်ဖို့ သော့
နည်းနည်းပဲ ပွင်အာလာသေးတဲ့ လူ့အခွင့်အရေး၊ အဘ အသည်းအသန်ဖြစ် ငြိမ်းချမ်းရေး အမြန်လာ၊
လမ်း အရောင်းအဆင်းမဲ့ မတော်တဆ အက်ဆီးဒင့်
ရကောက်ကို ၀ဆွဲတတ်ရုံလောက်နဲ့ ရွှေဖြစ်မယ်ထင်ရင် နားကို အပေါက်ဖေါက် စောင့်ကြည့်
ရွ ရွ ရွ ရွ ရွ ရွ ရွ ရွ ရွ ရွ ရွ ရွ ရွ ရွ နုပြီး ရွနေ ကြွနေ လှနေတဲ့ သဒ္ဒါရုံအသံလွှင့်ဌာန
2003 အွန်ပေပါပေါ်က ကဗျာ ကိုယ့်ဆိတ်သုဉ်းမှုပါ၊ 2006 အွန်လိုင်းပေါ်က ကဗျာ ကိုယ့်လေဟာနယ်ပါ
လက်ကျန်ဆွေးဆွေး ငွေ့ငွေ့လေး မထိသေးဘူး၊ ဆဲလိုက် ကဗျာ မရှိ၊ ကဗျာဆရာ မရှိ၊
ချချနင်းခံလိုက်ရတဲ့ စကားတစ်လုံးဟာ နိုင်ငံရေး နိုင်ငံရေး ရို့ ရို့ အာဟ အာဟ
အဆင့်အတန်းမရှိ အိမ်သာထဲ ဆေးလိပ်သောက်ချင်သူတွေ၊
မမ ဒီ၊ မမ မို၊ မမ က၊ မမ ရေ၊ မမ စီ၊
ငိုက်သူနှိုး လှုပ်လှုပ်ယမ်းခါနေတာ ညှောင် ညှောင် ညှောင်
အမဲသားထဲက အဆိပ်၊ ၀က်သားထဲက အဆိပ်၊ မဆလာထဲက အဆိပ်
ရခိုင်၊ လက်ပတောင်း၊ ပေကုန်း...အတွင်းချမ်း ချမ်းပြီး ဖျားတယ် ဒေါက်တာ။
မျက်လုံးကို ဆွဲမှတ် ထိုးသွင်း မော့သောက်
များသွားတယ် အသစ်အသစ်ငှက်ဖျား၊ ဟူးဟူးတွေ ထွက်ကျလာပြီ..ဟဲဟဲ ဟီးဟီး ဟားဟားများ ရပ်တန့်ပါ။
ညီမလေး အေးအေးဆွေရေ…ညီလေး ထွန်းဝင်းရေ…ရန်ကုန်၊ ဘုရားဖူး၊ ဒေသန္တရ၊ ဗဟုသုတ ငါညံ့ဖျင်းလှချေရဲ့
မပြေလည်မှုနဲ့ ငိုချုပ်ခဲ့ရတဲ့ တိတ်တဆိတ်များစွာ၊ D.ငွေကြေးအခက်အခဲ၊ D.ဒီပရက်ရှင်၊ D.လမင်း မွေးနေ့ အညွတ်
အမျှ အမျှ အမျှ၊ ရေအောက် အမှောင် အော့အန်သံများ၊ ဆူးရင့် ဆူးရင့် ဆူးရင့် ဆူးရင့် ဆူးရင့်
အော်/လက်ခုပ်/လက်နက်=သံများ သွေဖည်အကျီးတန်ရတယ်။ D.နုနု အခြေအနေမှာ မရပ်သေးသော စစ်ပွဲနဲ့ သေမှုသေခင်း၊ မတရားဖိနှိပ်မှု၊ တရားစွဲဆိုခြင်း၊ ဖက်ရှင်ဒီဇိုင်း၊ ရေကြီးမှု များများလာတယ်။
ညကို ကြောက်လို့ ပြေးနေတယ်၊
မရှိတဲ့ကဗျာကို မရေးဖြစ်သေးဘူး လမင်း၊ မရှိတဲ့ ထမင်းကို မစားဖြစ်သေးဘူး လမင်း၊
မရှိတဲ့ စကားကို မပြောဖြစ်သေးဘူး လမင်း၊ မရှိတဲ့ အာရုံငါးပါးကို လိုချင်မိပါတယ်။
ေ၀၀ါး လူးလှိမ့် သက်ပြင်းချ အမိုက်တိုက်ထဲ။

ဆူးရင့်
Saturday.september 15
1:24 AM

Thursday, September 6, 2012

09 .....ဆက်သွယ်မှု ဧရိယာအတွင်း

73023366=သိမ်သိမ်မွေ့မွေ့ပဲ သက်စောင့်ဓားကို သွေးနေတယ်
73131185=ဝေဖန်မှု ခေါင်းစဉ်အောက် ခွန်အားမဲ့ သီချင်းကို နားမထောင်ချင်ဘူး 73069365=အင်္ဂါဂြိုဟ်ရဲ့ အမြီးဖွားဖွားမှာ မျှော်လင့်ချက်က ရိရိဆွေးလို့
73131328=နေရောင်ခြည်ဟာ လူသားစံနှုန်းရဲ့ ရောဂါပိုးကို သတ်ဖြတ်ဝါးမျိုတတ်ပါတယ် 73073546=မြွေဆိုးတစ်ကောင်ရဲ့ အရောင်များ၊ သက်ရောက်အရှိတရားကို ပွင့်အန်ပါ 43077701=လက်ခုပ်ထဲက အဟန့်အတားကို အရှိန်ပြင်းပြင်း ချကျွေးပါ ဘေဘီ
00000000=ငါ့ရဲ့ ခံစားမှုဟာ ငါ့ရဲ့ သွေဖည်ခြင်းပဲ
 Xxxxxxxxx=ဇကာစိပ်စိပ်နဲ့ စစ်ချူမိတဲ့ မိတ်စစ် မိတ်တု မိတ္တူမျက်နှာဖုံး
43064319=ထွေရာလေးပါး ပန်းတွေလည်း ရောင်စုံ ပွင့်ခဲ့ပါပြီ
421057424=စိတ်မှီတိုင်မှာ ရှေးရိုးစွဲ ၀မ်းစာအတွက် သေသလို နားစွင့်ရင်း
43179914=ရင်ဘတ်ရဲ့ ညာဖက်ခြမ်းက အသံကို ဖျောက်ဖျက်ဖို့ အသင့်ပြင်ထားတယ် 421023818=ချမိတဲ့ ကောက်ချက်တွေလည်း သစ္စာမဲ့သင့်ရင် မဲ့ရမှာပဲ
400009729=အိုး အင်္ဂါမစုံတဲ့ အငွေ့ပျံမှု
 432566542=ခရမ်းရောင် အပူရှိန်ဟာ ငါ့နှလုံးခုန်သံကို စောင့်ရှောက်ထားတယ် 450031583=မပြတ်သားမှုအတွက် ကိုယ့်ကိုယ်ကိုယ် အိပ်မွေ့ချတယ်
 421012647=ဘယ်ဘက်ခြမ်းက ရင်နာမှာ မန်းသွေးပြည်ပုတ် ကိုက်ခဲလို့
458032409=၀ဋ်နာကံနာကို ပွေ့လို့ အားပေးစကားလေး ပြောပါဦး ဇနပဒကလျာဏီ 421018267=နာရီလက်တံ ဆိုးဝါးသားရဲတွေ ရပ်
420045595=အညစ်အကြေး အိပ်ပျက်ညတွေ ရပ်
000000000=အပေါစား ရင်ငွေ့ထောင်းထောင်းတွေ ရပ်
731142856=ရင်ကြိုးတန်းလန်း ဘ၀ရဲ့ သော့ချက်တွေ ရပ်
5060260=ငါ့လက်နဲ့ ရေးမိတဲ့ ငါ့ရဲ့ လက်ရေးအက္ခရာတွေ ရပ်
 420052178=လရောင်ငတ်သူဟာ လရောင်ကိုပဲ မျှားပါတယ် အဲလို အရေးအသားတွေ ရပ်။

ဆူးရင့်
 မှတ်ချက်။ ။ လေးစားခင်မင်ရတဲ့ သူငယ်ချင်း ကဗျာဆရာ ဆရာမများရဲ့ ဖုန်းနံပါတ်များကို ခုတုံးလုပ်မိသည့်အတွက် အားလုံးကို တောင်းပန်ပါသည်။

ညစ်ထေးမှု ၀ိုးတ၀ါး စိတ်အမြုံနာ

အာရုံကြောမျှင်တွေက မီးစတစ်ဖက် ရေမှုတ်တစ်ဖက်၊ ငုတ်လျိုးလရောင်အနာအဆာ၊ ခင်ခင်မင်မင် မရှိတဲ့ သားစိမ်းငါးစိမ်းကြီး။ ရှော့ခ်ပဲ။ တစ်ခုခု သွားသောက်ကြမယ်။ တီးဆိုင်က ပြာပူရည် ဆေးလိပ်ငွေ့တွေ ရှူသောက်ကြမယ်။ အို့စ်..သေတာပဲ။ အမှန်တရားဟာ ငါလိုက်လို့မရတဲ့ဘေဒ။ ဟိုမှာတွေ့လား...ဘော့စ် ကြည့်နေတယ်။ ယမ်းနံ့တွေ့ရလား...ဆွေးဆွေးကြီး ငြင်းဆန်ခဲ့ရတာ အားနာပါနာ။ ရှယ်ပဲ။ အလုပ်ပြုတ်လာတဲ့ မင်းမျက်နှာဟာ ညှိုးစွေ့စွေ့အရိပ်တွေ ခိုလို့။ ငါ့အနားကထွက်သွားတဲ့ မင်း ကားတိုက်ခံရပြီး သေတယ်။ အသစ်လား အဟောင်းလား။ အထီးလား အမလား။ နံပါတ်စဉ်ဘယ်လောက်က သေမင်းရဲ့ ကွိုင်လဲ။ ဘင်ပုတ်နံ့ ဟောင်နေတဲ့ ဒီသတင်းက နားဆီ ဆိုက်ဆိုက်ပြေးဝင်လာ တယ်။ ငါက အတ္တကြီးတယ်။ ငါက တစ်ကိုယ်ကောင်းဆန်တယ်။ ငါက သူငယ်ချင်းကောင်း မပီသဘူး။ တွေးမိတိုင်း ဝေးလွင့်ဆဲ လိပ်ပြာက နောက်ကျောကို ဓားထောက်/ချောက်တယ်။ မင်းနဲ့ငါ အတူရှိနေရင် နှစ်ယောက်သေမလား နေမလား။ သေမထူး နေမထူးတဲ့ ဘ၀ (ရက်စ် နိုး) ဘာမှ မခွဲခြားတတ်တာ။ ငါ့နဲ့ ဝေးတဲ့ အခြားတစ်ဘက်ဆီ မလှမပကြီး မင်း ခုန်ကူးသွားတယ်။ စည်းတွေ ခြား။ ဘ၀တွေ ခြား။ နံရံတွေ ခြား။ လည်နေတဲ့ ကမ္ဘာကြီးလေ.. ဖီးစီးစိတ်ကြောင့် အိပ်မရတဲ့ ညတွေ အလွှာလွှာ ကွဲခဲ့။ ငါ့မျက်ကွင်းတွေ ညိုမည်း စွန်းကွက်လို့၊ ငါ့ အရေပြားတွေလည်း စစ်ကျုံ့ပိန်လှီလို့၊ သုံးရာသီစလုံး သစ်ရွက်တွေ တစ်ဖြန်းဖြန်း ကြွေတယ်၊ လေတာပဲ....မင်း/ မင်း/ မင်း ငါ့ကြောင့်/ မင်း ငါ့ကြောင့် သေရတာ၊ မင်းရဲ့ အသက်ဓာတ်ကို ဆွဲနှုတ်တာ ငါပဲ၊ ငါ့ကြောင့် မင်းသေရတယ် သူငယ်ချင်း။ ငါ့နောက်ကျောမှာ မင်းရဲ့ ခေါ်သံအရိပ်မည်းတွေ ကပ်ပါလာတယ်။ where is my mind. where is my mind. where is my mind. ( * အနော်တို့ လမ်းမှာ လျှောက်တုန်းက ဖိနပ်စီးကြ တယ်လေ။ ဘယ်သူက လူမို့လဲနော် သတ်မှတ်ချက်သေချာပြ ..အမ်။ အိမ်သာတက်ချင်တယ် ပြောပြီး အ၀ါရောင်တွေ ရောက်လာတော့ သူထွက်ပြေးတယ်။ သတင်းစာရဲ့ ဖိနပ်စင်ပေါ်က ငကျော်ကြီးအကြောင်းကို သိလား။ ခါးပိုက်နှိုက်ကို လိုက်ရင်းလေ။ သူ ပြောသွားတာက ဗန်ဂိုးဟာ ပြည့်တန်ဆာတွေအပြင် မပြည့်တန်ဆာတွေကိုလည်း စိတ်ဝင်စားတယ်တဲ့။ နောက်တော့ ဆူးလေးဘုရားလမ်းက မစ္စတာဂစ်တာမှာ ဂစ်တာဈေးက အံမခန်းကြီးပဲဗျ။ ပုရိသပေါ့နော် မိန်းမတွေ မြင်ရင်လေ သိပ်သိပ် တကယ် မြောင်းထဲကနေ စီးသွားကြတာ။ အဲလို ပေါ်ပင်အမည်နာမတွေ အိမ်သာကျင်းထဲ ထည့်လိုက်သင့်တယ်။ ကြေးမုံမှာ ကြေညာလိုက်သေးတာဆို။ အင်း ငှက်တွေ ငှက်တွေ အင်တာနက်ထဲက အကွေ့အကောက်အစာကို ကြည့်မြင်တိုင် ညဈေးကို ပို့တယ် သိလား။ ကုန်တော့မှာပဲ အခုအထိ ငြိမ်းမှ မငြိမ်းချမ်းတာ၊ တောင်းဆိုသူကို သူတောင်းစားတဲ့ ဟားဟား။ မောင့်ကို ဘာထင်လို့ ခင်ကြီး ခါးထိုးပေးပါ့၊ ပေါက်ပေါက်ဆုပ် ပေးလိုက်ရင်လေ ငါးလေးတွေ တွတ်နေကြမှာ။ မဟုတ်ဘူး ရူးတာ မ၀သေးရင် သူတို့ ချေးစား သေကြမှာတဲ့၊ ဘယ်တုန်းကလဲဆိုတော့ ဟို သူ့အဖေ တန်းလန်းလေး သေနေချိန်က ငိုစုပ်နေကြတာလေ။ အဲဒီကောင် educated prose ကို စိတ်ဝင်တစားနဲ့ လိုက်တယ်။ တောကြောင်လိုပေါ့။ နောက်တော့ သမင်မွေးရင်း ကျားစားရင်းစကားပုံလို သူအမေကြီးနဲ့ ညားသွားသေးတယ်။ တဟဲဟဲ ငိုတာပေါ့။ သဘာဝပဲလေ...။ ပြာနှမ်းနေတာ ဘယ်သူမြင်မလဲ။ ဟုတ်လား။ ၀မ်းနိုင်းနိုင်းက ရွှေတွေ ဝေငှမယ်ဆို။ ပြည်သူတွေ ခွေးဖြစ်ကြတော့ ဘယ်လင်းတက စားလို့လဲ။ မသေးမျှင်ကတော့ ပုဂံက ပုန်းရည်ကြီးအကြောင်းပဲ တဖွဖွ ပြောနေတယ်။ အမေကပြောတယ် နင်နိုင်ငံရေး စိတ်ဝင်စားပါဆိုလို့ ကဗျာရေးတော့ စိ/စစ်/ဖြုတ်/ပယ်/ပစ်ကြတာ၊ ဝေဖန်ထိုးနှက် ချေးသုတ်ကြတာ။ တွေ့တော့ ဘုရားသွားရင် ဖိနပ်ချွတ်။ လိုရမယ်ရတဲ့ ပလက်ဖောင်းပေါ် သူသာ တစ်ညအိပ်ကြည့် ပိုက်ဆံဆိုတာ မခဲယဉ်းဘူးလေး ဘာလေးနဲ့။ အဲဒါဟိုနေ့က သူတွေးပြီး ဟောင်နေပြန်ရော။ မြက်ခင်းပေါ်မှာတော့ ပလေးကြတယ်။ ဂန်းဆိုတာက ထိုးထိုးသွင်းတာ လေ/ ပစ်ရတာ မဟုတ်တော့ဘူး။ ကလေးတွေ မျက်လုံး ပြူးလို့။ ဦးနှောက်ထဲကို တိုက်ရိုက် ထိုးထည့်ကြတာ မယုံရင် ဟိုနိုင်ငံတကာ အသိဥာဏ်ကြီးသယောင်ယောင် မြန်မာပြည်က တောကောင်းဘွိုင်လေးတွေ မေးကြည့်၊ သူတို့ စအိုတွေဆို တော်တော်လန်းတဲ့ ဘင်ပုတ်နံ့နဲ့ ဂွမ်းလို့။ သစ်ပင်တွေက ပြုန်းယောင်သမ်းလို့။ သူ မတွေးဖြစ်တာ များတယ်...။ သူ့အမေကို ပြတော့ သူတို့နဲ့ အတူ လိုက်ပါရစေ။ သေသွားကြပြီတဲ့၊ ဆရာဝန်က ထွက်ပြေးရော့။ တိုင်းရင်းဆေးက ငါကြည့်ပေးမယ်လို့ ပြောပြီး သူလည်း လစ်ပြေးရော့။ နောက်တော့ ရွှေတွေ တဖြည်းဖြည်း ဈေးတက်လာတာပဲ။ ဖ၀ါးနဲ့ မနာ နားနဲ့ နာချင်သတဲ့ စိုးမင်းအောင် ကဗျာရွတ်လိုက်ရင် မိန်းကလေးတွေ သေမှန်းသိလျက်နဲ့ အရှိန်မထိန်းဘဲ ဇွတ်ဝင်တိုက်တာ။ အရမ်းကောင်းတာပဲဆိုပြီး အသက်က ချုပ်သွားတယ်။ ဒါတောင် မလှရီ အကြောက တနန့်နန့်။ ခေါသွပ်ကို သိလား။ မျိုးဆက်က ခွေးရယ် ခွေးရယ် စပ်တယ်ဆို။ ထယ်ဝါကြီးလေ။ ခေါထွက်နေတာ။ ကြိုးတုပ်ပြီး လာခဲ့ပါ ပြောလိုက်တော့ လသာညတွေကို ကြောက်နေသေးတယ်။ သေချာ မသိလို့ပါ သူ့အလိုလို သွားရည်ကျနေတာ အရိုးအသားပဲ။ ထမင်းဝအောင်စားမယ်။ သွားပြီ…ကီးဘုတ်ပေါ်က ကီးကို နှိပ်လိုက်ရင် ဂေါက် ဂေါက်နဲ့ မြည်လာတယ်။ ဂေါက်သီးနဲ့ ဘဲဥတွေ့ပြီပေါ့။) ဒီလိုနဲ့ ငါဟာ စိတ်ကျန်းမာရေး ဆရာဝန်ဆီရောက်ခဲ့၊ တစ်ဦးချင်း အခက်အခဲကို ဖြေရှင်းတိုင်ပင်လို့ရတဲ့ Dazhao Institute Center ကို ရောက်ခဲ့၊ ဒီအကြောင်းဘယ်သူ့မှ မပြောဘဲ လူတစ်ရာကျော်ရှေ့မှာ လင်း/ သွန်/ လျော့/ချ။ (နားဆင်ပါ) အမှန်တရားဟာ လူတွေရဲ့ လက်ခုပ်သံလား။ ရိုးသားမှုဟာ ဘုရားသခင်ရဲ့ ရယ်သံလား၊ စိတ္တဇဟာ တအုံ့နွေးနွေး ဖွဲးမီးလို လှိုက်/ကိုက်ဝါးစားသောက်တယ်။ ပစ်မထားနဲ့ ငါတစ်ယောက်တည်း နေလို့မရဘူး။ ငါ့ကို စကားပြောပါ၊ ငါ့ကို စကားပြောပေးကြပါ။ စကားပြောခြင်းဟာ စိတ္တဇအနာကို ကျော်လွှားနိုင်တယ်။ ကိုယ့်တွေ့မို့ ငါတကယ်သိလိုက်ပြီ အဟတ် ဟတ်။ ငါ့အပြုအမူဟာ ကွန်ဖျူးရှပ် ယဉ်ကျေးမှုရဲ့ ဆန့်ကျင့်ဘက်။ ငါ့ပြဿနာဟာ ငါ့မိသားစု လက်အောက်ခံ မဟုတ်ဘူး။ သူစိမ်းတွေအကြား အားနည်းချက်ကို ရင်ဖွင့်တာ ငါ့မယဉ်ကျေးမှုလား။ မိုက်ရိုင်း ဆိုးဝါးမှုလား။ မိသားစုဂုဏ် သိက္ခာကို နင်းချေလိုက်တဲ့ ငါလား။ စိတ္တဇဝေဒနာဟာ ဖောက်ပြန်တဲ့ နိုင်ငံရေးအယူအဆ။ စာအုပ်အနီလေးတွေ ငါဖတ်ခဲ့ရတယ်။ ငါ့ကိုယ်ငါ ပြန်လည် လေ့ကျင့်ခဲ့ရတယ်။ ဓာတ်စာ၊ ဆေးဝါး၊ ဟယ်ရီပေါ်တာ၊ ဟောလီးဝုဒ်၊ စာနယ်ဇင်း၊ အွန်လိုင်း၊ ရုပ်/သံ၊ ကဗျာ။ Brain wash. Brain wash. ဆွေး…ဟေး…။အလုပ်ကြမ်းကြမ်း လုပ်နေခြင်းဟာ ငါ့ကိုယ်ငါ စိစစ်ခြင်းပဲ။ ငါ့ကိုယ်ငါ စိတ်ဝင်စားတယ်။ ပျော်ရွှင်တဲ့ ဘ၀ကို ငါပိုင်ချင် တယ်။ ငါ့နာမည် တိန့်ယင်၊ မိန်းကလေး၊ အသက် နှစ်ဆယ့်ကိုး၊ ကုမ္ပဏီဝန်ထမ်း။ 

ဆူးရင့် 

ရည်ညွှန်း။ 
၁။ ( * ) စိုးမင်းအောင်နဲ့ ချက်တင်မှာ ပြောတဲ့ စကားများ။ 
၂။ တဲ့ဘူး၊ တက်ကျမ်းနှင့် ဒိန်ခဲ(၀င်းနောင်) 
    Me Generation(by Matthew Forney) 
    စာအုပ်လောက စက်တင်ဘာလ 2003 
PS; ဘာမှ သက်ဆိုင်လှတယ်တော့ မဟုတ်ပါဘူး။

ခဏခဏ ကွယ်လွန်ခြင်း

လှိမ့်ကွင်း လှိမ့်ကွက်ကို ပြောတာပါ။ 
လောင်စာမိုးအဆုံး မရောက်ခင် ရင်ညွန့်မှာ ဒဏ်ရာတတ်တူးထိုးလို့ 
အခုပဲ ခလုပ်ကို စဖြုတ်လိုက်တယ်
ဒိုင်းးး    ။ 
ဆိုးရွားမိုးရာသီလေ အပေါင်ခံသွေးစက်တွေ နေလှန်းလို့ မခြောက်နိုင်ဘူး
ဆိုက်ကို၊ အတက်၊ အဆင်း၊ အခက်အခဲ 
တိတ်ဆိတ်မှုက ပုဇဉ်းရင်ကွဲတစ်ကောင်လို အော်မြည်တယ် 
တံတွေးကို ဂွပ်ခနဲ့ မျိုချ၊ ထွီခနဲ့ ထွေးထုတ် 
ထွားကြိုင်းလာတဲ့ သက်ဆိုးရှည် နေ့ရက်တွေနဲ့ ခဏ
miss call အရောင်တွေ ဆက်တိုက် ၀င်မလာပါနဲ့
အမှန်တရားဟာ အမှောင်လွှတ်တော်မှာ ငိုက်မျဉ်းနေလား
မျက်နှာတစ်ပြင်က စိုထိုင်းထိုင်းပဲ ကိုယ့်ကဗျာကို သစ္စာဖောက်လိုက်တယ် 
ကြေကွဲသွားပြီ ဥခွံ…။ 
လောက်တဖွားဖွား ပြကွက်အသစ်ဟာ သူစိမ်းပဲ
အရသာ မခံတတ်တဲ့ သစ်သီးလေ မြင်လား မောင်မင်းစိုး
ဒုတိယ ဦးနှောက်ကြောဟာ လှလှလေး ပြတ်တောက်လို့ 
အကိုင်းအခက်ရှိရာဆီ စိတ်အလွင့်လွင့် ဖြတ်ပြေးသွားတယ်
အာရုံဒေါင့်ချိုးမှာ ဖျပ် ဖျပ် ဖျပ် တစ်ဆစ်ချင်း ပြုတ်ထွက်ကျ
ကိုယ့်မှာ လက်သည်းဝှက်တွေ မရှိခဲ့ပါဘူး ပူစီ
ဆာလောင်ခြင်း၊ သေလိုက်စမ်း၊ အချို
မျဉ်းဖြောင့်အတိုင်း ဟောသည်လို စောင်းချလိုက်ရင် မျဉ်းစောင်းပဲ
ပုခက်လွှဲတဲ့ အမေ့လက်ကို လွမ်းရတဲ့ ခဏခဏ
အနုပညာဆိုတဲ့ စကားလုံးပွယောင်းယောင်းက အချိန်ကို ဖဲ့စားတတ်တယ် ဟုတ်ကဲ့ ဆရာမ ယုံကြည်မှုတဲတဲလေးတွေလည်း ခဏခဏ ဖြတ်တောက်ခံရတတ်တယ် ဟုတ်ကဲ့ဆရာမ ရည်းစားဟောင်းကြီးက ဆေးသားတွေ ဖွာလန်ကြဲနေတယ် ၀ရံတာမှာ ငုတ်တုတ်အသေထိုင်ရင်း မျက်လုံးကို ပိတ်ထားမိတဲ့ ခဏ အရှေ့ကို ရွှေ့ရတော့မယ် ခဏ
ခဏခဏ လူမဆန်မှုတွေနဲ့ အလိုက်မသိဘူးဆိုတာပဲ
ကင်မရာလေးရေ…..မီးစာဆိုရင်လည်း တောက်လောင်ရဦးမယ်
ဆီဆိုရင်လည်း ခမ်းခြောက်ရဦးတော့မယ်
သွား ခဏခဏ လွမ်းနေမိတာ
ကဗျာ။ ဝေးကွားခြင်း။ အစွန်းတစ်ဖက်။ အ၀င်လမ်း။ မဆို့မပို့။ အလျင်။
လူကူးမျဉ်းကျား။ ကွမ်းယာဆိုင်။ မေ့လျောမှု။ ခေါက်ထီး။  မ၀ရေစာများ။ မျက်တွင်းဟောက်ပက် ကျင်လည်ရတဲ့ အရာရာဟာ ရင်ဘတ်ကို စည်တီးလို့ ကွေးနေအောင် ငိုတယ်
ဂွတ်မောနင်း နှုတ်ဆက်ဖို့ အချိန်မရှိဘူး မိုးရာသီမို့ ၀မ်းနည်းခြင်း တစ်ဆွတ်စာ ရွာတယ် 
ပြင်မရတဲ့ စိတ်ဒဏ်ရာဟာ အရင်အတိုင်း ဆိုးဝါးဆဲပဲ
ရေခမ်းနေပါတယ် စိုးမင်းအောင်
အစာအငတ်ခံပြီး မနက်ခင်းတွေ ဖြတ်ဖြတ်လျှောက်…ဂွီ ဂွမ်…ဂွီဂွီ ဂွမ်ဂွမ်… ဂြီဂြီဂြီ ဂွမ်ဂွမ်ဂွမ် 
ဗလာမပါ ကံစမ်းမဲက ပေါက်တဲ့ ဗိုက်ဗလာစာအုပ်ထဲက အသံတွေ
ကိုယ့်ကိုယ်ကို ပြန်ရှာတယ် ပိုးမွှားအစိုင်အခဲပဲ ဘ၀ထဲက အဖေအမေ ပျောက်နေတယ်
ဘ၀ထဲက ပတ်ဝန်းကျင် ပျောက်နေတယ် ဘ၀ထဲက လူ့အဖွဲ့အစည်း ပျောက်နေတယ်
ဘ၀ထဲက နားလည်မှုအတိ စာနာမှု ပျောက်နေတယ်
ရှင့်စိတ်အညစ်အကြေးကို ရေးချလိုက်တဲ့ အရည်တွေနဲ့ 
ကျွန်မဆီ ဘယ်တော့မှ tags: မလုပ်နဲ့ ဒါပဲ ထို သော ခဏ
ခံစားမှု အဟိုက်ဟိုက် စုတ်ဖွာနေတဲ့ သောင်ပြင် မျက်စိတဆုံး သဲများ
အညှီအလိမ်းလိမ်း နင်းထားတဲ့ ဖနောင့် ရေဆိုးမြောင်းမှာ စီးဝင်လာတဲ့ ကဗျာအသေတွေ 
အားးးးးးးး အနုပညာ မြေမျိုပြီ ပလပ်ကို ဒေါက်ခနဲ့ ပိတ်ပြီး ကဗျာ chargeကို ဖြုတ်လိုက်တယ်
အူအနုရော အကြမ်းပါ မျက်ရည်နဲ့ ရစ်ခွေလို့ ထုံနာကျင်နာ 
နာကျင်တာ ဝေးတဲ့ အရပ်ဆီ..ပြေး ပြေး ပြေး  လင်းသဏ်ညီ
နီယွန်မီးတွေလည်း ကိုယ်နဲ့ ဝေးရာ ပြေး 
အာရုံတွေလည်း ကိုယ်နဲ့ ဝေးရာ ပြေး
ခင်မင်မှုတွေလည်း ကိုယ်နဲ့ ဝေးရာ ပြေး
ခေါ်သံတွေလည်း ကိုယ်နဲ့ ဝေးရာ ပြေးကြပေါ့
ကျကျ သွားတဲ့ စိတ်ဟာ အပေါင်းအသင်းနဲ့ ပါတီသစ်တစ်ခု ဖွဲ့လို့
ရှူရှိုက်သံ အိပဲ့ပဲ့ အရပ်ရှစ်မျက်နှာမှာ နေကွယ်ခဲ့ပါပြီ
လူသားတို့ စိတ်မှန်ပြင်မှာ ဆူးရင့်လည်း ခဏခဏ ကွယ်လွန်ခဲ့ပါပြီ။

ဆူးရင့်

Tuesday, March 6, 2012

သွားလာ ရွေ့လျား တွန်းတိုက် ရုန်းခွဲ

အေးစက်စက်သွေးဖြင့် စာမျက်နှာအဖွင့်ကို ကြေငြာမည်

မှတ်တိုင်မှာ တွေ့ရတဲ့ အနံ့တွေက ဆက်တိုက်အော်မြည်သံပဲ

ဆက်တိုက်ဝင်မလာပါနဲ့ ဓားချက်များ၊ ဒိုင်း …….

ပေါက်သံကွဲ ဆိုးဆိုးဝါးဝါးများ၊ သွေးစက်စွန်း အလောင်းကောင်

အနာဂတ်ကြီးကို အနာတွေ မကပ်ချင်နဲ့ ပလာစတာ

ယာယီအရွေ့မှာ တိမ်ဖြူတွေ သေလောက်အောင် လှ

ဆန်းဆန်းလာတဲ့ လတွေလည်း ဆုတ်ဆုတ်သွားတာ မြန်မြန်ပဲ

ပြောင်းလဲချင်တဲ့ ပထမအတွက် ကိုယ့်ကိုယ်ကိုယ်စ၊ ပြုပြင်ပြီ

လျှပ်စစ်သုံးစွဲခြင်း ဂက်စ် စကေးလ်ဟာ အချိုးအစား မညီဘူး

လောလောဆယ် ကဗျာပါဝါကို ခဏပိတ်ထား

အကျဉ်းထဲ ပိတ်လှောင်နေသူများ အမြန်ဆုံးကျယ်ပြန့်ပါစေ

မျှော်လင့်ချက်က ကုလားအုပ်တစ်ကောင်လို လည်ပင်းမြှင့်လို့

ဆိုးဆေးသုံးတဲ့ အစားအစာဟာ အန္တရာယ်များတယ်

တိတ်ဆိတ်ခြင်းနဲ့ အပြင်းဖျားအနာဟာ ဆူညံမှုသက်သက်ပဲမဟုတ်လား

အော်သံတွေ ရုပ်လုံးကြွလာမယ့်

တစ်နေ့ တစ်ည နေ့ ည နေ လ

စိတ်= အာရုံကို သိခြင်းသဘောအရ သိနေတာ

စေတသိက်= စိတ်၌ မှီတဲ့သဘောအရ မှီလာ ကပ်ပါလာတယ်

ရုပ်= အအေးအပူစတဲ့ ဆန့်ကျင်ဘက် အကြောင်းများကြောင့်

ဖောက်ပြန်တတ်တဲ့သဘောအရ ဖောက်ပြန် ပျက်စီးဦးမှာပဲ သေချာပါရဲ့

နိဗ္ဗာန်= ဒုက္ခခပ်သိမ်း အေးငြိမ်းရာဖြစ်တဲ့သဘောအရ အေးရာအေးကြောင်းပေါ့

(အဘိဓမ္မာ၊ ပရမတ္ထလေးပါး)

သဘောတရား။ တရားသဘော

အစီအစဉ်အရ

ထိုင်ခုံပေါ်က လူကြီးမင်းများ သေသလိုပါဖော့မန့်ပြရန်

အိပ်ခ်ျ အို တီ ဟော့(ထ်) ပူသော

ဟိုင်း

ကဗျာသမဂ္ဂကြီး အေးမြကျန်းမာပါစ။

ဆူးရင့်

ဆိုင်ဆိုင် မဆိုင်ဆိုင် လောကဓံ သသရာသီးးးးး

နေထိုင်ဖြတ်သန်းရတာ နေ့တိုင်း မကျန်းမမာပဲလို့ ရေးပြီး

ပွန်းရှ ငေးငိုင်နေသူ သူက အငေးငေး အဆွေးဆွေးများအကြောင်း

ယိုယွင်းခြင်း အစစ်အမှန်၊ သက်တန့် ပေါ်မလာသော နေ့စွဲများ

သက်ပြင်းများကိုလည်း ရောဂါပိုးနဲ့ တန်ဆာဆင်ပါတယ်

ဂျာနယ် သတင်းစာအဟောင်းတွေ ကပ်ထားတဲ့ စက္ကူအခန်းလေးထဲ

ဓာတ်ပြား ပြားချပ်ချပ်ရဲ့အသံတွေ နားထဲမှာ နားထဲမှာ နားထဲမှာ

ပတ်ဝန်းကျင်ဆိုတာ လိုဘသားကောင်များ ဖွာလန်ကြဲ မြင်ကွင်းပြောပါ

အတိတ်အရိပ်တို့ နေရီ စောစောပျို့/အန်ထုတ်ပစ်လိုက်

နာရီလည်ပတ်နှုန်းအရ နေမထိထိုင်မသာ ဆိုးဝါးလွန်းတယ်

အထီးကျန်မှုသက်သက်အတွက်တော့ သေဆုံးဖို့ မလုံလောက်သေးဘူး

ဒီကဗျာမှာ ညစ်ညမ်းစာသားများ ရှင်းလင်းထားပါတယ်

သေမှုသေခင်းအရ ဒါ သံသရာရဲ့ လက်ချက်ပဲလို့ အတိအကျ တရားစွဲပါ

ငေါ့ထွက်နေတဲ့ ဘေးဆိုးကပ်ဆိုးများ ဝေါ့....မျှဝေမပေးချင်ပါ

ကိုယ်တို့ကြီးနေတဲ့ မာနဆိုတာ တကယ်တော့ အမှိုက်ပုံသာသာပါ

ဟာ ဟ မှတ်တောင်ထားရဦးမယ်

လာ

လက်ဖက်ရည်ဆိုင် သွားမယ်

အတူစား အတူသောက် ဂေါက်သီးတွေအကြောင်း ပြောပြ

လူယဉ်ကျေးတွေ လူ့ရွံရှာဖွယ် စားဖားအကြီးစားတွေ

ဤရွေ့ ဤမျှ ပွင့်လင်းခြင်း အစအနက ငွေ ပိုက်ဆံ မန်းနီး

အိုး ၀ိုး ပြုတ်ထွက်သွားတဲ့ စကားလုံးကို ပြန်ဖမ်းတယ်

သူရယ်တာကြီးကိုက ရယ်စရာကြီးနော်

ခေါင်းအုံးပေါ် နစ်သွားတဲ့ မျက်ရည်စေးတွေ ခြောက်ပြီလား

ခရေပန်းတွေ ခြောက်ပြီလား

တစ်ပွင့် နှစ်ပွင့် သုံးလေးငါးပွင့်

ဝေးကွာတဲ့ ဒေသကိုယ်စီမို့ လွမ်းရတယ်

စက္ကူတွေ ကပ်ထားတဲ့ စက္ကူခန်းလေးမှာ

ကိုယ်စက္ကူ အမည် မောင်စက္ကူ

.....................................တိတ်

..............................ဆိတ်

.........................လို့။


ဆူးရင့်

ဂျလန်း ဂျလန်း လမ်း

ရေးလိုက်တိုင်း စာလုံးတွေက ဒီအရောင်တွေပဲ ထွက်ကျလာတယ်

ဒီဇင်ဘာ အပူရောင်တွေလည်း လေထဲ လွင့်လွင့်တတ် လာ

ခြားနားခြင်း အစွန်းတစ်ဖက်က ဂစ်တာသံ အသေတွေ

မီးခိုးများ မျက်စိတစ်ဆုံး ပိန်းပိတ်နေတာ ခင်ဗျားအတွက်လား

ကျုပ်အတွက်ပါ

အတွင်းမြုံနေတဲ့ စာသားများကို နှိုက်ယူတယ်

လက်ဆုံးပေမဲ့ လမ်းက အဝေးကြီး အဝေးပဲ ဆက်

စိတ်ကို လိုက်ရှာရတယ် ကိုယ့်နားမှာ သူရှိမနေပြန်ဘူး

အလွှာလွှာကွဲအက်နေတဲ့ နံရံမှာ သံတိုင်မှာ တံတိုင်းမှာ

စကားလုံးတွေ ကပ်ငြိနေတယ် မမြစိမ်းရဲ့

ရှာနေတာ ဒါတွေ ဒါဒါတွေမဟုတ်ဘူး မင်းမို့ပြောမဟုတ်ဘူး

အကွဲခွဲရမယ့် ဆာလောင်မှုဟာ လောင်မီးစီးချက်အလိုက်

သီချင်းတိုးတိုး ညည်းလို့ ပိတ်လှောင်ခံထားရပြီ

လမ်းပေါ် ခဏလောက် ပြေးတတ်ချင်ပေမယ့်

ရှေ့လှမ်းရမယ့် ခြေထောက်တွေက အယုံအကြည်မဲ့လာတယ်

အံသွားတွေ တိုတိုလာတာကို အံတိုနေပြီလို့ ပြောကြတာပါ

ညဟာ အန္တရာယ်တွေ ၀ိုင်းလို့ ညဟာ မကောင်းဆိုးဝါးတွေ ခြံရံလို့

ခုဆို ကျွန်တော်တို့ တိုင်းပြည်ကို အပြောသမား သစ်စိမ်းချိုး ချဲ့

ရင်ဆိုင်ဖြတ်သန်းမှုဟာ ချွတ်ပြီးခြုံထားတဲ့ အ၀တ်စလေး ပြုတ်ကျသွားသလိုပဲ

ပြည်တော်သစ် ဖြစ်တည်မှု အဆောက်အဦမှ လွတ်မြောက်မှုဆီ

ပန်းပွင့်တွေဟာ လမ်းတွေထက် နစ်နာသယောင် ဟန်ဆောင်တတ်တယ်

မှားလား မက်လုံးတွေ မြင့်မိုရ်တောင်လုံးလောက် ဖုထွက်

လာနေတဲ့ ၀ဲသြဃတွေ ဖရိုဖရဲပဲ

အောင်သေ အောင်သားစားတတ်တဲ့

ကြွက်ပြဇာတ်တွေ ၀င်မလာချင်နဲ့ ဟိတ်

ထားပါ စားဝတ်နေရေးပြဿနာဟာ

လူမှာရိုက်ခတ်တဲ့ အငွေ့အသက်ကြီး အလုပ်လက်မဲ့ ပြဿနာ

ပင့်ကူမျှင်ငြိနေတဲ့ အခွင့်အရေးအားလုံး ပြန်ဆယ်

တည်ဆောက်ရလိမ့်မယ် ပိတ်မရပ်နဲ့ အ၀င်အထွက်ရှိတယ်

လူသားချင်းစာနာစိတ်ကို အထွတ်မှာတပ်ဆင်ထားတယ်

ကူးရင်း လူးရင်း ဆက်ရင်း ဆံရင်း စည်းကမ်းလိုက်တာတတ်ဖို့

ဖြတ်ကျော်ခဲ့ရတဲ့ သက္ကရာဇ်အမှိုက်တွေ

အမှောင်ထုထဲ သိပ်သည်းခဲ့တာ နေ့ရော ညရော

တခြားစီလက်ခံရမယ်

ဘာလဲကွာ အခုမှ ဆရာကြီးအထာနဲ့ မသာကောင်

သိလား

တခြား တစ်ကန့်မှာ စီပါ ကုံးပါ ရေးသားပါ ဖွဲ့နွဲ့ပါ

ကိုးန၀င်း မိုးမလင်းခင် (ခင်) သိရလိမ့်မယ်

ဟင်…သိရလိမ့်မယ် အိုဗာကွိုင်ပဲ

နှလုံးသားကို သက်သေအဖြစ်

သမိုင်းစာမျက်နှာမှာ မလိုအပ်တာတွေ မထင်ကျန်ခဲ့ကြေး ဂက်စ်။

ဆူး ရ င့်

အထူးသဖြင့်

အထူးသဖြင့် မျက်လုံးမို့ မျက်ရည်စီးကျလာတာ

အထူးသဖြင့် ထင်ထင်မြင်မြင်ပဲ အကျည်းတန်ရပါတယ်

အထူးသဖြင့် ကွဲသွားတဲ့ အစအနတွေကို သန့်ရှင်းလို့

အထူးသဖြင့် အယူခံ စီရင်ပိုင်ခွင့် အာဏာ တိုးတိုးပြောပါ

အထူးသဖြင့် ပြစ်မှု ပြစ်ဒဏ် ညီညွတ်မျှတစွာ စီရင်ရေး

အထူးသဖြင့် ငြိမ်းချမ်းရေး ဖိတ်ခေါ်/ချက်ဟာ ဗဟိုအလယ်

အထူးသဖြင့် ယုံကြည်ချက်နဲ့ ကဗျာရေးသူများ

အထူးသဖြင့် ပြုပြင်ပြောင်းလဲရေးမှာ

အထူးသဖြင့် အမျိုးသားရင်/ကြားစေ့ဖို့

အထူးသဖြင့် မျက်နှာကြီးရာ ဟင်းဖတ်မပါဖို့

အထူးသဖြင့် အတိအကျပဲ ပြဿနာတွေ မျိုးစုံ

အထူးသဖြင့် စွန့်ပစ်ပစ္စည်းကို စွန့်ပစ်တတ်ရမယ်

အထူးသဖြင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာပါ

အထူးသဖြင့် လူကူးမျဉ်းကြားမှ ကူးပါ စည်းကမ်းမဲ့ အမှိုက်မပစ်ရ

အထူးသဖြင့် ခေတ်ဟောင်း စနစ်ဟောင်းတွေလည်း စွန့်

အထူးသဖြင့် ဘ၀မှာ အစင်းရာ အရှိုးရာတွေ သြဘာနိမိတ်ထွန်းခဲ့တာပဲ

အထူးသဖြင့် ခြေထောက်ကို လှမ်းတတ်ဖို့ လှမ်းတတ်

အထူးသဖြင့် လက်ကိုလည်း လှုပ်တတ်ဖို့ လှုပ်တတ်

အထူးသဖြင့် sueyint@gmail.comဆိုတာ

အထူးသဖြင့် ဆက်သွယ်လို့ မရတော့တဲ့ account

အထူးသဖြင့် လွင့်ပြယ်သွားတဲ့ အရာရာအတွက်

အထူးသဖြင့် ထိရှနေဦးမှာ သေချာတယ်

အထူးသဖြင့် ဆူးရင့်လည်း အရူးမရင့်ဖို့

အထူးသဖြင့် ပို့သသောမေတ္တာကြောင့် ကျန်းမာပြီး မချမ်းသာသေးဘူး

အထူးသဖြင့် သွေးမဲ့သားမဲ့ နေထိုင်ပါရစေ ကမ္ဘာ

အထူးသဖြင့် ကဗျာတွေလည်း မရေး မရွတ်ချင်တော့ဘူး

အထူးသဖြင့် အကိုက်အခဲ ပျောက်ဆေးနဲ့ အိပ်ဆေးများများလိုတယ်

အထူးသဖြင့် တတ်ယောင်ကား အော်သံတွေအတွက် နားမရှိတာ အမှန်ပဲ အက္ခရာ /

အထူးသဖြင့် ဗျည်းသရတွေ ကျကျလာမယ့် စာမျက်နှာအတွက် မေးရိုးတွေ ခိုင်ခိုင်ထားမယ်

အထူးသဖြင့် စမ်းတ၀ါးလျှောက်နေရတဲ့ မိုးပျံစီမံကိန်းတွေ ညင်သာပါစေ

အထူးသဖြင့် ဘင်လာဒင် ကဒါဖီတို့လည်း နောက်ဆုံးတော့

အထူးသဖြင့် ပြုလုပ်ထားတဲ့ ၀ဋ်လည်မှုကြောင့် မသာလောင်းကြီးတွေ ဖြစ်သွားတာပဲ

အထူးသဖြင့် ငုတ်လျိုးဝမ်းခေါင်းနာတွေ အသားမာတတ်လုပါပြီ

အထူးသဖြင့် ငါးထောင်တန် ဖုန်းတွေဆိုတာလည်း လောလောဆယ် မဖြစ်နိုင်သေးဘူးဗျတဲ့

အထူးသဖြင့် စိတ်ရောအသက်ပါအောင့်ထားရတော့

အထူးသဖြင့် အဆုပ်ကြီး အောင့်အောင့်လာတဲ့ကိစ္စ

အထူးသဖြင့် ဒီဇင်ဘာဟာ အနက်ရောင်တွေပဲ အိပ်မက်ပေးတယ်

အထူးသဖြင့် ဆွဲစားတတ်တဲ့ သွားတွေ ပါလာလို့ ဂရုစိုက်ပေါ့

အထူးသဖြင့် သမ္ဗုဒ္ဓေတို့ အထူးသဖြင့် ဣတိပိသောတို့

အထူးသဖြင့် သွက္ခာတော့တို့ အထူးသဖြင့် သုပ္ပဋိပန္နောတို့

အထူးသဖြင့် ယေစဗုဒ္ဓါ အတီတာစတို့

အထူးသဖြင့် ဟေတုပစ္စယောတို့

အထူးသဖြင့် မင်္ဂလာသုတ် မေတ္တာသုတ်တို့ စသဖြင့် ရွတ်ဖတ်ကာကွယ်ပေါ့

အထူးသဖြင့် အရပ်လေးမျက်နှာ အရပ်ရှစ်မျက်နှာ အရပ်ဆယ်မျက်နှာမှာ

အထူးသဖြင့် အန္တရာယ်တွေက အသင့်ချောင်းမြောင်းနေတတ်တယ်

အထူးသဖြင့် အသက်/ အသေတွေ မြန်လာကြတယ်

အထူးသဖြင့် မကောင်းတာမှန်သမျှ မကောင်းဘူးဆိုတဲ့ အသိနဲ့ မလုပ်ဖို့

အထူးသဖြင့် ကောင်းတာမှန်သမျှ ကောင်းတယ်ဆိုတဲ့ အသိနဲ့ လုပ်ဖို့

အထူးသဖြင့် စိတ်ကို ဖြူစင်အောင်သန့်ရှင်းထားဖို့

အထူးသဖြင့် မဖြူဖြူသင်းတို့လို ရောဂါသည်တွေ စာနာဖို့

အထူးသဖြင့် ဦးကျော်သူတို့လို နာရေးနဲ့ ပရဟိတတွေလုပ်ဖို့

အထူးသဖြင့် အထူးထူးသော တိုင်းပြည် လူမျိုး ဘာသာတိုင်းအတွက်

အထူးသဖြင့် ကမ္ဘာမြေနဲ့ လူသားများစွာအတွက် အထူးစံနှုန်းတွေထားဖို့

အထူးသဖြင့် အထူးသဖြင့်နဲ့ ရေးမိတဲ့ ဒီဟာတွေ ဘာလဲ

အထူးသဖြင့် အပိုဗလာသက်သက်တော့ မဟုတ်လောက်ပါဘူး

အထူးသဖြင့် လောလောဆယ်မှာ အထူးသဖြင့်ဆိုတာကြီးက ခဏခဏ ဗိုင်းရပ်စ်ကိုက်နေတယ်

အထူးသဖြင့် ဆိုက်ကိုဝင်နေတယ်

အထူးသဖြင့် ခြစားမှုတွေ ဆင်းရဲမွဲတေမှုတွေလည်း လျော့ကျ ပျောက်ဆုံးပါစေ

အထူးသဖြင့် အလုပ်လက်မဲ့ပပျောက်ဖို့ အလုပ်သစ်တွေ မြန်မြန်ပေါ်လာပါ

အထူးသဖြင့် သမ္မတကြီးမှ မဟုတ်ပါဘူး

အထူးသဖြင့် အတွင်းလူ အပြင်လူများကို ကျေးဇူးဆိုရမယ်

အထူးသဖြင့် သည့်ထက်ပိုပြီး နိုင်ငံတကာ ရင်းနှီးမြှုတ်နှံမှုတွေ

အထူးသဖြင့် လုပ်ငန်းရှင်အကြီးစားတွေ ပေါ်ပေါက်ပါစေ

အထူးသဖြင့် ကမ္ဘာရေးရာ မြန်မာရေးရာ ကဗျာရေးရာအားလုံး ငြိမ်းချမ်းပါစေ

အထူးသဖြင့် အလင်းစက်အချို့ကို မြင်နေရပြီပဲ

အထူးသဖြင့် စည်းကမ်းလိုက်နာတတ်တဲ့ နိုင်ငံကြီးသား ဖြစ်သင့်ပြီ

အထူးသဖြင့် ဒီကဗျာကို ဈေးပြိုင်စနစ်နဲ့ ဘယ်တော့မှ ရောင်းစားမိမှာ မဟုတ်ဘူး

အထူးသဖြင့် မနက်ဖြန် မဂ္ဂဇင်းတိုက်တစ်ခုခုကို အထူးသဖြင့် ဆူးရင့် ပို့လိုက်မယ်

အထူးသဖြင့် …စာမူပါလာရင် ဆေးဖိုး ကွမ်းဖိုးလောက်တော့ ရတာပဲ။ ။

ဆူးရင့်

01.15.2012 pm 08:22

LinkWithin

Related Posts with Thumbnails