Thursday, September 6, 2012

ညစ်ထေးမှု ၀ိုးတ၀ါး စိတ်အမြုံနာ

အာရုံကြောမျှင်တွေက မီးစတစ်ဖက် ရေမှုတ်တစ်ဖက်၊ ငုတ်လျိုးလရောင်အနာအဆာ၊ ခင်ခင်မင်မင် မရှိတဲ့ သားစိမ်းငါးစိမ်းကြီး။ ရှော့ခ်ပဲ။ တစ်ခုခု သွားသောက်ကြမယ်။ တီးဆိုင်က ပြာပူရည် ဆေးလိပ်ငွေ့တွေ ရှူသောက်ကြမယ်။ အို့စ်..သေတာပဲ။ အမှန်တရားဟာ ငါလိုက်လို့မရတဲ့ဘေဒ။ ဟိုမှာတွေ့လား...ဘော့စ် ကြည့်နေတယ်။ ယမ်းနံ့တွေ့ရလား...ဆွေးဆွေးကြီး ငြင်းဆန်ခဲ့ရတာ အားနာပါနာ။ ရှယ်ပဲ။ အလုပ်ပြုတ်လာတဲ့ မင်းမျက်နှာဟာ ညှိုးစွေ့စွေ့အရိပ်တွေ ခိုလို့။ ငါ့အနားကထွက်သွားတဲ့ မင်း ကားတိုက်ခံရပြီး သေတယ်။ အသစ်လား အဟောင်းလား။ အထီးလား အမလား။ နံပါတ်စဉ်ဘယ်လောက်က သေမင်းရဲ့ ကွိုင်လဲ။ ဘင်ပုတ်နံ့ ဟောင်နေတဲ့ ဒီသတင်းက နားဆီ ဆိုက်ဆိုက်ပြေးဝင်လာ တယ်။ ငါက အတ္တကြီးတယ်။ ငါက တစ်ကိုယ်ကောင်းဆန်တယ်။ ငါက သူငယ်ချင်းကောင်း မပီသဘူး။ တွေးမိတိုင်း ဝေးလွင့်ဆဲ လိပ်ပြာက နောက်ကျောကို ဓားထောက်/ချောက်တယ်။ မင်းနဲ့ငါ အတူရှိနေရင် နှစ်ယောက်သေမလား နေမလား။ သေမထူး နေမထူးတဲ့ ဘ၀ (ရက်စ် နိုး) ဘာမှ မခွဲခြားတတ်တာ။ ငါ့နဲ့ ဝေးတဲ့ အခြားတစ်ဘက်ဆီ မလှမပကြီး မင်း ခုန်ကူးသွားတယ်။ စည်းတွေ ခြား။ ဘ၀တွေ ခြား။ နံရံတွေ ခြား။ လည်နေတဲ့ ကမ္ဘာကြီးလေ.. ဖီးစီးစိတ်ကြောင့် အိပ်မရတဲ့ ညတွေ အလွှာလွှာ ကွဲခဲ့။ ငါ့မျက်ကွင်းတွေ ညိုမည်း စွန်းကွက်လို့၊ ငါ့ အရေပြားတွေလည်း စစ်ကျုံ့ပိန်လှီလို့၊ သုံးရာသီစလုံး သစ်ရွက်တွေ တစ်ဖြန်းဖြန်း ကြွေတယ်၊ လေတာပဲ....မင်း/ မင်း/ မင်း ငါ့ကြောင့်/ မင်း ငါ့ကြောင့် သေရတာ၊ မင်းရဲ့ အသက်ဓာတ်ကို ဆွဲနှုတ်တာ ငါပဲ၊ ငါ့ကြောင့် မင်းသေရတယ် သူငယ်ချင်း။ ငါ့နောက်ကျောမှာ မင်းရဲ့ ခေါ်သံအရိပ်မည်းတွေ ကပ်ပါလာတယ်။ where is my mind. where is my mind. where is my mind. ( * အနော်တို့ လမ်းမှာ လျှောက်တုန်းက ဖိနပ်စီးကြ တယ်လေ။ ဘယ်သူက လူမို့လဲနော် သတ်မှတ်ချက်သေချာပြ ..အမ်။ အိမ်သာတက်ချင်တယ် ပြောပြီး အ၀ါရောင်တွေ ရောက်လာတော့ သူထွက်ပြေးတယ်။ သတင်းစာရဲ့ ဖိနပ်စင်ပေါ်က ငကျော်ကြီးအကြောင်းကို သိလား။ ခါးပိုက်နှိုက်ကို လိုက်ရင်းလေ။ သူ ပြောသွားတာက ဗန်ဂိုးဟာ ပြည့်တန်ဆာတွေအပြင် မပြည့်တန်ဆာတွေကိုလည်း စိတ်ဝင်စားတယ်တဲ့။ နောက်တော့ ဆူးလေးဘုရားလမ်းက မစ္စတာဂစ်တာမှာ ဂစ်တာဈေးက အံမခန်းကြီးပဲဗျ။ ပုရိသပေါ့နော် မိန်းမတွေ မြင်ရင်လေ သိပ်သိပ် တကယ် မြောင်းထဲကနေ စီးသွားကြတာ။ အဲလို ပေါ်ပင်အမည်နာမတွေ အိမ်သာကျင်းထဲ ထည့်လိုက်သင့်တယ်။ ကြေးမုံမှာ ကြေညာလိုက်သေးတာဆို။ အင်း ငှက်တွေ ငှက်တွေ အင်တာနက်ထဲက အကွေ့အကောက်အစာကို ကြည့်မြင်တိုင် ညဈေးကို ပို့တယ် သိလား။ ကုန်တော့မှာပဲ အခုအထိ ငြိမ်းမှ မငြိမ်းချမ်းတာ၊ တောင်းဆိုသူကို သူတောင်းစားတဲ့ ဟားဟား။ မောင့်ကို ဘာထင်လို့ ခင်ကြီး ခါးထိုးပေးပါ့၊ ပေါက်ပေါက်ဆုပ် ပေးလိုက်ရင်လေ ငါးလေးတွေ တွတ်နေကြမှာ။ မဟုတ်ဘူး ရူးတာ မ၀သေးရင် သူတို့ ချေးစား သေကြမှာတဲ့၊ ဘယ်တုန်းကလဲဆိုတော့ ဟို သူ့အဖေ တန်းလန်းလေး သေနေချိန်က ငိုစုပ်နေကြတာလေ။ အဲဒီကောင် educated prose ကို စိတ်ဝင်တစားနဲ့ လိုက်တယ်။ တောကြောင်လိုပေါ့။ နောက်တော့ သမင်မွေးရင်း ကျားစားရင်းစကားပုံလို သူအမေကြီးနဲ့ ညားသွားသေးတယ်။ တဟဲဟဲ ငိုတာပေါ့။ သဘာဝပဲလေ...။ ပြာနှမ်းနေတာ ဘယ်သူမြင်မလဲ။ ဟုတ်လား။ ၀မ်းနိုင်းနိုင်းက ရွှေတွေ ဝေငှမယ်ဆို။ ပြည်သူတွေ ခွေးဖြစ်ကြတော့ ဘယ်လင်းတက စားလို့လဲ။ မသေးမျှင်ကတော့ ပုဂံက ပုန်းရည်ကြီးအကြောင်းပဲ တဖွဖွ ပြောနေတယ်။ အမေကပြောတယ် နင်နိုင်ငံရေး စိတ်ဝင်စားပါဆိုလို့ ကဗျာရေးတော့ စိ/စစ်/ဖြုတ်/ပယ်/ပစ်ကြတာ၊ ဝေဖန်ထိုးနှက် ချေးသုတ်ကြတာ။ တွေ့တော့ ဘုရားသွားရင် ဖိနပ်ချွတ်။ လိုရမယ်ရတဲ့ ပလက်ဖောင်းပေါ် သူသာ တစ်ညအိပ်ကြည့် ပိုက်ဆံဆိုတာ မခဲယဉ်းဘူးလေး ဘာလေးနဲ့။ အဲဒါဟိုနေ့က သူတွေးပြီး ဟောင်နေပြန်ရော။ မြက်ခင်းပေါ်မှာတော့ ပလေးကြတယ်။ ဂန်းဆိုတာက ထိုးထိုးသွင်းတာ လေ/ ပစ်ရတာ မဟုတ်တော့ဘူး။ ကလေးတွေ မျက်လုံး ပြူးလို့။ ဦးနှောက်ထဲကို တိုက်ရိုက် ထိုးထည့်ကြတာ မယုံရင် ဟိုနိုင်ငံတကာ အသိဥာဏ်ကြီးသယောင်ယောင် မြန်မာပြည်က တောကောင်းဘွိုင်လေးတွေ မေးကြည့်၊ သူတို့ စအိုတွေဆို တော်တော်လန်းတဲ့ ဘင်ပုတ်နံ့နဲ့ ဂွမ်းလို့။ သစ်ပင်တွေက ပြုန်းယောင်သမ်းလို့။ သူ မတွေးဖြစ်တာ များတယ်...။ သူ့အမေကို ပြတော့ သူတို့နဲ့ အတူ လိုက်ပါရစေ။ သေသွားကြပြီတဲ့၊ ဆရာဝန်က ထွက်ပြေးရော့။ တိုင်းရင်းဆေးက ငါကြည့်ပေးမယ်လို့ ပြောပြီး သူလည်း လစ်ပြေးရော့။ နောက်တော့ ရွှေတွေ တဖြည်းဖြည်း ဈေးတက်လာတာပဲ။ ဖ၀ါးနဲ့ မနာ နားနဲ့ နာချင်သတဲ့ စိုးမင်းအောင် ကဗျာရွတ်လိုက်ရင် မိန်းကလေးတွေ သေမှန်းသိလျက်နဲ့ အရှိန်မထိန်းဘဲ ဇွတ်ဝင်တိုက်တာ။ အရမ်းကောင်းတာပဲဆိုပြီး အသက်က ချုပ်သွားတယ်။ ဒါတောင် မလှရီ အကြောက တနန့်နန့်။ ခေါသွပ်ကို သိလား။ မျိုးဆက်က ခွေးရယ် ခွေးရယ် စပ်တယ်ဆို။ ထယ်ဝါကြီးလေ။ ခေါထွက်နေတာ။ ကြိုးတုပ်ပြီး လာခဲ့ပါ ပြောလိုက်တော့ လသာညတွေကို ကြောက်နေသေးတယ်။ သေချာ မသိလို့ပါ သူ့အလိုလို သွားရည်ကျနေတာ အရိုးအသားပဲ။ ထမင်းဝအောင်စားမယ်။ သွားပြီ…ကီးဘုတ်ပေါ်က ကီးကို နှိပ်လိုက်ရင် ဂေါက် ဂေါက်နဲ့ မြည်လာတယ်။ ဂေါက်သီးနဲ့ ဘဲဥတွေ့ပြီပေါ့။) ဒီလိုနဲ့ ငါဟာ စိတ်ကျန်းမာရေး ဆရာဝန်ဆီရောက်ခဲ့၊ တစ်ဦးချင်း အခက်အခဲကို ဖြေရှင်းတိုင်ပင်လို့ရတဲ့ Dazhao Institute Center ကို ရောက်ခဲ့၊ ဒီအကြောင်းဘယ်သူ့မှ မပြောဘဲ လူတစ်ရာကျော်ရှေ့မှာ လင်း/ သွန်/ လျော့/ချ။ (နားဆင်ပါ) အမှန်တရားဟာ လူတွေရဲ့ လက်ခုပ်သံလား။ ရိုးသားမှုဟာ ဘုရားသခင်ရဲ့ ရယ်သံလား၊ စိတ္တဇဟာ တအုံ့နွေးနွေး ဖွဲးမီးလို လှိုက်/ကိုက်ဝါးစားသောက်တယ်။ ပစ်မထားနဲ့ ငါတစ်ယောက်တည်း နေလို့မရဘူး။ ငါ့ကို စကားပြောပါ၊ ငါ့ကို စကားပြောပေးကြပါ။ စကားပြောခြင်းဟာ စိတ္တဇအနာကို ကျော်လွှားနိုင်တယ်။ ကိုယ့်တွေ့မို့ ငါတကယ်သိလိုက်ပြီ အဟတ် ဟတ်။ ငါ့အပြုအမူဟာ ကွန်ဖျူးရှပ် ယဉ်ကျေးမှုရဲ့ ဆန့်ကျင့်ဘက်။ ငါ့ပြဿနာဟာ ငါ့မိသားစု လက်အောက်ခံ မဟုတ်ဘူး။ သူစိမ်းတွေအကြား အားနည်းချက်ကို ရင်ဖွင့်တာ ငါ့မယဉ်ကျေးမှုလား။ မိုက်ရိုင်း ဆိုးဝါးမှုလား။ မိသားစုဂုဏ် သိက္ခာကို နင်းချေလိုက်တဲ့ ငါလား။ စိတ္တဇဝေဒနာဟာ ဖောက်ပြန်တဲ့ နိုင်ငံရေးအယူအဆ။ စာအုပ်အနီလေးတွေ ငါဖတ်ခဲ့ရတယ်။ ငါ့ကိုယ်ငါ ပြန်လည် လေ့ကျင့်ခဲ့ရတယ်။ ဓာတ်စာ၊ ဆေးဝါး၊ ဟယ်ရီပေါ်တာ၊ ဟောလီးဝုဒ်၊ စာနယ်ဇင်း၊ အွန်လိုင်း၊ ရုပ်/သံ၊ ကဗျာ။ Brain wash. Brain wash. ဆွေး…ဟေး…။အလုပ်ကြမ်းကြမ်း လုပ်နေခြင်းဟာ ငါ့ကိုယ်ငါ စိစစ်ခြင်းပဲ။ ငါ့ကိုယ်ငါ စိတ်ဝင်စားတယ်။ ပျော်ရွှင်တဲ့ ဘ၀ကို ငါပိုင်ချင် တယ်။ ငါ့နာမည် တိန့်ယင်၊ မိန်းကလေး၊ အသက် နှစ်ဆယ့်ကိုး၊ ကုမ္ပဏီဝန်ထမ်း။ 

ဆူးရင့် 

ရည်ညွှန်း။ 
၁။ ( * ) စိုးမင်းအောင်နဲ့ ချက်တင်မှာ ပြောတဲ့ စကားများ။ 
၂။ တဲ့ဘူး၊ တက်ကျမ်းနှင့် ဒိန်ခဲ(၀င်းနောင်) 
    Me Generation(by Matthew Forney) 
    စာအုပ်လောက စက်တင်ဘာလ 2003 
PS; ဘာမှ သက်ဆိုင်လှတယ်တော့ မဟုတ်ပါဘူး။

No comments:

LinkWithin

Related Posts with Thumbnails