ရေးလိုက်တိုင်း စာလုံးတွေက ဒီအရောင်တွေပဲ ထွက်ကျလာတယ်
ဒီဇင်ဘာ အပူရောင်တွေလည်း လေထဲ လွင့်လွင့်တတ် လာ
ခြားနားခြင်း အစွန်းတစ်ဖက်က ဂစ်တာသံ အသေတွေ
မီးခိုးများ မျက်စိတစ်ဆုံး ပိန်းပိတ်နေတာ ခင်ဗျားအတွက်လား
ကျုပ်အတွက်ပါ
အတွင်းမြုံနေတဲ့ စာသားများကို နှိုက်ယူတယ်
လက်ဆုံးပေမဲ့ လမ်းက အဝေးကြီး အဝေးပဲ ဆက်
စိတ်ကို လိုက်ရှာရတယ် ကိုယ့်နားမှာ သူရှိမနေပြန်ဘူး
အလွှာလွှာကွဲအက်နေတဲ့ နံရံမှာ သံတိုင်မှာ တံတိုင်းမှာ
စကားလုံးတွေ ကပ်ငြိနေတယ် မမြစိမ်းရဲ့
ရှာနေတာ ဒါတွေ ဒါဒါတွေမဟုတ်ဘူး မင်းမို့ပြောမဟုတ်ဘူး
အကွဲခွဲရမယ့် ဆာလောင်မှုဟာ လောင်မီးစီးချက်အလိုက်
သီချင်းတိုးတိုး ညည်းလို့ ပိတ်လှောင်ခံထားရပြီ
လမ်းပေါ် ခဏလောက် ပြေးတတ်ချင်ပေမယ့်
ရှေ့လှမ်းရမယ့် ခြေထောက်တွေက အယုံအကြည်မဲ့လာတယ်
အံသွားတွေ တိုတိုလာတာကို အံတိုနေပြီလို့ ပြောကြတာပါ
ညဟာ အန္တရာယ်တွေ ၀ိုင်းလို့ ညဟာ မကောင်းဆိုးဝါးတွေ ခြံရံလို့
ခုဆို ကျွန်တော်တို့ တိုင်းပြည်ကို အပြောသမား သစ်စိမ်းချိုး ချဲ့
ရင်ဆိုင်ဖြတ်သန်းမှုဟာ ချွတ်ပြီးခြုံထားတဲ့ အ၀တ်စလေး ပြုတ်ကျသွားသလိုပဲ
ပြည်တော်သစ် ဖြစ်တည်မှု အဆောက်အဦမှ လွတ်မြောက်မှုဆီ
ပန်းပွင့်တွေဟာ လမ်းတွေထက် နစ်နာသယောင် ဟန်ဆောင်တတ်တယ်
မှားလား မက်လုံးတွေ မြင့်မိုရ်တောင်လုံးလောက် ဖုထွက်
လာနေတဲ့ ၀ဲသြဃတွေ ဖရိုဖရဲပဲ
အောင်သေ အောင်သားစားတတ်တဲ့
ကြွက်ပြဇာတ်တွေ ၀င်မလာချင်နဲ့ ဟိတ်
ထားပါ စားဝတ်နေရေးပြဿနာဟာ
လူမှာရိုက်ခတ်တဲ့ အငွေ့အသက်ကြီး အလုပ်လက်မဲ့ ပြဿနာ
ပင့်ကူမျှင်ငြိနေတဲ့ အခွင့်အရေးအားလုံး ပြန်ဆယ်
တည်ဆောက်ရလိမ့်မယ် ပိတ်မရပ်နဲ့ အ၀င်အထွက်ရှိတယ်
လူသားချင်းစာနာစိတ်ကို အထွတ်မှာတပ်ဆင်ထားတယ်
ကူးရင်း လူးရင်း ဆက်ရင်း ဆံရင်း စည်းကမ်းလိုက်တာတတ်ဖို့
ဖြတ်ကျော်ခဲ့ရတဲ့ သက္ကရာဇ်အမှိုက်တွေ
အမှောင်ထုထဲ သိပ်သည်းခဲ့တာ နေ့ရော ညရော
တခြားစီလက်ခံရမယ်
ဘာလဲကွာ အခုမှ ဆရာကြီးအထာနဲ့ မသာကောင်
သိလား
တခြား တစ်ကန့်မှာ စီပါ ကုံးပါ ရေးသားပါ ဖွဲ့နွဲ့ပါ
ကိုးန၀င်း မိုးမလင်းခင် (ခင်) သိရလိမ့်မယ်
ဟင်…သိရလိမ့်မယ် အိုဗာကွိုင်ပဲ
နှလုံးသားကို သက်သေအဖြစ်
သမိုင်းစာမျက်နှာမှာ မလိုအပ်တာတွေ မထင်ကျန်ခဲ့ကြေး ဂက်စ်။
ဆူး ရ င့်
No comments:
Post a Comment