Tuesday, March 6, 2012

ဆိုင်ဆိုင် မဆိုင်ဆိုင် လောကဓံ သသရာသီးးးးး

နေထိုင်ဖြတ်သန်းရတာ နေ့တိုင်း မကျန်းမမာပဲလို့ ရေးပြီး

ပွန်းရှ ငေးငိုင်နေသူ သူက အငေးငေး အဆွေးဆွေးများအကြောင်း

ယိုယွင်းခြင်း အစစ်အမှန်၊ သက်တန့် ပေါ်မလာသော နေ့စွဲများ

သက်ပြင်းများကိုလည်း ရောဂါပိုးနဲ့ တန်ဆာဆင်ပါတယ်

ဂျာနယ် သတင်းစာအဟောင်းတွေ ကပ်ထားတဲ့ စက္ကူအခန်းလေးထဲ

ဓာတ်ပြား ပြားချပ်ချပ်ရဲ့အသံတွေ နားထဲမှာ နားထဲမှာ နားထဲမှာ

ပတ်ဝန်းကျင်ဆိုတာ လိုဘသားကောင်များ ဖွာလန်ကြဲ မြင်ကွင်းပြောပါ

အတိတ်အရိပ်တို့ နေရီ စောစောပျို့/အန်ထုတ်ပစ်လိုက်

နာရီလည်ပတ်နှုန်းအရ နေမထိထိုင်မသာ ဆိုးဝါးလွန်းတယ်

အထီးကျန်မှုသက်သက်အတွက်တော့ သေဆုံးဖို့ မလုံလောက်သေးဘူး

ဒီကဗျာမှာ ညစ်ညမ်းစာသားများ ရှင်းလင်းထားပါတယ်

သေမှုသေခင်းအရ ဒါ သံသရာရဲ့ လက်ချက်ပဲလို့ အတိအကျ တရားစွဲပါ

ငေါ့ထွက်နေတဲ့ ဘေးဆိုးကပ်ဆိုးများ ဝေါ့....မျှဝေမပေးချင်ပါ

ကိုယ်တို့ကြီးနေတဲ့ မာနဆိုတာ တကယ်တော့ အမှိုက်ပုံသာသာပါ

ဟာ ဟ မှတ်တောင်ထားရဦးမယ်

လာ

လက်ဖက်ရည်ဆိုင် သွားမယ်

အတူစား အတူသောက် ဂေါက်သီးတွေအကြောင်း ပြောပြ

လူယဉ်ကျေးတွေ လူ့ရွံရှာဖွယ် စားဖားအကြီးစားတွေ

ဤရွေ့ ဤမျှ ပွင့်လင်းခြင်း အစအနက ငွေ ပိုက်ဆံ မန်းနီး

အိုး ၀ိုး ပြုတ်ထွက်သွားတဲ့ စကားလုံးကို ပြန်ဖမ်းတယ်

သူရယ်တာကြီးကိုက ရယ်စရာကြီးနော်

ခေါင်းအုံးပေါ် နစ်သွားတဲ့ မျက်ရည်စေးတွေ ခြောက်ပြီလား

ခရေပန်းတွေ ခြောက်ပြီလား

တစ်ပွင့် နှစ်ပွင့် သုံးလေးငါးပွင့်

ဝေးကွာတဲ့ ဒေသကိုယ်စီမို့ လွမ်းရတယ်

စက္ကူတွေ ကပ်ထားတဲ့ စက္ကူခန်းလေးမှာ

ကိုယ်စက္ကူ အမည် မောင်စက္ကူ

.....................................တိတ်

..............................ဆိတ်

.........................လို့။


ဆူးရင့်

No comments:

LinkWithin

Related Posts with Thumbnails