Wednesday, October 3, 2012

စကားထာ

လတ်တလော ခံစား ရှုမြင်မှုက သွေးပျက်ဖွယ် အသေ
ပန်းတိုင်ဆီ ရောက်ချင်လား မေးတော့ ငါ့အတွက် နိုးပဲ
လည်ပတ်နေတဲ့ ယန္တရားဟာ ဖူးစာ ဦးရာ မူးမူးလာ
ကဗျာတွေဆီ ပေါ်ပင် ရွေ့လျားလာတတ်တဲ့ ခေတ်မီမှု
အဟတ် ဟတ်
ဦးနှောက် အပူချိန်ရဲ့ အရှိန်
စာမျက်နှာ အက်ကွဲသွားနိုင်ကြောင်း သိပါ
ငိုသံအပြည့် သယ်ဆောင်လာတဲ့ အမှောင်ကား ပစ္စုပ္ပန်တည့်တည့်
ဝတ်ဆင်သည် စားသောက်သည် တွန့်ကြေသွားကြသည်
မျက်ဝန်းထဲက ကုန်ဆုံးသွားတဲ့ အရည်တွေဟာ ရလဒ်ပဲ
အနုပညာ စိတ်ကြိုက် ဖန်တီးလို့ ရတယ်
စိတ်ကြိုက် ဖျက်စီးပစ်တဲ့ ပြကွက်တွေလည်း အနုပညာပဲ
ဂွတ်
မင်းမသိသေးတဲ့ ရောင်စုံစကားလုံးတွေ
မင်းမသိသေးတဲ့အတိုင်း ထိန်းထားမယ်
သိမ်းထားတဲ့ နေရာက တစ်လက္မ မရွေ့စေရဘူး
အဓိပ္ပာယ် မရှိဘူး ပြောလာရင်လည်း ခွင့်လွှတ်ပြီးသားပါ
လိုင်းပေါ်က အကောက်အကွေ့တွေအတွက် မိသားစုဆန်ရမယ်
ပြင်ဆင်ခွင့် မရလိုက်တဲ့ နံပါတ်စဉ် ဇီးရိုး ဇီးရိုး
အနက်ရောင် အခင်းအကျင်းက တစတစ တိတ်ဆိတ်သွားတယ်
အပြိုအပျက်ထဲက တံခါးများ ပွင့်ပွင့်လာတယ်
Name နေရာမှာ sueyint လို့ ရိုက်ထည့်လိုက်တယ်။ ။

ဆူးရင့်

2 comments:

မိုးနတ်ကြယ်စင် said...

စကားထာလေး လာဖတ်သွားတယ်ရှင်..
ခင်မင်လျက်...မိုးနတ်ကြယ်စင်

Unknown said...
This comment has been removed by the author.

LinkWithin

Related Posts with Thumbnails