Monday, June 20, 2011

မရူးလွင့်ရန် လေ

မရူးလွင့်ရန် လေ
လို့ နာမည်ပေးထားတဲ့ ကဗျာစာအုပ်လေးဟာ အခက်အခဲများစွားကြားက စာမူခွင့်ပြုချက်အမှတ်၊ မျက်နှာဖုံးခွင့်ပြုချက်အမှတ် အားလုံးရရှိပြီးဖြစ်တဲ့အတွက် အခုအချိန်မှာ ပုံနှိပ်စက်တင်ဖို့ စတင်ပြင်ဆင်နေပါပြီ။
စာမျက်နှာ(၂၀၀) ခန့်ပါရှိလိမ့်မယ် ထင်ပါတယ်။ ရေးသားကြတဲ့ ကဗျာဆရာတွေကတော့ မောင်မင်းစိုး ဆူးရင့် စိုးမင်းအောင် လင်းသဏ်ညီ ညိုပြာဝိုင်တို့ ဖြစ်ကြပါတယ်။ ကဗျာဆရာတစ်ဦးလျှင် ပုဒ်ရေ(၂၀)ခန့် ပါရှိမယ်လို့ ခန့်မှန်းထားပါတယ်။ အခုလမကုန်ခင် ထွက်ရှိနိုင်ဖို့ ကြိုးစားနေကြဆဲပါ။ ကဗျာစာအုပ်ရဲ့ တန်ဖိုးကိုတော့ အတိအကျ မသတ်မှတ်ရသေးတဲ့အတွက် နားလည်ပေးစေလိုပါတယ်။ ခေတ်နဲ့ ဘ၀ကို ထင်ဟပ်စေတဲ့ ခေတ်ပေါ် ကဗျာအများစုကို ဖတ်ရှုခံစားရမှာ ဖြစ်ပါတယ်။ တစ်ခုခု ကျန်ရစ်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။
ဆူးရင့်

No comments:

LinkWithin

Related Posts with Thumbnails