Sunday, June 26, 2011

ကလေးများရဲ့  အနာဂတ်နေ့ရက်များအတွက် ရည်ရွယ်တဲ့ ရာဟုလာကလေးရုပ်စုံမဂ္ဂဇင်း ၂၀၁၁ ခုနှစ်၊ သြဂုတ်လအတွင်း ထွက်ရှိမည်

၂၀၁၁ ခုနှစ်၊ သြဂုတ်လမှ စတင်ကာ ရာဟုလာ ကလေးရုပ်စုံမဂ္ဂဇင်းဟာ ကလေးငယ်များကြား လစဉ် ရောက်ရှိ လာတော့မှာ ဖြစ်ပါတယ်။ မဂ္ဂဇင်းရဲ့  အဓိက ဦးစားပေးစာမျက်နှာများဖြစ်တဲ့ ဗုဒ္ဓဘာသာ၊ သာသနာနဲ့ ပတ်သက် ပြီး ယနေ့ခေတ် ကလေးငယ်များသာမက လူကြီးများပါ သိသင့်သိထိုက်တဲ့ အကြောင်းအရာများ ပါဝင်တဲ့ ဘာသာ ရေး အခြေခံရုပ်ပြ၊ ဘုရားအလောင်းသိဒ္ဓတ္ထမင်းသားရဲ့ သားတော်ရာဟုလာအကြောင်းရုပ်ပြ၊ မြန်မာသူရဲကောင်းများအကြောင်းရုပ်ပြ စတဲ့ ရုပ်ပြတွေကို မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာနဲ့ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မိဘများသိထားသင့်တဲ့ ကလေးကျန်းမာရေးဆောင်းပါးကဏ္ဍ၊ ကလေးများအတွက် အသိအလိမ္မာ၊ သုတရသအပြည့်အ၀ပေးမယ့် ကလေးကဗျာ၊ အက္ခရာကဗျာ၊ ကလေးပုံပြင်ဝတ္ထု၊ Notes for kids ၊ ထူးဆန်းထွေလာတို့ကမ္ဘာ၊ ပဟေဠိ၊ တီထွင်ဖန်တီးအရုပ်လုပ်နည်း၊ ကလေးတို့အချင်းချင်း ချစ်ခင်ရင်းနှီးစေမယ့် Fan Club ၊ စွန့်စားဖွယ်ရာ ရုပ်ပြ၀င်္ကပါ၊ အစက်လေးတွေ ဆက်ဆွဲကြရအောင်၊ ဆေးရောင်လှလှခြယ်ရအောင်၊ လွယ်လွယ် ပုံဆွဲကြရအောင်၊ ပြိုင်ပွဲများနဲ့ ကလေးမော်ဒယ်လ်ကဏ္ဍ၊ ဆရာစံ- ဇာဏီဘိုရဲ့  ကလေးရာသီခွင်ကဏ္ဍ စတဲ့ ကဏ္ဍများအပြင် တခြားကဏ္ဍပေါင်းများစွာကိုလည်း မဂ္ဂဇင်းတစ်အုပ်လုံး စက္ကူချော၊ Size ကြီး ၊ လေးရောင် စာမျက်နှာများဖြင့် အရည်အသွေး အဆင်အပြင်ကောင်းကောင်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

စာမူပေးပို့လိုပါက

သို့၊

အယ်ဒီတာအဖွဲ့

ရာဟုလာကလေးရုပ်စုံမဂ္ဂဇင်း

အမှတ် ၄၀၈ ၊ ဗညားဒလလမ်း၊

ဗျိုင်းရေအိုးစင်ကွက်သစ်ရပ်ကွက်

တာမွေမြို့ နယ်၊ ရန်ကုန်မြို့ သို့ လိပ်မူပြီး ရေးသားပေးပို့နိုင်ပါတယ်။

No comments:

LinkWithin

Related Posts with Thumbnails