Monday, January 17, 2011

ပ င့် ကူ

ဒီနားလေး အထိ မရောက်ခင်

ရှေ့ရှေှးတုန်းက

ရှေ့

နောက်

ဘယ်..............................ညာ

.........အလယ်တည့်တည့်...........

ရင်ထဲက အမျှင်တွေ

တဖြည်းဖြည်း

တ ဖြည်း ဖြည်း

တ ဖြ ည်း ဖြ ည်း

တြ ဖ ည်းြ ဖ ည်း

တြ ဖ ည်းြ ဖ ည်း

တြ ဖ ည်းြ ဖ ည်း

ဖြတ်/ဖြတ် နင်း/သွား

ကော်ဖီခွက်ထဲ တစ်ညလုံး နစ်နေတယ်။

လမင်း

မင်း

တိမ်တိုက်ထဲက ထွက်/ထွက်ပြီး လင်း

ဟင်းလင်းပြင် ဟင်းလင်းပွင့်ထွက် သားဟင်း ငါးဟင်း ဟင်းသီး ဟင်းရွက်

ဟင်းးးးးးးးခနဲ့ သက်ပြင်းချသံ

ကြက်ဟင်းခါးသီး အရသာလို တဟင်းဟင်း ရယ်သံ

အတ္တာဟိ အတ္တနော နတ္ထိ

(ဗုဒ္ဓ)

အရင် ရှေးဦး အစ နိဒါန်း ပထမ

လမင်းက ဘယ်သူ ဘယ်ဝါ ဘယ်မှာ ဘယ်သို့ စာသား

ဗျည်း သရ ခဲယမ်း မီးကျောက် မိုင်းများ

လက်နက်ကိုင် ညနေခင်းရဲ့ စီးနင်းသိမ်းပိုက်မှု

ခံ

စား

ခံရခက်သူသာ စားသောက်နေရတဲ့ ဝေါဟာရှ

ဗိုက်ထဲမှာ အစာမရှိတော့ ရင်ခုန်/တုန်နေတာ

ခင်ဗျား.......................

.............................သူ

........ငါ ဘာကောင်လဲ......

ရိုးရိုးလေး အရူးရင့်နေတဲ့ ယင်ကောင်လား

ကောင်မလေးတစ်ယောက်ရဲ့ ကောင်းကင်လား

လမင်းလား

မင်းလား..................ငါလား

ရှုပ်ထွေးမှုသက်သက်လား

ရင်ထဲကအမျှင်တွေ

တဖြည်းဖြည်း

တ ဖြည်း ဖြည်း

တ ဖြည်း ဖြည်း

တြ ဖ ည်းြ ဖ ည်း

တြ ဖ ည်းြ ဖ ည်း

ဖြတ်

/ဖြတ်

နင်း/သွား

ကော်ဖီရောင် ညထဲ နစ်ဝင်သွားတဲ့ သူ

ပင့်ကူ ။ ။

ဆူးရင့်၊တန့်ဆည်၊

No comments:

LinkWithin

Related Posts with Thumbnails