Monday, January 17, 2011

ပုံ တူ က ဗျာ

ရှုံ့သည် (ဖော်ရွေစွာ) နှာခေါင်းကို ရှုံ့ပြီး မျက်နှာကို မဲ့ရွဲ့ကာ တစ်ကိုယ်လုံး (ကွေးကွေးကောက်ကောက်) လိမ်ဖယ်နေမိသည် အိပ်မက်မက်တတ် (ခရီးသွားတာနဲ့ ကြုံလိုက်) မျက်ရည်ကျတတ် (တစ်နေရာကို ဘယ်နေရာကို ပြောတတ် ညွှန်တတ်) ပါသည်ဟု ချစ်ခြင်းဖြင့် ပြောသည် မသမာတာတွေနဲ့ (သာသာယာယာ အစစ်) အပေါင်းအသင်း မလုပ်ဘူးဟု ကျိန်တွယ်ဝံ့ပါသည် (သူ ဘာပြောလိုက်တာလဲ) တစ်ယောက်တည်း ရှိနေရင်း (ဂျစ် ဂျစ် ဂျစ် ဂျစ်) စကားပြောဖြစ်သည့်အခါ ပြောသည် (အပျက်အယွင်းများကို စိတ်နှင့် ဆတူ ရောနှောမွှေစပ်ထားသည်) ထိခိုက်ဒဏ်ရာရသမား (ဟမ်) ကိုယ်ဖြစ်နေပါပြီ (ပြည့်၊ ညို၊ လင်း၊ ဆူး၊ ကျေး…ဟေး) မင်းတို့မှာရော ဆေးဝါးရှိသလား အားလုံးဆိုးဝါးဆဲဆိုတော့ အမှောင်ဟင်းလင်းထဲမှာ (ဒယ်ဒီ မာမီ) ဘာမှ မရှိနှလုံးသားရှိမည် ထင်သည့် နေရာ လက်ညှိုးညွှန်ရင်း (စစ်) လက်ညှိုးကလေး ပြတ်ကျသွားသည် (ဘတ်လတ်) အရေပြား အသွေးအသားထဲကို (ဘေးကို၊ အရှေ့ကို၊ အနောက်ကို၊ တောင်ကို၊ မြောက်ကို) ကြည့်ကြစမ်း မျှော်လင့်ချက်ခမျာ (အချစ်) ဘယ်ကို မျက်နှာလှည့်ထားရမှန်းတောင် မသိ (အား…အူး…) ခေါင်းငိုက်စိုက်ထားခဲ့ရသည် (ကျိုးကျနေသယောင်ဟူသော မှတ်ထင်မှုကို ပစ်ပယ်သင့်သည်) ယခုပင် အရုဏ်ဟု ထင်ကာ အပြေးအလွှား သွားမိပြီး (မှောက်) အမှောင်ဆုံး အမှောင်ဖုံး ဖြစ်နေသည် အိပ်မက်ထဲမှာ ချစ်ပါတယ်ဟု ကြင်နာစွာ လက်ကို တွဲထားကြသည် တကယ့်ဘ၀မှာ သူစိမ်းဆန်ဆန် (သူတို့ စိမ်းကား ကားလွန်း) နေကြသည် အတ္တကို (တစ်စုံတစ်ရာကို) ကုတ်ကတ် (ကပ်သုံးပါး) အခိုင်အမာ ဖက်တွယ်ထားကြသည် တစ်စက္ကန့် တစ်ကြိမ် ကမ္ဘာကြီးကို ထကြည့် စမ်း (ထိုင်ကြည့် ရပ်ကြည့် မျိုးစုံကြည့်စမ်း) သူတစ်ခုခု ဖြစ်နေပြီ (ပျက်နေ ကြေနေ မွနေပြီ) မီးးးးးးးးးအလွန်ထိတ်လန့်နေသည် ကဗျာဖတ်မလား မေးလိုက်တော့ ဟင့်အင်း နိုး ဒဏ်ရာတွေနဲ့ဟု (ငြိမ်သက်) ခေါင်းခါ ငြင်းဆန်သည် သူနဲ့သာဆိုရင်ဟု သူပြောနေသည် (သူနဲ့သာဆိုရင် သီချင်းကို တီးတိုး ညည်းဆိုနေသည်) ဘယ်သူနဲ့လဲ ဆက်မေးတော့ အချစ်နဲ့ လကွယ်ပြီး ဖုံးပြီး ညမှာ ဝေးပြီ သေပြီဟု (ဝေးဝေး သေပြီဟု) ရေရွတ်ပြောနေသည် (လွတ် လွတ် လွတ် လွတ်) စီးကရက်ကို မျှဉ်းဖွာနေသည် (မီးကို သတ်ပစ်လိုက်သည်) သူ့ကမ္ဘာပုံတူ ရေးပြစမ်းပါဟု သူပြောနေသည် (အလကား) ကိုယ်ရေးဆွဲရာမှာ ကိုယ့်ပုံတူချည်း ဖြစ်နေသည် အကြမ်းပတမ်း တိုက်စားမှုများ မရှိတော့ရင် ပျော်ရွှင်ဖွယ်ရာ ပန်းများ ပွင့်နိုင်ပါသည်ဟု မျက်စိမှိတ်ပြီး (နိုး) ကိုယ်ယုံကြည်မိသည် ယခုသူ့ပုံတူက (စိုးမင်းအောင် သူရနီ ဆူးရင့် လင်းသဏ်ညီ ညိုပြာဝိုင် ဆူးခက်မင်း ကျေးတော်မျိုး ခိုင်ပြည့်စုံ မောနွေ စသဖြင့်) နှာခေါင်းကို ရှုံ့ မျက်နှာကို မဲ့ရွဲ့ကာ တစ်ကိုယ်လုံး လိမ်ဖယ်နေသည် ခါးသီးမှုတွေကို အောင့်အည်းပြီး (ဝေါ့) ဘယ်လိုမှ ဖျောက်ဖျက်ရေးလို့ ရမှာ မဟုတ်ပါဘူးဆိုကာ ကိုယ်လဲကျ ဆွေးကျသည် (သူ) လဲကျ ဆွေးကျသည် ဆွေးဆွေးလဲလဲကျနေသည်

ဆူးရင့် စိုးမင်းအောင်

၂၀၁၀၊ နိုဝင်ဘာ၊ ၁၉

၎ နာရီ ၂၃ မိနစ် အားလုံး ပြီးဆုံးသွားသည်

ရည်ညွှန်း။ ။ ရည်ရွယ်ချက် သို့မဟုတ် ဆုံးဖြတ်ချက်တစ်ခုကို ဖော်ပြရန်*

သာလွန်

မြန်မာ - အင်္ဂလိပ် အိတ်ဆောင်အဘိဓာန် စာမျက်နှာ ၈၈၀ မှ ။

No comments:

LinkWithin

Related Posts with Thumbnails