Saturday, July 9, 2011

မရူးလွင့်ရန် လေ ကဗျာစာအုပ် မိတ်ဆက်ပွဲ ဖိတ်ကြားလွှာ

မောင်မင်းစိုး၊ ဆူးရင့်၊ စိုးမင်းအောင်၊ လင်းသဏ်ညီ၊ ညိုပြာဝိုင်တို့ ရေးတဲ့ ကဗျာများကို ရိုက်နှိပ်ဖော်ပြထားတဲ့ မရူးလွင့်ရန် လေ အမည်ရှိတဲ့ ကဗျာစာအုပ်ထွက်ရှိခြင်း အမှတ်တရပွဲအဖြစ် ပန်းဆိုးတန်းအထက်လမ်းမှာ ရှိတဲ့ အင်းဝစာအုပ်တိုက်မှာ

၂၀၁၁ ခုနှစ်၊ ဇူလိုင်လ၊ ၁၆ ရက်( စနေနေ့ ) နေ့လယ် ၂ နာရီကနေ ညနေ ၄ နာရီအထိ သူငယ်ချင်း၊ ကဗျာချစ်သူ ညီအစ်ကို မောင်နှမများနဲ့ နွေးထွေးစွာ တွေ့ဆုံကျင်းပပြုလုပ်သွားမှာ ဖြစ်ကြောင်း နွေးထွေးစွာ အသိပေး ဖိတ်ကြားအပ်ပါတယ်။

ကဗျာချစ်သူများအားလုံးကို ကျွန်တော်တို့ မရူးလွင့်ရန် လေ ကဗျာရေးသူများက စောင့်မျှော်ကြိုဆိုနေပါ့မယ်
စာအုပ်ထွက်ရှိခြင်း အမှတ်တရ မိတ်ဆက်ပွဲနေ့မှာ မရူးလွင့်ရန် လေ ကဗျာစာအုပ်ကို ၀ယ်ယူအားပေးကြတဲ့ ကဗျာချစ်သူများအတွက်လည်း 20% လျော့ဈေးနဲ့ ရောင်းချသွားမယ့်အကြောင်းသတင်းကောင်းပါးလိုက်ပါတယ်။


မရူးလွင့်ရန် လေ ကဗျာစာအုပ်မှ ကဗျာရေးသူများ
မောင်းမင်းစိုး၊ ဆူးရင့်၊ စိုးမင်းအောင်၊ လင်းသဏ်ညီ၊ ညိုပြာဝိုင်

No comments:

LinkWithin

Related Posts with Thumbnails