Monday, May 2, 2011

ရရနေတယ် သတိ လည်လည်နေတယ်

အသိတစ်ယောက်က လူကြုံနဲ့ မေးလိုက်တာ သူ့သတိရလား နေကောင်းလားဆိုရင် အရာရာအိုကေပါစေပေါ့ နေ့လယ်နှစ်နာရီမှာ အခုလိုနေပူကြီးမျိုးဆိုရင် အေးချမ်းပါစေပေါ့ ဆေးရုံလည်း ဆင်းနိုင်ပါစေပေါ့ကွာ ဘတ်စ်ကားကျပ်သလိုလား မြို့ပြမှာ ဘ၀ဆိုတာ အနေကျပ် အသေကျပ်ပဲကွာ ငါ့စိတ်တွေလည်း မွန်းကျပ်ကျပ် ကျပ်ငွေမရှိတဲ့ ဖြတ်သန်းမှုဟာ ချပ်ချပ်ရပ်ရပ် ကျဉ်းမြောင်းလို့ ခန္ဓာကိုယ်ဟာလည်း ကျသွားတယ် ကျကျပြီးရင်း ကျလို့ပေါ့ကွာ မျက်ကွင်းတွေလည်း ကျသွားတယ် လမ်းပေါ် ဖြတ်ပြေးနေကြတဲ့ လူအပူလှိုင်းတွေ ကျဖို့ ဘာလိုမလဲ လိုင်းကျသွားတယ် နေထိုင်မကောင်းလည်း ဖြစ်သွားတယ် အဆိပ်ရည်တွေ တမျှားမျှား နှလုံးသားပြီးရင် နှလုံးသားထဲမှာရော ဘာဖြစ်နိုင်သလဲ နောက်ထပ်ဘယ်လိုအဆိပ် တွေ့နိုင်သလဲ စိတ် စိတ်ကလည်း နည်းနည်းတော့ ပူပန်ပါတယ် ငိုမနေနဲ့ဆိုရင် မင်းမငိုနဲ့ပဲ ငါငိုမယ် ငိုခြင်းက အဆုတ်ကို အားကောင်းတယ် ဟေး ဟန်နီ အဆိုးမများနဲ့ဆိုရင်လည်း အဆိုးမများနဲ့ပဲ ဆိုးဆိုးဝါးဝါးအိပ်မက်မှာ ယောင်ယမ်းပြီး အော်ပြောမိတယ် အိုး အဆုတ်မှာ အမှားမှိုင်း မိုင်းတွေ ခွဲမပစ်နဲ့ သတိတစ်ချက်တစ်ချက် ခဏခဏတော့ ရပါတယ် ရရတာတွေ သတိလည်လည်သွားတယ် လည်နေတဲ့ ချားထဲမှာ ချား ချောက်ချားတာတွေ လန့်မိတာတွေ အိုး ဟိုး ချောက်ချားလန့်မိတာတွေ တစ်ယောက်တည်းဆိုရင်လည်း တစ်ယောက်တည်းပဲ ကိုယ်ခန္ဓာကွေးကောက်သွားအောင် ခံနိုင်ရည်တွေလည်း အကြောဆိုင်းသွားတယ် ပြေးထွက်တယ်ဆိုရင်လည်း ပြေးထွက်တာပဲ လွတ်လည်း မလွတ်တဲ့ နံရံတွေ မြို့ပြတွေ အကြောင်းအကြောင်းတွေ အဖြစ်အပျက် ဖြစ်ပျက်တာတွေ အိုင်းအနာကို အိုင်းအနာဖြစ်ဖူးမှသာ ခံရသိခဲ့ ကိုယ်မေးပါတယ် ကိုယ်ဘယ်လိုလဲ နေကောင်းလား မနက်ဖြန် လွတ်ကွဲမယ့် နေ့ရက်ထဲမှာလား သတိရလားဆိုရင် မင်းအရာရာ အိုကေပါစေပေါ့ သတိရရနေပါတယ် ရရနေတဲ့ သတိ လည်လည်သွားတယ် အခုသွားတယ် သတိရရမှုဆီ အလွယ်လမ်းက လည်လည်သွားတယ်။

ဆူးရင့် စိုးမင်းအောင်

Monday, January 17, 2011

အေ မ့ ဆီ မ ပို့ ဖြ စ် တဲ့ စာ တ စ်ေ စာ င်

အိပ်လို့ မရတဲ့ ရက်တစ်ပတ်ဟာ ပြန်ကွေ့ဝင်လာတယ်

ကဆုန်ပေါက်ထွက်ပေါ်လာတဲ့ ချောင်းဆိုးသံဟာ

ရင်ဘတ်ကို ဖြတ်ဖြတ်နင်းသွား… လည်ချောင်ကို ဖြတ်ဖြတ်နင်းသွား

သွေးစတွေ ရဲခနဲ့ အသက်ဓာတ်ကို နှုတ်ယူနေကြပြီ ။

တန့်ဆည်မှာ မိုးရွာလား အမေ

လောက ချွေးသီးချွေးပေါက်ဓားနဲ့ စိုရွှဲရင်း အအေးမိခဲ့ပါတယ်

ခန္ဓာဆီ ပြန်ကပ်ခွင့် မရှိတဲ့ ၀ိညာဉ်တစ်ကောင်လို

နေထိုင်မှုက မကျွတ်လွတ်လိုက်တာ အမေ

မိသားစု အသိုက်အမြုံဆီ ပြေးဝင်လာချင်ပေမယ့်

မီးလောင်ဒဏ်ရာ အဖုအပိန့်နဲ့ ပြေးပြေးလွှားလွှား ပြေးနေရဆဲပါ ။

ခွေးသေတစ်ကောင်ရဲ့ အပုတ်နံ့လို

သားရဲ့ သတင်းဟာ နံစော်နေလိမ့်မယ်

လောက်တရွရွ အနာဂတ်ဟာ ရေချိုးခန်း မ၀င်ဖြစ်ဘူး

တီရှပ်အင်္ကျီနဲ့ အ၀တ်အထည်တွေ

အခန်းကျဉ်းလေးထဲ ချဉ်စုတ်စုတ် အမှတ်အသားက မှိုပေါက်နေရဲ့ ။

လွန်ခဲ့တဲ့ နှစ်က အသက်နဲ့ လဲထားရတဲ့

စီးကရက်တွေ ပြန်သောက်နေတာအမေသိရင် ရင်ကျိုးမလား

ဆရာဝန်က ဖြတ်ဖို့ ပြောတိုင်း

ကျွန်တော်က အဆုတ်ကို မှိုင်းတိုက်နေတာ သေချင်လို့တဲ့ ။

ကိုယ့်ကိုယ်ကို ပြန်ရှာကြည့်တော့ တံခါးချပ်တွေ ပိတ်နေတာ

မျှော်လင့်ချက်နဲ့ လွဲချော်တာ၊ ခေါင်းမာတာ၊ ကန့်လန့်တိုက်တာ

ရွေးခြယ်ထားတဲ့ ကဗျာဆရာဘ၀ဟာ

ခဲဖျက် ကော်ရရှင်နယ်ပင်းလ် မလိုပါ၊ backspace/deleteနဲ့ ဖျက်ဖို့ မလိုပါ ။

မနက်ခင်းတွေ တစ်ရက်ပြီး တစ်ရက် ပွင့်ပွင့်လာတိုင်း

စာနာစိတ်တွေ ပိတ်ပိတ်သွားကြတဲ့ လူတွေကို

ကြောက်နေရတယ် ကြောက်ကြောက်နဲ့ နေနေရတယ်၊

ကြောက်နေတဲ့ စိတ်တွေ ရတယ်

မာခဲနေတဲ့ စိတ္တဇရင်ခုန်နှုန်းဟာ ဟိုအဝေးဆီ ရှည်ဝေးလို့ ဝေးသွားလိုက်

ဒီလူ ဒီမျက်နှာ ဒီအခြေအနေနဲ့ ရွာကို မပြန်ချင်သေးဘူးအမေရယ်

အစာအိမ်နံရံတွေ မကျွမ်းလောင်ဖို့ ပြေးလွှားရဦးမယ်

ကမ္ဘာကြီး ငြိမ်းချမ်းဖို့ တိုက်ပွဲဝင်ရဦးမယ် ။

တိုက်တာ ၀င်းခြံအကြောင်း၊ ဇိမ်ခံကား ဘဏ်စာအုပ်နဲ့ ဟမ်းဖုန်းအကြောင်း

အဲကွန်း တီဗွီ ရေခဲသေတ္တာနဲ့ ကွန်ပျူတာ အင်တာနက်အကြောင်း

မသီဆိုနိုင်တော့တဲ့ သီချင်းတွေပါ အမေရယ် ။

ပြန်ကောင်းလာမှာ မဟုတ်တော့တဲ့

အဆုတ်ထဲ ကာဗွန်ဒိုင်နောက်ဆိုက်၊

နီကိုတင်းအမျိုးပေါင်း နှစ်ဆယ်ကျော်၊ ဗာဂျီးနီးယား....

ဆက်တိုက် ရှိုက်သွင်းနေမိတဲ့ ငမိုက်သားတစ်ယောက်အတွက်

နာရေးသတင်းကို နားစွင့်ပေးပါဦး အမေ.......။ ။

ဆူးရင့်၊တန့်ဆည်၊


ပ င့် ကူ

ဒီနားလေး အထိ မရောက်ခင်

ရှေ့ရှေှးတုန်းက

ရှေ့

နောက်

ဘယ်..............................ညာ

.........အလယ်တည့်တည့်...........

ရင်ထဲက အမျှင်တွေ

တဖြည်းဖြည်း

တ ဖြည်း ဖြည်း

တ ဖြ ည်း ဖြ ည်း

တြ ဖ ည်းြ ဖ ည်း

တြ ဖ ည်းြ ဖ ည်း

တြ ဖ ည်းြ ဖ ည်း

ဖြတ်/ဖြတ် နင်း/သွား

ကော်ဖီခွက်ထဲ တစ်ညလုံး နစ်နေတယ်။

လမင်း

မင်း

တိမ်တိုက်ထဲက ထွက်/ထွက်ပြီး လင်း

ဟင်းလင်းပြင် ဟင်းလင်းပွင့်ထွက် သားဟင်း ငါးဟင်း ဟင်းသီး ဟင်းရွက်

ဟင်းးးးးးးးခနဲ့ သက်ပြင်းချသံ

ကြက်ဟင်းခါးသီး အရသာလို တဟင်းဟင်း ရယ်သံ

အတ္တာဟိ အတ္တနော နတ္ထိ

(ဗုဒ္ဓ)

အရင် ရှေးဦး အစ နိဒါန်း ပထမ

လမင်းက ဘယ်သူ ဘယ်ဝါ ဘယ်မှာ ဘယ်သို့ စာသား

ဗျည်း သရ ခဲယမ်း မီးကျောက် မိုင်းများ

လက်နက်ကိုင် ညနေခင်းရဲ့ စီးနင်းသိမ်းပိုက်မှု

ခံ

စား

ခံရခက်သူသာ စားသောက်နေရတဲ့ ဝေါဟာရှ

ဗိုက်ထဲမှာ အစာမရှိတော့ ရင်ခုန်/တုန်နေတာ

ခင်ဗျား.......................

.............................သူ

........ငါ ဘာကောင်လဲ......

ရိုးရိုးလေး အရူးရင့်နေတဲ့ ယင်ကောင်လား

ကောင်မလေးတစ်ယောက်ရဲ့ ကောင်းကင်လား

လမင်းလား

မင်းလား..................ငါလား

ရှုပ်ထွေးမှုသက်သက်လား

ရင်ထဲကအမျှင်တွေ

တဖြည်းဖြည်း

တ ဖြည်း ဖြည်း

တ ဖြည်း ဖြည်း

တြ ဖ ည်းြ ဖ ည်း

တြ ဖ ည်းြ ဖ ည်း

ဖြတ်

/ဖြတ်

နင်း/သွား

ကော်ဖီရောင် ညထဲ နစ်ဝင်သွားတဲ့ သူ

ပင့်ကူ ။ ။

ဆူးရင့်၊တန့်ဆည်၊

ပုံ တူ က ဗျာ

ရှုံ့သည် (ဖော်ရွေစွာ) နှာခေါင်းကို ရှုံ့ပြီး မျက်နှာကို မဲ့ရွဲ့ကာ တစ်ကိုယ်လုံး (ကွေးကွေးကောက်ကောက်) လိမ်ဖယ်နေမိသည် အိပ်မက်မက်တတ် (ခရီးသွားတာနဲ့ ကြုံလိုက်) မျက်ရည်ကျတတ် (တစ်နေရာကို ဘယ်နေရာကို ပြောတတ် ညွှန်တတ်) ပါသည်ဟု ချစ်ခြင်းဖြင့် ပြောသည် မသမာတာတွေနဲ့ (သာသာယာယာ အစစ်) အပေါင်းအသင်း မလုပ်ဘူးဟု ကျိန်တွယ်ဝံ့ပါသည် (သူ ဘာပြောလိုက်တာလဲ) တစ်ယောက်တည်း ရှိနေရင်း (ဂျစ် ဂျစ် ဂျစ် ဂျစ်) စကားပြောဖြစ်သည့်အခါ ပြောသည် (အပျက်အယွင်းများကို စိတ်နှင့် ဆတူ ရောနှောမွှေစပ်ထားသည်) ထိခိုက်ဒဏ်ရာရသမား (ဟမ်) ကိုယ်ဖြစ်နေပါပြီ (ပြည့်၊ ညို၊ လင်း၊ ဆူး၊ ကျေး…ဟေး) မင်းတို့မှာရော ဆေးဝါးရှိသလား အားလုံးဆိုးဝါးဆဲဆိုတော့ အမှောင်ဟင်းလင်းထဲမှာ (ဒယ်ဒီ မာမီ) ဘာမှ မရှိနှလုံးသားရှိမည် ထင်သည့် နေရာ လက်ညှိုးညွှန်ရင်း (စစ်) လက်ညှိုးကလေး ပြတ်ကျသွားသည် (ဘတ်လတ်) အရေပြား အသွေးအသားထဲကို (ဘေးကို၊ အရှေ့ကို၊ အနောက်ကို၊ တောင်ကို၊ မြောက်ကို) ကြည့်ကြစမ်း မျှော်လင့်ချက်ခမျာ (အချစ်) ဘယ်ကို မျက်နှာလှည့်ထားရမှန်းတောင် မသိ (အား…အူး…) ခေါင်းငိုက်စိုက်ထားခဲ့ရသည် (ကျိုးကျနေသယောင်ဟူသော မှတ်ထင်မှုကို ပစ်ပယ်သင့်သည်) ယခုပင် အရုဏ်ဟု ထင်ကာ အပြေးအလွှား သွားမိပြီး (မှောက်) အမှောင်ဆုံး အမှောင်ဖုံး ဖြစ်နေသည် အိပ်မက်ထဲမှာ ချစ်ပါတယ်ဟု ကြင်နာစွာ လက်ကို တွဲထားကြသည် တကယ့်ဘ၀မှာ သူစိမ်းဆန်ဆန် (သူတို့ စိမ်းကား ကားလွန်း) နေကြသည် အတ္တကို (တစ်စုံတစ်ရာကို) ကုတ်ကတ် (ကပ်သုံးပါး) အခိုင်အမာ ဖက်တွယ်ထားကြသည် တစ်စက္ကန့် တစ်ကြိမ် ကမ္ဘာကြီးကို ထကြည့် စမ်း (ထိုင်ကြည့် ရပ်ကြည့် မျိုးစုံကြည့်စမ်း) သူတစ်ခုခု ဖြစ်နေပြီ (ပျက်နေ ကြေနေ မွနေပြီ) မီးးးးးးးးးအလွန်ထိတ်လန့်နေသည် ကဗျာဖတ်မလား မေးလိုက်တော့ ဟင့်အင်း နိုး ဒဏ်ရာတွေနဲ့ဟု (ငြိမ်သက်) ခေါင်းခါ ငြင်းဆန်သည် သူနဲ့သာဆိုရင်ဟု သူပြောနေသည် (သူနဲ့သာဆိုရင် သီချင်းကို တီးတိုး ညည်းဆိုနေသည်) ဘယ်သူနဲ့လဲ ဆက်မေးတော့ အချစ်နဲ့ လကွယ်ပြီး ဖုံးပြီး ညမှာ ဝေးပြီ သေပြီဟု (ဝေးဝေး သေပြီဟု) ရေရွတ်ပြောနေသည် (လွတ် လွတ် လွတ် လွတ်) စီးကရက်ကို မျှဉ်းဖွာနေသည် (မီးကို သတ်ပစ်လိုက်သည်) သူ့ကမ္ဘာပုံတူ ရေးပြစမ်းပါဟု သူပြောနေသည် (အလကား) ကိုယ်ရေးဆွဲရာမှာ ကိုယ့်ပုံတူချည်း ဖြစ်နေသည် အကြမ်းပတမ်း တိုက်စားမှုများ မရှိတော့ရင် ပျော်ရွှင်ဖွယ်ရာ ပန်းများ ပွင့်နိုင်ပါသည်ဟု မျက်စိမှိတ်ပြီး (နိုး) ကိုယ်ယုံကြည်မိသည် ယခုသူ့ပုံတူက (စိုးမင်းအောင် သူရနီ ဆူးရင့် လင်းသဏ်ညီ ညိုပြာဝိုင် ဆူးခက်မင်း ကျေးတော်မျိုး ခိုင်ပြည့်စုံ မောနွေ စသဖြင့်) နှာခေါင်းကို ရှုံ့ မျက်နှာကို မဲ့ရွဲ့ကာ တစ်ကိုယ်လုံး လိမ်ဖယ်နေသည် ခါးသီးမှုတွေကို အောင့်အည်းပြီး (ဝေါ့) ဘယ်လိုမှ ဖျောက်ဖျက်ရေးလို့ ရမှာ မဟုတ်ပါဘူးဆိုကာ ကိုယ်လဲကျ ဆွေးကျသည် (သူ) လဲကျ ဆွေးကျသည် ဆွေးဆွေးလဲလဲကျနေသည်

ဆူးရင့် စိုးမင်းအောင်

၂၀၁၀၊ နိုဝင်ဘာ၊ ၁၉

၎ နာရီ ၂၃ မိနစ် အားလုံး ပြီးဆုံးသွားသည်

ရည်ညွှန်း။ ။ ရည်ရွယ်ချက် သို့မဟုတ် ဆုံးဖြတ်ချက်တစ်ခုကို ဖော်ပြရန်*

သာလွန်

မြန်မာ - အင်္ဂလိပ် အိတ်ဆောင်အဘိဓာန် စာမျက်နှာ ၈၈၀ မှ ။

သ တိ လ က် လွ တ် အ ခို က် အ တ န့် စိ တ် အေ ခြ အေ န ပြ နံ ပါ တ် စ ဉ် များ

၁။ တစ်ခုခုပဲ အချိန်မီ ပြန်မရောက်တာ တစ်ခုခု၊ ရုတ်တရက် နာကျင်ထိရှခြင်းဟာ တစ်ခုခု

၂။ စိုးရိမ်ထိတ်လန့်ဖွယ်ရာတွေကို တစ်ခုခုလို့ အော်ပြီး ပြောမိတယ် အဲဒါလည်း တစ်ခုခုပဲ

၃။ ကိုယ်နဲ့ အနီးဆုံး အမှောင်ထုအပေါ် အမှောင်တွေ လာပိတ်ဖုံးနေတယ်၊ ရာဇ၀င်၊ သမိုင်း၊

၎။ သတင်းအချက်အလက်၊ ဖိုင်တွဲများ၊ အသက်ရှင်မှု၊ ဆန်းဒေးတိမ်ပြာပြာနေ့တစ်နေ့ဟာ ပျော်ရွှင်ခြင်းများ ပျောက်ရှနေတယ်

၅။ တကယ် စည်းမျဉ်းတွေ ဘောင်တွေ နံရံတံတိုင်းတွေဟာ ကျမ်းစာအုပ်ထူထူကြီးထဲ တစ်ခုခုလို ပျင်းရိမွန်းကျပ်နေကြတယ်

၆။ ၀ိုး….ရန်ကုန်ကဗျာစာမျက်နှာမှ နွေးထွေးလှိုက်လှဲခြင်းအတိဖြင့် ဆက်လက်ရေးသားဖော်ပြနေပါတယ်

၇။ စက်ရုပ်တွေ လူသားဆန်လာသလို ခေတ်က မကောင်းဆိုးဝါးဆန်လာတယ်

၈။ လူသားတွေဟာ စက်ရုပ်ဆန်လာပြီး နည်းပညာနဲ့ လိင်ဆက်ဆံလာကြတယ် လိင် လိမ် လိမ်ယှက် မစစ်မမှန်

၉။ အစစ်အမှန် လူ့အဖွဲ့အစည်း အရေပြားအောက် စီးပွားရေး လု၊ စားဝတ်နေရေး ပညာရေး လု၊ လူဆိုတော့ ရသမျှ လု

၁၀။ သွေးကြောမျှင်တွေ ပျောက်ဆုံးပြီး ၀ါယာကြိုးမျှင်တွေသာ များမြောင်ရှုပ်ထွေးလာနေကြတယ်

၁၁။ ၀ိုး အန္တရာယ်ဆိုတာ အန္တရာယ်ရှိတဲ့ အန္တရာယ်ပဲ ဖြစ်ပါတယ်

၁၂။ သတိထားပါ၊ တိုင်ပင်ပါ၊ ညှိနှိုင်း ဆွေးနွေး ပြောဆိုပါ

၁၃။ ရင်ညွန့်က အစ စိတ်ညွန့်တစ်ခုလုံး ပုပ်ပွလာစေပါတယ်

၁၄။ နေမကောင်းဘူး ၀ူး…အောက်ပါ မေးခွန်းများကို ဖြေဆိုစရာ မလိုပါ

၁၅။ သူဘယ်လို နေသေးလဲ၊ ကောင်းကောင်းဆိုးဆိုး အခြေနဲ့ အနေ အမှိုက်အစအန တစ်ခုခုကို ငေးမောကြည့်ပါ

၁၆။ အဆွေးပေါင်ချိန်တွေ တက်လာနေတယ် မိုးနတ်မင်းရဲ့ ဒဏ်ခတ်ခြင်းလိုလို

၁၇။ စိတ္တဇခုန်နှုန်းလည်း မြင့်နေတယ် မြေနတ်မင်းရဲ့ အပြစ်ပေးခြင်းလား

၁၈။ နှလုံးသားဟောက်ပက်နဲ့ လဲကျနေတယ် ရေနတ်မင်းရဲ့ ရိုက်နှက်ဆုံးမခြင်းလား

၁၉။ အရမ်းနာကျင်တယ် သူယောင်အော်မိတဲ့ ရောင်ကိုင်းကိုင်း အသံနက်ကြီးကိုလည်း ထစမ်းမိတယ်

၂၀။ ရုတ်တရက်ပါပဲ တစ်ခုခုအတွက် တစ်ယောက်ယောက်ကို စောင့်နေသလား

၂၁။ တစ်ယောက်ယောက်အတွက် တစ်ခုခုကို မျှော်နေသလား မောပါတယ်

၂၂။ လောင်ကွင်းထဲ ပြာကျနေနိုင်လွန်းပါတယ်

၂၃။ အ အချစ် အအအ အချစ်ချစ် ထစ်ထစ် ထစ် ငေါ့ငေါ့ သူရေရွတ်မိပြန်တယ်

၂၄။ သူ့နှုတ်ခမ်းကို သူကိုက်တယ်

၂၅။ ထွက်လာနေတဲ့ သွေးတွေကို လက်ညှိုးနဲ့ သုတ်ယူပြီး ကမ္ဘာကြီးပုံ သူဆွဲတယ်

၂၆။ ကမ္ဘာကြီးလည်း ဒဏ်ရာနဲ့ ကဗျာလေးလည်း ဒဏ်ရာနဲ့ ချာချာလည်နေပြီ ချာချာလည်နေအောင် သူငိုတယ်

၂၇။ မျက်ရည်စက်တွေနဲ့ ကမ္ဘာကြီး ရွှဲနစ် အခုမျက်ရည်မြစ်ကြီးထဲ ကဗျာလှေကလေး မျောလည်နေတယ်

၂၈။ ဒဏ်ရာကို လက်သီးနဲ့ ထိုးပြီး ကြောက်ရွံ့မှုနဲ့ ချောက်ချားဖွယ်ရာတွေကို လျှော့ချပစ်မိတယ်

၂၉။ တစ်ခုခုပဲ၊ အဆက်မပြတ်_ထိ_ခိုက်_ နာ_ကျင်စေတာဟာလည်း လူ့အဖြစ်ရဲ့ တစ်ခုခုပဲ

၃၀။ သူသတိလက်လွတ်ပြောလိုက်မိတယ် ပိုက်ဆံမရှိတာလည်း တစ်ခုခုပဲ

၃၁။ သုံးဆယ့်တစ်ဘုံ သံသရာပြဇာတ်ရှည်ကြီးလည်း တစ်ခုခုပဲ

စိုးမင်းအောင် ဆူးရင့် ရေးသားနေပါတယ် ဆူးရင့် စိုးမင်းအောင် ရေးသားနေပါတယ်

ရေနဲ့ ညစ်ညမ်းတဲ့ အသား စိတ်ကို ဆေးနေပါတယ်

ဆေးချနေပါတယ်

ကျနေတဲ့ ဆေးကို ကဗျာအနှံ့ ပွတ်သုတ်မိတယ်

စိုးမင်းအောင် ဆူးရင့်

LinkWithin

Related Posts with Thumbnails