Wednesday, October 13, 2010

အသံကြောင်ကြောင် သေနေတဲ့ ငကြောင်


လောလောလတ်လတ် အလျဉ်က

ဒီ D d ဒီပရက်(စ်)ရှဲ(န်) ဒေါင်းဒေါင်း ဒုန်း

မတူမညီ ခြားခြားနားနား ပြေးလွှားနေရတဲ့ ၀န်းကျင်ကာလာဇုန်မှာ

အနံ့ဆိုး အသက်ဆိုးတွေ မစာမနာ ၀င်ဝင်/ရောက်ရောက် ၀င်ရောက်လာတယ်

လှုပ်လှပါလား အားကျစရာပဲ ဆက်သွား ဆက်လုပ် ဆက်လှုပ်

လူငယ်ဆိုတာ တလှုပ်လှုပ်နဲ့ လုပ်နေ လှုပ်နေမှ ဒါမှ မဟုတ် လွဲရော့

မနက်ခင်း ပန်ကာရှေ့ ဆက်တိုက်ရွာတဲ့ ချွေးစက်အမောဖိုင်တွေ

ဖိုးအင်ဝမ်း.............။

SMA+ကိုးကင်းကောင်= ကားကားကားကှင့် ကွှန်းကားကော် ကကျာ ကား

SY+ကူးကင့်= ကာက ကီကှာ ကီကို ကို

LTN+ကင်းကဏ်ကီ= ကေကူကေကိမ်း ကူကယ်ကီကိုင်း

MDR+ ကှူးကာကီ= ကီကတ်ကိုင်းကကွင်း ကေကို့ ကကြောင်းကန်ကာ

အူး............ရာထူးရှိမှ ရူးလို့ ရတာမဟုတ်ဘူးဟေ့

ဖြတ်မယ် တောက်မယ် ရောရောနှောနှော စပေ့(စ်)ခြား လိုင်းရွှေ့ တပ်ဆင်မယ်။

ဒါဟာ မိက်ကပ်ထူထူဖို့ထားတဲ့ အကွဲအရှ အပွန်းအပဲ့ ဒဏ်ရာ အနာတရတွေလား

ရန်ကုန်က မခွါနိုင်သေးတဲ့ အညာသားတစ်ယောက်လား

မသာမယာ သေဆုံးသွားရတဲ့ မသာအလောင်းကြီးလား

ကဗျာကို အရောင်ခွဲ/အရောင်းအ၀ယ်လုပ်/အရွဲ့တိုက်/အရည်ဖျော်/ရှော့ခ်ရိုက်ပစ်မယ့် လူတွေလား

မျှော်လင့်ချက် သွေးသံရဲရဲ ဒူးထောက်လို့ အသံမမာနိုင်ခဲ့။

ဒီလူ......................

ဒီအခန်းထဲ

ဒီ

D

d

ဒီပရက်(စ်)ရှဲ(န်) ဒေါင်းဒေါင်း ဒုန်း၊

ပြီးရင်...........

အသံကုန် ကြောင်နေအောင် အော်။

မင်းဟာ လမင်းအစစ် မဟုတ်ခဲ့ဘူး

မင်းလမင်းဟာ အစစ် မဟုတ်ခဲ့ဘူး

လမင်းဟာ မင်းအစစ် မဟုတ်ခဲ့ဘူး

လမင်းအစစ်ဟာ မင်းမဟုတ်ခဲ့ဘူး

အစစ်ဟာ မင်း လမင်း မဟုတ်ခဲ့ဘူး

အစစ်ဟာ လမင်း မင်းမဟုတ်ခဲ့ဘူး။


မဟုတ်ဘူး မသိဘူးတွေဟာ

မင်းရဲ့ လမင်း အစစ်ဖြစ်တယ်။

ဆူးရင့်၊တန့်ဆည်၊

ခြေရာ လက်ရာ အကွေ့ အကောက်

သဘာဝပတ်ဝန်းကျင် ထိန်းထိမ်းသလို
ဘာကြီးညာကြီး ဖြစ်လာနိုင်သလို
ငလျင် ငလျင် ငလျင်လို ငါက ဒီမှာ ဒီလို..........လို
ဟဲ့ညိုမြ စောင်မလိုဘူး သွား/မေးကြည့်
လူကြုံရင် ဆရာချောဝမ်းဗိုက်သားကို နာနာပွတ် နာနာဖွတ်
တိုက်ဆိုင်မှု အတုံးအခဲကို ဖွာဆန်ကြဲအောင် ကျော်/ခွ မင်းမူ ဆက်သွယ်ကြည့်
သတင်းတွေက လူ့အဖြစ်ရဲ့ အမြင်အာရုံ မူးယစ်ဆေးပဲ
သွေးကြောတစ်လျှောက် ချာတူးလန်ဖြစ် ဖျားနာသွား
လူဟာ ကွန်ပျူတာ အင်တာနက် စကြ၀ဠာ အရိုင်းယဉ်ကျေးမှုမှ မဟုတ်တာ
မသိ နားမလည် စိတ်လွတ်လက်လွက် အခိုက်အတန့်တိုင်း သေသလို ရှင်ကြည့်ဖို့
မိတ်ဆုံစားပွဲမှာ အသားခြင်းထိ သေဆုံးရတဲ့အချိန်တွေ အားယားနေရင်
လူချင်းပြိုပျက်နေတဲ့ ထိခိုက်မှု မမှုရေးချ မမှုတဲ့ လူမှုရေး
ဘယ်သူက ဒီကဗျာ ဒီကမ္ဘာ ဒီလူသား ဒီစာရွက်သားလေးထဲ ယင်းထလို့ နာနေသလဲ။

အစ်မက ကစဉ့်စဥ့် ကလျားကလျား သိမ်းဆည်းထားတာ ပြဿနာတွေလား
အစ်မက ကစဉ့်စဥ့် ကလျားကလျား သိမ်းဆည်းထားတာ နာကျင် ဒဏ်ရာတွေလား
အစ်မက ကစဉ့်စဥ့် ကလျားကလျား သိမ်းဆည်းထားတာ ကူးယူမှုတွေလား
အစ်မက ကစဉ့်စဥ့် ကလျားကလျား သိမ်းဆည်းထားတာ ဂရုစိုက်မှုတွေလား။

ကဗျာတွေ ကဗျာဆရာတွေ လက်သည်းဝှက်တွေ အပြင်းစားရိုက်ချက်တွေ ဖြာခနဲ့ ပျံသန်းသွား
ဝလုံးတွေ သုညတွေ သတင်းတွေ သဘောမတွေ့သော ဗလာနဲ့ ဇီးရိုးတွေဆီ
နျူကလီးယားမစ်ဇိုင်းလ်းတွေ ပစ်လွှတ်ဖို့/ အယူအဆ ပြေလည်ဖို့
သရုပ်ဆောင် အကြင်နာက data တွေ ခွေခွေလေး ဖြစ်နေတာ
လူကြီးမင်း ဘယ်သူ ဘယ်ဝါ ခင်ဗျား သိပုံဟာ ယင်းထလို့
ထိုသို့ ထိုနှယ် ရင်ထိုး ရင်အောင့် အသက်ရှူကျပ်တာ နေတိုင်းဂရုစိုက်ပါ
အက်စ် လူငယ်တစ်ယောက်က အရောင်တွေ ပွားမယ်
တ၀င်းဝင်း တလက်လက် ထွားမယ် ကစားမယ် တောမှာပဲ တေနေလိုက်တော့မယ်။

မနေ့ညက အမှန်ဟာ သုံးခါတိတိ အသိရခက်တယ်
ရန်ကုန်မှာ လောဘ ဒေါသ မောဟများ သတိထား သတိထား
အွန်လိုင်းမှာ ကိုက်ခဲမာန်ဖီရန် အသင့်ပြင်ကျစို့
အစစ်အမှန် ပျော်ရွှင်စရာတွေ အမြှီးကုတ် အကူအညီ ဆုတ်ခွာပေးပါ
အနုပညာသံချေးချင်း ယဉ်ပါးဖို့ ချိန်းဆိုထားပါတယ်
ကိုယ်ခတ်ပိတ် ဖြတ်ညှပ်ထားရတဲ့ အရိုင်းဧရိယာဟာ
သိလျက် မသိလျက် အကြောလန်ထွက်လို့။

ဟဲ့တာဝန်ဝတ္တရား
ပွတ်သပ်မှုကျောက်ဆောင်တွေ ခေါက်တင် ဆွဲတင်
အောင်လံမလွှင်နိုင်တဲ့ အရိုင်းယဉ်ကျေးမှုမှာ ယုံကြည်ပါ
ဒေါသအမည်းအမှောင်နဲ့ မျှားယူ နေထိုင်ရတာ ရိုးနေပြီဟေ့
လက်မ မထောင်သေးတဲ့ ခင်ဗျားနဲ့ လူသား ပတ်ဝန်းကျင် တံတိုင်းပျက်ကြီး
ငါတွေကြားမှာ အတ္တမွေးမြူခြင်းကလည်း မှုးယစ်ဆေး အယူအဆပဲ ဂရုစိုက်
နေထိုင်ဖြတ်သန်းမှုက ဘာညီညာကြီး ၀ဲလိုဝဲ
ဒီကြေကွဲဇာတ် တိုက်ဆိုင်ခြင်းက ဒီလူသား လွမ်းနေရတာ အားငယ်လိုက်တာ
ဖရိုဖရဲမလေးတွေ အဆင်ပြေသလို မရယ်ဖြစ်တာ စဉ်းစား ညိုမြ
ချာချာလည် လူသားတွေရဲ့ အမြင်မတော်တာ သိရခက်တဲ့ စိတ်ဓာတ်ကျဆင်မှု
အရွယ်က အလိမ္မာနဲ့ အယဉ်ကျေးဆုံး တည်ဆောက်ရတယ်
ထိတွေ့ရမယ့် ကြိုးစတွေ အားနဲ့ မာန်နဲ့ ထည့်သွင်း သိမ်းဆည်းထား
စကားလုံးကြား စောင့်နေတဲ့ ပြဿနာက ပြဿနာပဲ
ဝါးဟားးးးး ဟားးးးး ခင်းဗျား ရူးနေပြီး ရူးနေပြီဟေ့။

ဒီကဗျာ သေသလို အိပ်စက်နေပါလား ဆရာချော
ဟဲ့လူငယ်အက်စ်
ဟဲ့လူငယ်ဒီဇိုင်း
ဟဲ့သရုပ်ဆောင်
ဟဲ့ဒီလို ဒီလို.....လို
ပြဿနာမီးခိုးတွေက ပြဿနာမီးခိုးတွေပါပဲ။

ဆူးရင့်၊တန့်ဆည်၊

ဒီကဗျာကို မှတ်ချက်ထုတ်ရရင်......စိုးမင်းအောင်ရေးတဲ့ ဓားပါးပါးနှင့် မွှန်းထားသော ကဗျာ ငါး၊
လင်းသဏ်ညီ ရေးတဲ့ လေယူလေသိမ်း လူငယ်ဒီဇိုင်း၊
မှူးဒါရီ ရေးတဲ့ ဒီရက်ပိုင်း သေဖို့ အကြောင်းဖန်လာ၊
ကိုယ်တိုင်ရေးဖြစ်တဲ့ ငါက ဒီမှာ ဒီလို......လို ဆိုတဲ့ကဗျာလေးပုဒ်ကို ဖြတ်/တောက်/စပေ့ခြား
လိုင်းရွှေ့ တပ်ဆင် ချိတ်ဆက်ရောနှော ထားခြင်းသက်သက် ဖြစ်ပါတယ်။ ဒါပေမယ့် စိတ်ထဲ စွဲနေတဲ့ စကားလုံးကိုတော့ ဒီကဗျာထဲ ထပ်ခါ ထပ်ခါ သုံးထားဖြစ်ပါတယ်။ ဒီလေးပုဒ်ကိုပဲ ဒီလေးယောက်လုံးက ရောနှောဖြစ်ကြမယ် ထင်ပါတယ်.......။ ။

Wednesday, September 22, 2010

သတိ။ ။ တုတ် စက္ကူ မသုံးရ....................












တစ် နေရာယူ

နှစ် အသင့်ပြင်

သုံး ................................

ကိုယ်တို့အားလုံး သေသလို ဟန်ဆောင်နေခဲ့ရတဲ့ သက္ကရာဇ်တွေ

ပျက်သုဉ်းနေတဲ့ နာမည်ကို ပလပ်စတစ်ဆာဂျရီ အစားထိုးလို့

လှနိုင်မလား

သမိုင်းဟာ အုတ်ကျင်းနဲ့ သိပ်မဝေးလှပါဘူး

လှလှ၏ ရယ်သံတွင် အသံလုံးဝ မပါဝင်ပါ

တန်ကြေးကြီး သရုပ်ဆောင်တွေက

အရုဏ်ဦးမှာ ကြာတွေပွင့်လို့

ကဗျာတစ်ပုဒ် စာမူခ သုံးလေးထောင်

အရေးသားကအစ ကဗျာဆရာတွေ လက်မထောင်ထားကြ

ပေါ်လစီကင်းကင်း ဂျက် ကွင်း ကင်း

ရုံးသုံး ပွဲစားသုံး လက်ဖက်ရည်ဖိုးဟာ ဘယ်လောက်လဲ

မြို့ပြရဲ့ ချွေးနံဟာ အရင်ကထက် နံစော်ရင်

ကျေးလက်က ဘာစော်နံနေမလဲ

ရုပ်ရှင်ရုံမှာ ဘူတာမှာ မှတ်တိုင်နဲ့ ခုံးကျော်တံတားအောက်မှာ

မာဆတ်မှာ ကေတီဗီမှာ နိုက်ကလပ်နဲ့ သံလမ်းမှာ

သွေးသားရောင်းပြီး ၀ယ်လာခဲ့တဲ့

သူမရဲ့ စာဝတ်နေရေး ကျန်မာရေး

ကျောင်းနဲ့လမ်း လမ်ကြောင်းမှားခဲ့ရတဲ့ သူဖုန်းစား ကလေးငယ်တွေ

ကိုယ်အနှံ့ နနွင်းသုပ်ထားတဲ့ အ၀ါရောင် မိခင်အတုတွေ

ငှားရမ်းခ တစ်ထောင့်ငါးရာ အထက်ရှိတဲ့ နီတာတွက် ရင်သွေးငယ်အတုတွေ

လမ်းစရိတ်ပြတ် ဖိနပ်ပြတ်နေတဲ့ အရေခြုံ ဘာသာရေးအတုတွေ

ရုပ်သေးတွေ ကြိုးဆွဲသမျှ ကပြနေရတဲ့ လူအတုတွေ

လိမ်ညာလှည့်ပတ်မှုက မျက်လှည့်ပွဲ တစ်ခုလို ....တစ်ခုပြီး တစ်ခု

လောင်ကွင်းထဲ မီးသင့် အစအနတွေ လိုက်ရှာလိုက်တိုင်း

စိတ်နဲ့ကိုယ် မကပ်နိုင်တဲ့ခေတ်ဟာ မကောင်းဆိုးဝါး ဆန်လာတယ်

တောကျီးကန်းတွေ အုပ်စုဖွဲ့ရယ်မောသံနဲ့

လမ်းမပေါ် ဖြတ်ပြေးသွားတဲ့ အင်းဂျင်သံနဲ့

အသက်(၁၈)နှစ်ပြည့်သူတိုင်း မှတ်ပုံတင်လုပ်ဖို့ နိုးဆော်သံနဲ့

ဒီကဗျာကို နောက်ထပ် စာခုနစ်ကြောင်း ရေးပြီး အဆုံးသတ်ရမယ့် အတူတူ

အဖြူရောင်အခန်းကျဉ်းလေးထဲ

ကောင်းကင်က လမင်းဆီ ငေးရင်း ဟိုအဝေးက လမင်းဆီ

သစ်ခက် သစ်ရွက်တွေ ယိမ်းလှုပ်ခါယမ်းနေသလိုလား ခံစားမှု လွင့်ဝဲနေတာ

မိုးစက်စက် ပြုတ်ကျလာသလိုလား မျက်ဝန်းမှာ စီးဆင်းနေတာ

ကိုယ့်ပထမ မျက်လုံးတစ်ဖက်က အဆင်မပြေမှုများနဲ့ တိမ်မြုပ်ကန်းမိုက်နေတယ်

တဖြည်းဖြည်း ရွေးကောက်ပွဲကြီး နီးကပ်လာပြီ အမေ့ကို လွမ်းရင်း..........

ကိုယ့် ဒုတိယမျက်လုံးတစ်ဖက်ကို နာနာကျင်ကျင်မှိတ်ပစ်လိုက်ပါတယ်။ ။


ဆူးရင့်၊တန့်ဆည်၊

၂၁၊ ၉၊ ၂၀၁၀

နံနက်ခင်း ၃း၁၀

Saturday, September 18, 2010

၍.................ရွေ့တယ်
















ထိန်းချုပ်စောင့်ကြည့်ရမယ့် ပွိုင့်ဟာ ဘယ်မှာ

အနီ

အ၀ါ

အစိမ်းနှင့် အခြား

မလိုအပ်တဲ့တံခါးချပ်တွေ ပေါက်ပါက်ပွင့်လို အပွင့်လိုက်လွင့်စင်သွား

ချောင်းမြောင်းနေရတဲ့ အပ်တစ်ချောင်းအကြောင်း

ရှင်းပြစရာ ရှုပ်ထွေးမျှင်တန်းပြီး စာနာမှုမဲ့တယ် ကျေးဇူးပဲ


လိုင်းပေါ်က ဘာသာစကားတွေ ကောက်

ကောက်နေတဲ့ စိတ်အကောက်အကွေ့တွေအကြား

စိတ်ကြိုက်ဖြန့်ခင်းလို့ မရတဲ့ ဆန္ဒအထပ်ထပ်မှာ

ရာသီတွေဝေ့ဝေ့မှုန်သွားလိုက် အသားမာတက်လာလိုက်။

ကိုယ့်လောက် ဘယ်သူမှ စိတ်မနှစ်တဲ့ လူနဲ့ လုပ်ကြံခံလိုက်ရတဲ့ လူ
နစ်နေတဲ့
nicknameတိုင်း မသမာမှု အကြမ်းဖက်မှုတွေပဲ
အခန်းဟာ

အဖြူရောင်

ယောင်ကိုင်းနေတဲ့ အရောင်ကို ရောင်းရန်ရှိသည်

ဒီစာတန်းချိပ်ဖို့

နေ့က

တစ်ပြည်လုံးသာယာတယ်

ကိုအောင်ရင်ငြိမ်း စိုးမင်းအောင် လင်းသဏ်ညီ နေ့သစ်တို့နဲ့

ခေတ်ပြိုင်မြန်မာ ကဗျာဝက်ဘ်ဆိုဒ်အကြောင်းပြောဖြစ်တယ်

ဗူးဆိုရင် ဖရုံမသီးတတ်တဲ့ သစ်တစ်ပင်စိုက်တယ်

နောက်ဆုံးတော့ နောက်ထပ်နေ့ရက်တွေနဲ့
နောက်ထပ်ဗလာသက်သက်တွေ
နောက်ဆုတ်
ပြောင်းလဲမှုဆီ အယုံအကြည်မဲ့ ဖြတ်ပြေးသွားတယ်။

ဒီကဗျာကို ဒီမှာခဏရပ်ပြီး တစ်မိနစ်ခန့် အသက်၀၀ရှုတယ် ဇီးရိုးပဲ

ရင်ခုန်သံအသေအပျက် သုညမိုးများ တစ်ကြိမ်နှစ်ကြိမ်ရွာတယ်

ပင်လယ်ပြင်ဟာ လှိုင်းအသင့်အတင့်မှ လှိုင်းမကြီးနိုင်ပါဘူး။

အိုးးးးးးးးးးးးးးးးးး
မေ့ပစ်ရတော့မယ့် ယောက်သွားအခွံလား

လားလားမှ မသက်ဆိုင်တဲ့ လားတစ်ကောင်လား

နုနုလေး ညံ့ဖျင်းခဲ့တဲ့ နုညံ့မေတ္တာက ပန်ကာခလုတ်ကိုဖွင့်

ပန်လာတဲ့ ဘ၀အဆက်ဆက်က အပေါ်ယံအကာဟောင်းကို

ခွါပစ်ဖို့
ခွဲ ခွဲ ခွါ ခွါ၊ ကွဲ ကွဲ ကွာ ကွာ ဝေးကြမယ်

ဟင်းလင်းပွင့်နေတဲ့ ရင်နံ့နဲ့

ခလုတ်နှိပ်မှားသည် ရှေ့ကျော်ခြင်း

အခြေခံကွဲပြားတဲ့ ပေးဆပ်မှုတွေ မီးပျက်သွားတာ

ရွေ့နေတဲ့ ရွေးကောက်ပွဲကြီးလို ရယ်ရခက် ငိုရခက်။ ။


ဆူးရင့်၊တန့်ဆည်၊

မှတ်ချက်။ ။အမှတ်မထင်သော ဒီဇင်ဘာ(၁၆)ရက် ဘီစီ၂၀၁၀ ညနေခင်း (၆း၂၀)ခန့် အချိန်တစ်ခုကို ခံစားပြီး ၎င်းဒီဇင်ဘာ(၁၈)ရက်နေ့ မိုးသောက်ချိန် (၂း၄၅)ခန့် ဘီစီ၂၀၁၀မှာ ဒီကဗျာကို ရေးသားဖြစ်ပါတယ် ပျော်ရွှင်ချမ်းမြေ့စွာ ဘ၀ခရီးကို ဖြတ်သန်းနိုင်ပါစေ...။

Wednesday, September 15, 2010

အတွင်းရေးနည်းနည်း ဆန့်ကျင်ဘက်ဒွိဟ အရေးအခြစ်ဖတ်စာ

ရခဲ့ရတဲ့ ဘဝမှာ ရခဲတာတွေ ရလွယ်တာတွေ ငါမသိဘူးမပျော်ရတော့ ဝမ်းနည်းတယ် ဆောရီး

အလင်းရောင်က ညှီဟောက်လို့ ကုတင်နံပါတ် ၃၂ သက်ဆင်းကျလာတယ်

ငါ့အပျိုဖော်ဝင်ခါစ အနုပညာနံဘေးမှာ ဗျူရိုကရေစီ အရေးအခင်းလို တိမ်းမှောက်လို့

နားထဲမှာ ၅ အစ ၇ အဆုံး ကကမျဉ်းစောင်း ကားတစ်စီးတာရာ ပွန်းတိုက်သံ

TV Guide ပျောက်ချင်ယောင်ဆောင်ခဲ့တဲ့ မိန်းမတစ်ယောက် အကြောင်း

လိင်အခင်းအကျင်းကို သင်ယူစရာမလိုဘဲ အလိုလို တတ်မြောက်ပြီးသား မိန်းမတစ်ယောက် အကြောင်း

ညီမ ကိုယ့်အသက် ၃၈ မှာ မင်းကိုချစ်မိပါတယ် မယုံဘူးရှင်

အဲလို အဲလို တွဲလျက်သား ဘာသာစကား အကြပ်အတည်းကြားက သည်းခြေပျက်အသိဥာဏ်

လေးလွှာကနေ တွန်းချလိုက်မယ် ၊ မှုခင်းသတင်းထဲ ဝင်ပါလိုက်မယ်

အားးးးးးးးးးးးးးးး !!! ငါရွံတယ် !!!

လူယုတ်မာမ !!!

ဖုတ်သဘက်ဆန်စွာ ကာမရမ္မက်လိုလားခြင်း ခေါင်းစဉ်မျိုးစုံ ကြားနေရတယ်

လူ့အဖြစ်မှာ လူ့အပျက်တွေ ရှိနေကြတာပဲဆိုတာ မင်းသိပါ

မင်းဟာငါနားမလည်၊မတတ်ကျွမ်းနိုင်တဲ့ဘာသာစကားမျိုးကို ကြားချင်နေပါသလား

ဒီပါဒ မှာ ဘာစာသားမှ မရေးရင် ဘာဖြစ်နိုင်မလဲ

ကွင်းခတ်ထားတယ်ဆိုတာ မလိုအပ်တော့ရင် ဖြုတ်ပစ်လိုက်ဖို့ပဲ ( ဥပမာ - မောနွေကို... )

' သူဟာသစ္စာရှိသူတစ်ယောက်ပါ ' လို့ မင်းကို တစ်တစ်ယောက်က ဘယ်လိုပြောပြပေးနိုင်မှာလဲ

' သူဟာသစ္စာမရှိသူတစ်ယောက်ပါ ' လို့ မင်းကိုတစ်တစ်ယောက်က ဘယ်လိုပြောပြရမှာလဲ

မင်း Sent at 4:56 PM on Monday မှာတခြားတစ်ယောက် ...... ဆိုတာအပြင် ပြောစရာ ရှိပါသေးလား

ငါချော်လဲသလို လဲတယ်ဆိုတာ တစ်ကယ်တော့ ငါတစ်ယောက်တည်းပါကွာ

ဆေးခါးတွေလည်း တိတ်တိတ်ပုန်း အခွန်ဆောင်သလို မှီဝဲနေရတာပဲ

လူမှုရေးဘွဲ့တံဆိပ်တွေ ဒေါ်လာလိုသလို ငါလိုနေတာပဲ

ဝူးဝူးဝါးဝါး ယဉ်ကျေးမှုမညီမျှခြင်းများ လျှိုကျလာတယ်

မင်းမတ်တပ်ရပ်ဝေး ထုထည်စနစ်ပုံလေး ၊ အိပ်မောကျနေချိန် ကိုယ်ထုတ်ကြည့်ဖြစ်ပါတယ်

ငါနာကျင်ရခြင်းရဲ့ အကြောင်းပြချက်ဟာ နာကျင်ရခြင်းပါပဲ

ရင်ထဲကျောထဲမှာ မေတ္တာအကြင်နာက အခွေလိုက် ခုတ်မောင်းနေတယ်

ရောက်ရှိနေရာ ဆေးကုသမှု ဖန်လုံအိမ်ဌာနဇုန်

မင်းကိုဆက်သွယ်မရဘူး

ရင်ခွဲရုံထဲ ကုန်းရုန်းဝင်သွားလိုက်ရတယ် ။

မောနွေ

( ၈ ၊ ၉ ၊ ၂၀၁၀ )

LinkWithin

Related Posts with Thumbnails