.jpg)
ထိန်းချုပ်စောင့်ကြည့်ရမယ့် ပွိုင့်ဟာ ဘယ်မှာ
အနီ
အ၀ါ
အစိမ်းနှင့် အခြား
မလိုအပ်တဲ့တံခါးချပ်တွေ ပေါက်ပါက်ပွင့်လို အပွင့်လိုက်လွင့်စင်သွား
ချောင်းမြောင်းနေရတဲ့ အပ်တစ်ချောင်းအကြောင်း
ရှင်းပြစရာ ရှုပ်ထွေးမျှင်တန်းပြီး စာနာမှုမဲ့တယ် ကျေးဇူးပဲ။
လိုင်းပေါ်က ဘာသာစကားတွေ ကောက်
ကောက်နေတဲ့ စိတ်အကောက်အကွေ့တွေအကြား
စိတ်ကြိုက်ဖြန့်ခင်းလို့ မရတဲ့ ဆန္ဒအထပ်ထပ်မှာ
ရာသီတွေဝေ့ဝေ့မှုန်သွားလိုက် အသားမာတက်လာလိုက်။
ကိုယ့်လောက် ဘယ်သူမှ စိတ်မနှစ်တဲ့ လူနဲ့ လုပ်ကြံခံလိုက်ရတဲ့ လူ
နစ်နေတဲ့ nicknameတိုင်း မသမာမှု အကြမ်းဖက်မှုတွေပဲ
အခန်းဟာ
အဖြူရောင်
ယောင်ကိုင်းနေတဲ့ အရောင်ကို ရောင်းရန်ရှိသည်
ဒီစာတန်းချိပ်ဖို့
နေ့က
တစ်ပြည်လုံးသာယာတယ်
ကိုအောင်ရင်ငြိမ်း စိုးမင်းအောင် လင်းသဏ်ညီ နေ့သစ်တို့နဲ့
ခေတ်ပြိုင်မြန်မာ ကဗျာဝက်ဘ်ဆိုဒ်အကြောင်းပြောဖြစ်တယ်
ဗူးဆိုရင် ဖရုံမသီးတတ်တဲ့ သစ်တစ်ပင်စိုက်တယ်
နောက်ဆုံးတော့ နောက်ထပ်နေ့ရက်တွေနဲ့
နောက်ထပ်ဗလာသက်သက်တွေ နောက်ဆုတ်
ပြောင်းလဲမှုဆီ အယုံအကြည်မဲ့ ဖြတ်ပြေးသွားတယ်။
ဒီကဗျာကို ဒီမှာခဏရပ်ပြီး တစ်မိနစ်ခန့် အသက်၀၀ရှုတယ် ဇီးရိုးပဲ
ရင်ခုန်သံအသေအပျက် သုညမိုးများ တစ်ကြိမ်နှစ်ကြိမ်ရွာတယ်
ပင်လယ်ပြင်ဟာ လှိုင်းအသင့်အတင့်မှ လှိုင်းမကြီးနိုင်ပါဘူး။
အိုးးးးးးးးးးးးးးးးးး
မေ့ပစ်ရတော့မယ့် ယောက်သွားအခွံလား
လားလားမှ မသက်ဆိုင်တဲ့ လားတစ်ကောင်လား
နုနုလေး ညံ့ဖျင်းခဲ့တဲ့ နုညံ့မေတ္တာက ပန်ကာခလုတ်ကိုဖွင့်
ပန်လာတဲ့ ဘ၀အဆက်ဆက်က အပေါ်ယံအကာဟောင်းကို
ခွါပစ်ဖို့
ခွဲ ခွဲ ခွါ ခွါ၊ ကွဲ ကွဲ ကွာ ကွာ ဝေးကြမယ်
ဟင်းလင်းပွင့်နေတဲ့ ရင်နံ့နဲ့
ခလုတ်နှိပ်မှားသည် ရှေ့ကျော်ခြင်း
အခြေခံကွဲပြားတဲ့ ပေးဆပ်မှုတွေ မီးပျက်သွားတာ
ရွေ့နေတဲ့ ရွေးကောက်ပွဲကြီးလို ရယ်ရခက် ငိုရခက်။ ။
ဆူးရင့်၊တန့်ဆည်၊
မှတ်ချက်။ ။အမှတ်မထင်သော ဒီဇင်ဘာ(၁၆)ရက် ဘီစီ၂၀၁၀ ညနေခင်း (၆း၂၀)ခန့် အချိန်တစ်ခုကို ခံစားပြီး ၎င်းဒီဇင်ဘာ(၁၈)ရက်နေ့ မိုးသောက်ချိန် (၂း၄၅)ခန့် ဘီစီ၂၀၁၀မှာ ဒီကဗျာကို ရေးသားဖြစ်ပါတယ် ပျော်ရွှင်ချမ်းမြေ့စွာ ဘ၀ခရီးကို ဖြတ်သန်းနိုင်ပါစေ...။
1 comment:
ဟင်းလင်းပွင့်နေတဲ့ ရင်နံ့နဲ့
ခလုတ်နှိပ်မှားသည် ရှေ့ကျော်ခြင်း
အခြေခံကွဲပြားတဲ့ ပေးဆပ်မှုတွေ မီးပျက်သွားတာ..
ပြောင်းလဲခြင်းတွေဆီ အယုံအကြည်မဲ့ ဖြတ်ပြေးသွားပြီ။
Post a Comment