Wednesday, October 13, 2010

အသံကြောင်ကြောင် သေနေတဲ့ ငကြောင်


လောလောလတ်လတ် အလျဉ်က

ဒီ D d ဒီပရက်(စ်)ရှဲ(န်) ဒေါင်းဒေါင်း ဒုန်း

မတူမညီ ခြားခြားနားနား ပြေးလွှားနေရတဲ့ ၀န်းကျင်ကာလာဇုန်မှာ

အနံ့ဆိုး အသက်ဆိုးတွေ မစာမနာ ၀င်ဝင်/ရောက်ရောက် ၀င်ရောက်လာတယ်

လှုပ်လှပါလား အားကျစရာပဲ ဆက်သွား ဆက်လုပ် ဆက်လှုပ်

လူငယ်ဆိုတာ တလှုပ်လှုပ်နဲ့ လုပ်နေ လှုပ်နေမှ ဒါမှ မဟုတ် လွဲရော့

မနက်ခင်း ပန်ကာရှေ့ ဆက်တိုက်ရွာတဲ့ ချွေးစက်အမောဖိုင်တွေ

ဖိုးအင်ဝမ်း.............။

SMA+ကိုးကင်းကောင်= ကားကားကားကှင့် ကွှန်းကားကော် ကကျာ ကား

SY+ကူးကင့်= ကာက ကီကှာ ကီကို ကို

LTN+ကင်းကဏ်ကီ= ကေကူကေကိမ်း ကူကယ်ကီကိုင်း

MDR+ ကှူးကာကီ= ကီကတ်ကိုင်းကကွင်း ကေကို့ ကကြောင်းကန်ကာ

အူး............ရာထူးရှိမှ ရူးလို့ ရတာမဟုတ်ဘူးဟေ့

ဖြတ်မယ် တောက်မယ် ရောရောနှောနှော စပေ့(စ်)ခြား လိုင်းရွှေ့ တပ်ဆင်မယ်။

ဒါဟာ မိက်ကပ်ထူထူဖို့ထားတဲ့ အကွဲအရှ အပွန်းအပဲ့ ဒဏ်ရာ အနာတရတွေလား

ရန်ကုန်က မခွါနိုင်သေးတဲ့ အညာသားတစ်ယောက်လား

မသာမယာ သေဆုံးသွားရတဲ့ မသာအလောင်းကြီးလား

ကဗျာကို အရောင်ခွဲ/အရောင်းအ၀ယ်လုပ်/အရွဲ့တိုက်/အရည်ဖျော်/ရှော့ခ်ရိုက်ပစ်မယ့် လူတွေလား

မျှော်လင့်ချက် သွေးသံရဲရဲ ဒူးထောက်လို့ အသံမမာနိုင်ခဲ့။

ဒီလူ......................

ဒီအခန်းထဲ

ဒီ

D

d

ဒီပရက်(စ်)ရှဲ(န်) ဒေါင်းဒေါင်း ဒုန်း၊

ပြီးရင်...........

အသံကုန် ကြောင်နေအောင် အော်။

မင်းဟာ လမင်းအစစ် မဟုတ်ခဲ့ဘူး

မင်းလမင်းဟာ အစစ် မဟုတ်ခဲ့ဘူး

လမင်းဟာ မင်းအစစ် မဟုတ်ခဲ့ဘူး

လမင်းအစစ်ဟာ မင်းမဟုတ်ခဲ့ဘူး

အစစ်ဟာ မင်း လမင်း မဟုတ်ခဲ့ဘူး

အစစ်ဟာ လမင်း မင်းမဟုတ်ခဲ့ဘူး။


မဟုတ်ဘူး မသိဘူးတွေဟာ

မင်းရဲ့ လမင်း အစစ်ဖြစ်တယ်။

ဆူးရင့်၊တန့်ဆည်၊

No comments:

LinkWithin

Related Posts with Thumbnails