Sunday, June 26, 2011

ကလေးများရဲ့  အနာဂတ်နေ့ရက်များအတွက် ရည်ရွယ်တဲ့ ရာဟုလာကလေးရုပ်စုံမဂ္ဂဇင်း ၂၀၁၁ ခုနှစ်၊ သြဂုတ်လအတွင်း ထွက်ရှိမည်

၂၀၁၁ ခုနှစ်၊ သြဂုတ်လမှ စတင်ကာ ရာဟုလာ ကလေးရုပ်စုံမဂ္ဂဇင်းဟာ ကလေးငယ်များကြား လစဉ် ရောက်ရှိ လာတော့မှာ ဖြစ်ပါတယ်။ မဂ္ဂဇင်းရဲ့  အဓိက ဦးစားပေးစာမျက်နှာများဖြစ်တဲ့ ဗုဒ္ဓဘာသာ၊ သာသနာနဲ့ ပတ်သက် ပြီး ယနေ့ခေတ် ကလေးငယ်များသာမက လူကြီးများပါ သိသင့်သိထိုက်တဲ့ အကြောင်းအရာများ ပါဝင်တဲ့ ဘာသာ ရေး အခြေခံရုပ်ပြ၊ ဘုရားအလောင်းသိဒ္ဓတ္ထမင်းသားရဲ့ သားတော်ရာဟုလာအကြောင်းရုပ်ပြ၊ မြန်မာသူရဲကောင်းများအကြောင်းရုပ်ပြ စတဲ့ ရုပ်ပြတွေကို မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာနဲ့ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မိဘများသိထားသင့်တဲ့ ကလေးကျန်းမာရေးဆောင်းပါးကဏ္ဍ၊ ကလေးများအတွက် အသိအလိမ္မာ၊ သုတရသအပြည့်အ၀ပေးမယ့် ကလေးကဗျာ၊ အက္ခရာကဗျာ၊ ကလေးပုံပြင်ဝတ္ထု၊ Notes for kids ၊ ထူးဆန်းထွေလာတို့ကမ္ဘာ၊ ပဟေဠိ၊ တီထွင်ဖန်တီးအရုပ်လုပ်နည်း၊ ကလေးတို့အချင်းချင်း ချစ်ခင်ရင်းနှီးစေမယ့် Fan Club ၊ စွန့်စားဖွယ်ရာ ရုပ်ပြ၀င်္ကပါ၊ အစက်လေးတွေ ဆက်ဆွဲကြရအောင်၊ ဆေးရောင်လှလှခြယ်ရအောင်၊ လွယ်လွယ် ပုံဆွဲကြရအောင်၊ ပြိုင်ပွဲများနဲ့ ကလေးမော်ဒယ်လ်ကဏ္ဍ၊ ဆရာစံ- ဇာဏီဘိုရဲ့  ကလေးရာသီခွင်ကဏ္ဍ စတဲ့ ကဏ္ဍများအပြင် တခြားကဏ္ဍပေါင်းများစွာကိုလည်း မဂ္ဂဇင်းတစ်အုပ်လုံး စက္ကူချော၊ Size ကြီး ၊ လေးရောင် စာမျက်နှာများဖြင့် အရည်အသွေး အဆင်အပြင်ကောင်းကောင်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

စာမူပေးပို့လိုပါက

သို့၊

အယ်ဒီတာအဖွဲ့

ရာဟုလာကလေးရုပ်စုံမဂ္ဂဇင်း

အမှတ် ၄၀၈ ၊ ဗညားဒလလမ်း၊

ဗျိုင်းရေအိုးစင်ကွက်သစ်ရပ်ကွက်

တာမွေမြို့ နယ်၊ ရန်ကုန်မြို့ သို့ လိပ်မူပြီး ရေးသားပေးပို့နိုင်ပါတယ်။

ဖတ်ခွင့် မရှိတဲ့ ကဗျာ

ချည်နှောင်ပြီး အမိန့်ပေးလို့ မရတော့

စိတ်ဟာ အရိုင်းဆန်ဆန် လွမ်းတတ်ခဲ့တယ်

အနှောင့်အသွား မလွတ်တဲ့ သဘာဝတွေ ကွေ့ကောက်

သက်သက် အခွံသက်သက် လူစီးကြောင်းထဲ ဆွံ့အ

ကိန်းဂဏန်းမဲ့ ဖြစ်စဉ်အစိုင်အခဲက အသိတွေ ပိုပြီးလေးနက်လွန်းပါသတဲ့

ဘ၀လား ဘာကိုမှ မျှော်လင့်ခွင့်မရှိအောင် ထွန်းကားဆဲ

တစ်ဖက်က တစ်စုံတစ်ရာဟာ သိမ်မွေ့လွန်း နူးညံ့လွန်း မပွင့်လင်းလွန်း

ချစ်သူကို ရင်ကော့ပြီး ရင်ဆိုင်နေရတဲ့ ဇာတ်သိမ်းမှာ

ဧဒင်ဥယျာဉ်ကြီးအကြောင်း အသံမထွက်ဖြစ်အောင် နှုတ်ဆိတ်နေပါ

လိပ်ပြာသန့်ဖို့အတွက် စိတ်ပြာပြာကို အချက်ပေါင်းများစွာ ရိုက်နှက်ဆုံးမ မရ

တစ်ဖက်က တစ်စုံတစ်ယောက်ရဲ့ အစစအရာရာဟာ

တစ်ဖက် တစ်စုံတစ်ယောက်က အစ အဆုံးဖြစ်ချင်တဲ့ လေးနက်မှု

တစ်ဖက်က တစ်စုံတစ်ယောက်ရဲ့အခက်အခဲဟာ

တစ်ဖက် တစ်စုံယောက်က အစ အဆုံးရှုံးချင်တဲ့ ပေးဆပ်မှု

ကမ္ဘာတစ်ခုလုံးမျိုချပြီး အိပ်မက် မက်ချင်မက်မယ်

အစိမ်းရောင်မပါတဲ့ မီးပွိုင့်ပျက်တစ်ခုမှာ

တစ်စုံတစ်ရာ တစ်စုံတစ်ယောက်နဲ့ ထပ်တူ

ရပ်/တန့်/တိတ်/ဆိတ်သွားခဲ့

သိမ်မွေ့လွန်း နူးညံ့လွန်း မပြတ်သားလွန်းတဲ့

တစ်ဖက်က တစ်စုံတစ်ယောက် တစ်စုံတစ်ရာဆိုတာ

ဘယ်တော့မှ ဖတ်ခွင့်မရတဲ့ အဖြူရောင်ကဗျာတစ်ပုဒ်ရဲ့ ညှို့ငင်သောချစ်မေတ္တာအစစ်။ ။

ဆူးရင့်

Monday, June 20, 2011

မရူးလွင့်ရန် လေ

မရူးလွင့်ရန် လေ
လို့ နာမည်ပေးထားတဲ့ ကဗျာစာအုပ်လေးဟာ အခက်အခဲများစွားကြားက စာမူခွင့်ပြုချက်အမှတ်၊ မျက်နှာဖုံးခွင့်ပြုချက်အမှတ် အားလုံးရရှိပြီးဖြစ်တဲ့အတွက် အခုအချိန်မှာ ပုံနှိပ်စက်တင်ဖို့ စတင်ပြင်ဆင်နေပါပြီ။
စာမျက်နှာ(၂၀၀) ခန့်ပါရှိလိမ့်မယ် ထင်ပါတယ်။ ရေးသားကြတဲ့ ကဗျာဆရာတွေကတော့ မောင်မင်းစိုး ဆူးရင့် စိုးမင်းအောင် လင်းသဏ်ညီ ညိုပြာဝိုင်တို့ ဖြစ်ကြပါတယ်။ ကဗျာဆရာတစ်ဦးလျှင် ပုဒ်ရေ(၂၀)ခန့် ပါရှိမယ်လို့ ခန့်မှန်းထားပါတယ်။ အခုလမကုန်ခင် ထွက်ရှိနိုင်ဖို့ ကြိုးစားနေကြဆဲပါ။ ကဗျာစာအုပ်ရဲ့ တန်ဖိုးကိုတော့ အတိအကျ မသတ်မှတ်ရသေးတဲ့အတွက် နားလည်ပေးစေလိုပါတယ်။ ခေတ်နဲ့ ဘ၀ကို ထင်ဟပ်စေတဲ့ ခေတ်ပေါ် ကဗျာအများစုကို ဖတ်ရှုခံစားရမှာ ဖြစ်ပါတယ်။ တစ်ခုခု ကျန်ရစ်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။
ဆူးရင့်

အိပ်ရမှန်းမသိတဲ့ မျက်လုံးတွေ ရူးသွားပြီ လမင်း

၁။ ရင်ညှော်နံ့ရတယ်......

၂။ လောင်ရ ကျွမ်းရမယ့် မျက်ရည်မီးတောက် ပြာမှုန်တွေ

၃။ ဒီတနင်္ဂနွေဟာ ငါ့ကိုယ် နှစ်ပိုင်းခွဲမယ့် ဓားတစ်ချောင်းရဲ့ ပြကွက်အသစ်ပဲ

၎။ မိုးအစက်စက် ကြိတ်ခြေသွားတဲ့ ဘီး၊ ရိရိ ဆွေးဆွေး ရှင်သန်ရဦးမယ်

၅။ အမှောင်ကို သိပ်ကြောက်တယ်၊ မြက်ခင်းပြင်နဲ့ အရာရာဟာ လတ်တလော အမည်းအနက်

၆။ တနင်္ဂနွေတစ္ဆေ၊ ပခုံးပေါ် တစ်ခုထက်မက ထမ်းပိုးထားရတဲ့ လူ့အဖြစ်

၇။ အပြုံးမပျက်တဲ့ မျက်နှာနဲ့ အဆုတ်ထဲ တစစ်စစ်အောင့်တယ်

၈။ ဟိုေ ရာ က် ရ င် လိ မ် လိ မ် မာ မာ ေ န ေ နာ်

အိုး.... အ ရ မ်း ဆိုး မှာေ ပါ့

၉။ စိတ်လောင်ရှုမျှော်ခင်းထဲက တနင်္ဂနွေဟာ အင်္ဂါသားသမီးအတွက်

တကယ့် ပဋိပက္ခ ဘေးရန်လို့ ပြောချင်နေတာ တကယ်

၁၀။ AM:03:15: မိုးရေ ရွှဲနစ်နေတဲ့ ၀ရန်တာမှာ ထိုင်၊ မအေးစက် မအိပ်စက်နိုင်တာ

၁၁။ ဒါ ထင်မထားတဲ့ ပစ်မှတ်က ပြေးဝင်လာတဲ့ အသက်ခွင်း မြားတစ်ချောင်းလား

မဖြစ်နိုင်ဘူး မဟုတ်နိုင်ဘူး

၁၂။ လမင်းဒိုင်ယာရီမှာ ဒီကဗျာကို ထင်ထားတယ်

၁၃။ ပင့်ကူအန်တိမ်တိုက်မှာ ဒီကဗျာကို တင်ထားတယ်

၁၄။ ဆူးရင့် facebook မှာ ဒီကဗျာကို တင်ထားတယ်

၁၅။ ဒီတနင်္ဂနွေညရဲ့ ယာဉ်ထွက်ချိန်ခုနစ်နာရီ

၁၆။ ငိုရမယ့် အရွယ် မဟုတ်တော့ မရယ်နိုင်တာကို အားမရဘူး

၁၇။ အနေနီးသလိုလို ဝေးကွာခြားနားရတဲ့ အဖြေဆိုးများ

၁၈။ ဒီနေ့မှ ဒီလိုမရေးဖြစ်ရင် ဘယ်နေ့မှာ ဘယ်လိုရေးမလဲ

၁၉။ အမေ့ရဲ့မွေးနေ့မှာ.....အိပ်မက်တွေ အိပ်တန်းပျံပြီ တာ့တာ ငါရဲ့

။ ။

ဝိုင်ဝိုင်

19.6.2011

AM:04:00:00

* မှတ်ချက်။ ကဗျာစာသားတစ်ပိုဒ် ဖတ်ပြီးတိုင်း ကဗျာခေါင်းစဉ်ကို တစ်ခေါက် ပြန်ဖတ်ကြည့်လျှင်

ပို၍ အဆင်ပြေမည် ထင်ပါသည်။ ။

Monday, May 2, 2011

ရရနေတယ် သတိ လည်လည်နေတယ်

အသိတစ်ယောက်က လူကြုံနဲ့ မေးလိုက်တာ သူ့သတိရလား နေကောင်းလားဆိုရင် အရာရာအိုကေပါစေပေါ့ နေ့လယ်နှစ်နာရီမှာ အခုလိုနေပူကြီးမျိုးဆိုရင် အေးချမ်းပါစေပေါ့ ဆေးရုံလည်း ဆင်းနိုင်ပါစေပေါ့ကွာ ဘတ်စ်ကားကျပ်သလိုလား မြို့ပြမှာ ဘ၀ဆိုတာ အနေကျပ် အသေကျပ်ပဲကွာ ငါ့စိတ်တွေလည်း မွန်းကျပ်ကျပ် ကျပ်ငွေမရှိတဲ့ ဖြတ်သန်းမှုဟာ ချပ်ချပ်ရပ်ရပ် ကျဉ်းမြောင်းလို့ ခန္ဓာကိုယ်ဟာလည်း ကျသွားတယ် ကျကျပြီးရင်း ကျလို့ပေါ့ကွာ မျက်ကွင်းတွေလည်း ကျသွားတယ် လမ်းပေါ် ဖြတ်ပြေးနေကြတဲ့ လူအပူလှိုင်းတွေ ကျဖို့ ဘာလိုမလဲ လိုင်းကျသွားတယ် နေထိုင်မကောင်းလည်း ဖြစ်သွားတယ် အဆိပ်ရည်တွေ တမျှားမျှား နှလုံးသားပြီးရင် နှလုံးသားထဲမှာရော ဘာဖြစ်နိုင်သလဲ နောက်ထပ်ဘယ်လိုအဆိပ် တွေ့နိုင်သလဲ စိတ် စိတ်ကလည်း နည်းနည်းတော့ ပူပန်ပါတယ် ငိုမနေနဲ့ဆိုရင် မင်းမငိုနဲ့ပဲ ငါငိုမယ် ငိုခြင်းက အဆုတ်ကို အားကောင်းတယ် ဟေး ဟန်နီ အဆိုးမများနဲ့ဆိုရင်လည်း အဆိုးမများနဲ့ပဲ ဆိုးဆိုးဝါးဝါးအိပ်မက်မှာ ယောင်ယမ်းပြီး အော်ပြောမိတယ် အိုး အဆုတ်မှာ အမှားမှိုင်း မိုင်းတွေ ခွဲမပစ်နဲ့ သတိတစ်ချက်တစ်ချက် ခဏခဏတော့ ရပါတယ် ရရတာတွေ သတိလည်လည်သွားတယ် လည်နေတဲ့ ချားထဲမှာ ချား ချောက်ချားတာတွေ လန့်မိတာတွေ အိုး ဟိုး ချောက်ချားလန့်မိတာတွေ တစ်ယောက်တည်းဆိုရင်လည်း တစ်ယောက်တည်းပဲ ကိုယ်ခန္ဓာကွေးကောက်သွားအောင် ခံနိုင်ရည်တွေလည်း အကြောဆိုင်းသွားတယ် ပြေးထွက်တယ်ဆိုရင်လည်း ပြေးထွက်တာပဲ လွတ်လည်း မလွတ်တဲ့ နံရံတွေ မြို့ပြတွေ အကြောင်းအကြောင်းတွေ အဖြစ်အပျက် ဖြစ်ပျက်တာတွေ အိုင်းအနာကို အိုင်းအနာဖြစ်ဖူးမှသာ ခံရသိခဲ့ ကိုယ်မေးပါတယ် ကိုယ်ဘယ်လိုလဲ နေကောင်းလား မနက်ဖြန် လွတ်ကွဲမယ့် နေ့ရက်ထဲမှာလား သတိရလားဆိုရင် မင်းအရာရာ အိုကေပါစေပေါ့ သတိရရနေပါတယ် ရရနေတဲ့ သတိ လည်လည်သွားတယ် အခုသွားတယ် သတိရရမှုဆီ အလွယ်လမ်းက လည်လည်သွားတယ်။

ဆူးရင့် စိုးမင်းအောင်

LinkWithin

Related Posts with Thumbnails