Friday, January 7, 2011

ရသလောက် ရေးခြစ်ဖို့ အိပ်မက်ကို ရေရောထားတယ်

မြွေဖမ်းတယ်ဆိုတာ ပြဿနာရှာခြင်း ဒီမြွေကောင်က ရေပဲသောက်တဲ့ မြွေပဲ မြေပဲ မစားဘူး

ရိုးရိုးသားသား အရိုးနဲ့ အသားအစအနလေး ရှိတယ်

ဆုံတွေ့မှု သက်ရောက်တရားဟာ ရသလောက် ရေးခြစ်ဖို့ ရသလောက်လေးပဲ

ဆောက်လုပ်ရေးပစ္စည်းတွေက တကယ်တော့ လူသားဘ၀အတွက် သိပ်အသုံးမ၀င်လှပါဘူး

လာ သွားမယ် ငရဲကို နိဗ္ဗာန်ကို ဇွဲရှိရှိ ရောက်တတ်ရာရာ

တွေး

ငေးရင်း သွေးပေါင်ကျတယ် ၀င်းဒိုးကျတယ် စိတ်ဓာတ်ကျတယ်

ကျစရာမရှိတဲ့ အဆုံး ၀ါကျတစ်ကြောင်းအရ ၀က်တစ်ကောင် ပြုတ်ကျသွားလို့ပဲဖြစ်ဖြစ်

ဖြစ်တာကို ခံနေရလို့ပဲ ဖြစ်ဖြစ် မြင်သမျှ တွေ့သမျှ ဖျစ်ဖျစ်မြည်အောင် ကြေကွဲလို့

နာကျင်ကြိုးစတွေလည်း ရသလောက်ပဲ

သားစားသတ္တ၀ါဟာ အသက်အရွယ် ကြီးပြင်းလာပါပြီ

ထိုကိစ္စကို သင့်အား ကျွန်ုပ်နှင့်အတူ သတိပေးကြေငြာအပ်ပါသည်

ထို့ကြောင့် ကျွန်ုပ်တွင် အပြစ်မရှိ ပစ်ထားခံနေရမှာလား

မှားလား

ရှေ့အချိုးအကွေ့ဟာ မီးခိုးပဲ တိမ်တိုက်ထဲ လေထဲ လေလွင့်လို့ တိုက်ဆောက်နေရသလို

ကျဆုံးမှုအားလုံး ရသလောက် ရေးခြစ်ဖို့ အသက်ဓာတ်ငွေ့ငွေ့လေးထဲ အသည်းဟာ

ချောက်ခန်းနေပါပြီ သဲထဲရေသွန်လိုက်သလို ချောက်ချောက်ခန်းခန်း ဖြစ်နေပါပြီ

ရေရောရင် သက်တောင့်သက်သာ ရှိတယ်လို့ သင် ယူဆထင်မြင်မိပါသလား

လူတစ်ယောက်အတွက် ငွေလိုတယ် ရေလိုတယ် ရသလောက် ရေးခြစ်နေတယ်

ဒါသံသရာ သံပုရာသီးစားရတာထက် ချဉ်ဖို့ကောင်းတယ်

သွားလေသူများနောက်သို့ ကျွန်တော် လွယ်လွယ်ကူကူ မလိုက်လိုပါ

ကျွန်တော်သွားလိုသော အရပ် မေတ္တာတရားတွေ မရှိ အချစ်အမုန်း ကင်းမဲ့ဇုန်

နွေးထွေးငြိမ်းချမ်း အေးမြစေမယ့် နေရာ တစ်နေရာ

တွေး

ရောက်ဖြစ်တဲ့ စနေဥယျာဉ်မှာ အင်တာနက်ကဖီးမှာ ရှိမလား လားလားမှ မရှိမလား

ညည အိပ်မပျော်တဲ့အခါ ငယ်ငယ်က ကလေးဘ၀နဲ့အတူ မိသားစု

စုစုပြီးဖွဲ့ထားတဲ့ မိသားစု သတိတရတွေ သတိပေးနေတာ

တွေး

အေးစက်သလို ဟန်ဆောင်ခဲ့ပြီးမှ အသိုက်ပျက်ခဲ့ရတယ်

ပျက်ပျက်ယွင်းယွင်း ရသလောက် ရခဲ့တယ်

ဆောင်းဥတုထဲ တိုးဝင်လာတိုင်း နှင်းတွေ အရင်ကထက် ပိုကျလာတာပဲ အဖတ်တင်တယ်

အသက်တစ်နှစ် ကြီးလာပြန်ပြီ

အိုလာ မင်းလာ ရင့်လာ ဆွေးလာတဲ့ အသက်ဓာတ်နဲ့

ခေတ်တစ်လုံး ငြင်းဆန်ရင်း ရသလောက်တော ရေးခြစ်သွားရမှာပဲ

ရူးသွားလိမ့်မယ်

ရှူး

အသံနက်ကြီးထဲ အသံက နက်လွန်းတယ် မမြင်ရဘူး

ရှေ့မှာ စာနာမှုမဲ့ နတ်ဆိုးတွေ ရှိမယ်

ကြင်နာမှုနဲ့ တွဲခေါ်မယ့် လက်တွေ ရှိမယ်

ငါ့လက်ထဲ ဘာတွေ ရှိမလဲ

လေပြင်းပြင်းတိုက်ရင် ကိုယ်ဟာ အသာလေး ၀ပ်နေရတယ်

လေနိမ့်နိမ့်ပြင်းလာတော့ ကိုယ်ဟာ ပိပြားသွားတယ် ယုံလား

ယုံလို့ မွေးလာတဲ့ ဂဏန်းတွေ ထွက်မလားဘူး

အလို သူမက နှစ်ချောင်းလည်း ကစားတတ်ပြန်တယ်

ရန်ကုန်ဟာ မွေးဖို့ မလွယ်ဘူး သေဖို့ခက်တယ်

ကုပ်/တ်အင်္ကျီ မရှိတော့ ကုပ်/တ်ကုပ်/တ်လေး နေနေရတယ်

ကုပ်/တ်စရာဟာလည်း ယားလို့မှ ယားစရာတောင် ရှာမတွေ့တော့ဘူး

ဟိုမှာ ကြည့်စမ်း ကုပ်/တ်ကုပ်/တ် ကလေးကွေးနေတဲ့

နို့မပြတ်သေးတဲ့ ခွေးပေါက်စနလေးတွေ

ဘယ်သူကိုယ်ချင်းစာမှာလဲ

ဒီနှစ်ထဲက ဒီဇင်ဘာဟာ

နောက်ဆုံးမှာ မွေးလာတဲ့ ခွေးလေခွေးလွင့် တစ်ကောင်ဖြစ်တယ်

နာနာဘာဝဟာ ခင်ဗျားတို့အတွက် ကြောက်စရာပါ

ခွေးဟောင်တိုင်း ထပြေးနေရတဲ့ ဘ၀ကို

ခွေးတစ်ကောင်ထက် လူတစ်ယောက် လူတစ်ယောက်ထက် ခွေးတစ်ကောင်

တစ်နဲ့တစ် ပေါင်းပြီး နှစ်မဖြစ်လိုက်ကြဘူး

ဗူးသီးမှ အရီးတော်ချင်တဲ့ နာနာဘာဝတွေအတွက်

ဖရုံသီးစေ ဗူးသီးစေ စေတစ်လုံးပဲ

ရင်ဘတ်မှာ သော့တန်းလန်း ချထားတယ်

သမရိုးကျ မဆန်ဘူး မျက်လှည့်မဆန်ဘူး ဒါပေမယ့် လုံးဝမယုံကြည်ရဘူး

လိပ်ပြာ သင်လိုရာသို့ သင်ပျံသန်းသွားပါတော့ သင့်အား လွတ်လပ်မှုပေးလိုက်သည်

free

စိတ်တွန်းအား ရသလောက်နဲ့ ကိုယ်တို့ ရေးခြစ်ခဲ့သလို

စိတ်တွန်းအား ရသလောက်နဲ့ ခင်ဗျားဖတ်ခဲ့တယ်

စိတ်တွန်းအား ရသလောက်နဲ့ တစ်စုံတစ်ရာကို ctrl + c … ctrl + v လုပ်မယ်

စိတ်တွန်းအား ရသလောက်နဲ့ like thit လုပ်မယ်

စိတ်တွန်းအား ရသလောက်နဲ့ ဘာသာစကား တစ်ခုခုနဲ့ comment ပေးမယ်

free ပဲ feel

ငါအတောင်တွေ ညောင်းလို့ ရေထဲထိုးကျသွားတယ်

လိပ်ပြာ ငါခေါ်နေတယ် လိပ်ပြာ ဟလို လိပ်ပြာ လိပ်ပြာ ကြားလား ကြားလား

ငါခေါ်နေတယ် လိပ်ပြာ လိပ်ပြာ လိပ်ပြာ ကြားလား

ကြားရင် တိုးတိုးလေး ပြန်ပြောပါ

ဟလို ဟလို ဟလို

စူဠလိပ်နဲ့ စကားပြောဖြစ်တယ်

ကျွန်တော်သင်္ဘောမှောက်သွားတာ ဘယ်ဘ၀ ရောက်နေပြီလဲ

ရသလောက် ရေးခြစ်ဖို့ အိပ်မက်ကို ရေရောထားတယ်

ဆူးရင့် မင်းသက်ဇဉ်

၁၉ ၁၂ ၂၀၁၀

လေထဲ ၀ဲဝဲနေတဲ့ တိမ်

ဝရင် ၀ဲလိုက် ၀ဲရင် ၀လိုက်ကြတော့ပေါ့

ဟော့ ဟော့ ဟော့ ဝေနေလား လေထဲ ၀ဲဝဲနေတဲ့တိမ်

ဝေးဝေးနေ ၀င်မရှုပ်နဲ့ ၀၀စား

သေသွားမယ်

ကမ္ဘာဟာ အမိုက်တိုက်

အမှိုက်

ဗူး

ဟူး ဟူး ဟူး

တိုက်နေတဲ့လေ အားအားယားယား မဟုတ်ဘူး

ကားဟား ကားကားယားယား ထိုးထွက်လာ

ကားတစ်ခု လိုနေတာ ကားတစ်စင်း တည်နေတာ

တည်နေရာဟာ အတည်တကျဆိုရင် ဆိုလို့ရတယ်

ဆိုကြပါစို့ မဟုတ်သလိုလို ဟုတ်သလိုလို ရှိရှိ

မဟုတ်သော် ရှိ ဟုတ်သော်ရှိ လိုနေတာ လိုလိုနေတာ

ဟုတ်စရာလား နေစရာလား ရာရာစစ

ရသလောက် လိုလိုမယ်မယ် ရှိမယ် ရှိမယ်

ရောက်တယ် ရောက်တယ်

ယားယံမှု အရိုးရင့် ရိုးရိုးသားသား

ယဉ်ကျေးစွာ ပြောဆိုဆက်ဆံ တတ်မှုက

အစစ အရာရာ ရာထားတာ

ယားစရာတွေကိုသာ ကုပ်လိုက်ပါတော့

ကျွတ်ကျွတ်ကျဲကျဲ ပြုတ်ကျသွားရင်

ဂွတ်ထ ဂွတ်ထ ထထကြွကြွ လွတ်ကျသွားရင်

ဟထားရင် ဖြဲကြ ပြဲကြ ပါးစပ်ကြီးနဲ့

ကြီးကြီးမားမားဆို တကယ်တော့ အကြီးကြီး

ကျီးကန်းတွေရဲ့ မနက်ခင်း မရောက်ခင်မှာတောင် ကြီး

သွားပြီ ကြီးကြီးရေ….တာ့တာ

ကြီးမှတော့ လန်လန်ထွက်နေတာ

လန်ထွက်ပျံသန်းနေတာ အလံထောင်လို့ မရတာ

နှုတ်ခမ်းဟာ ရွဲ့ရွဲ့ စုတ်ပဲ့နေလို့

ပေါ့လို့ ပေါ့လို့ ပေါ့ပေါ့နေကြတာပေါ့

အိုး လန့်တယ် လန်လို့ လန့်တာလား လှလို့ လန့်နေတာလား

လမင်းကို ခွဲခွာရမျှ ငိုနေရုံပေါ့

ငိုနေကြတော့ ငုံးထားတာ အငုံးလေးကို

အထာတွေ အစာတွေ မကြွေးနဲ့

စာတွေဖတ်ရင် အစာတွေ အူတောင်တတ်တယ်

ခဏခဏ အစာတွေပေါက်

ခဏခဏပေါ့ တကယ်တော့ တကယ့်ခဏလေး

ကိုယ်အနာက လွန်တယ် လွန်လွန်းကဲလွန်းသဲလွန်းတယ်

နံရံကို လက်သီးနဲ့ ထိုးတတ်မိတာက အစပေါ့

ပေါ့ပေါ့ပါးပါးပဲ လွန့် လွန် လူး လူးလို့ခေါက်ပြန်

နောက်ကို

နံရံကို နံရံကို နံရံကို နံရံကို နံရံထဲကို ပိတ်လှောင်ထား

နံရံပေါ်က ခံစားမှုကို ခွါတယ်

ဘာသာစကားကို ခွါတယ်

အခြေအနေပေါ့ ခြေမရှိ လက်မရှိ နေမရှိ

အစားမရှိ ဖိန့်ဖိန့်တွေ ရှိန်းရှိန်းတွေ တွေးတွေးတွေ ပူပူတွေ

အေးအေးတွေ အေးရာအေးကြောင်း နို့အေးချောင်း

ပူရာပူကြောင်း ပူစီပေါင်းပေါ့

အေး/ဆေး/ပေါ့

ပေါ့ဆိမ့်တစ်ခွက် ကျဆိမ့်တစ်ခွက် မှာ / ပြီးရင်

ပေါ့ပေါ့ကျကျ ရယ်မောခြင်းနဲ့ ခေတ်ကို ရယ်မောရမလား

ဖလန်းဖလန်းပေါ့ အားမလို အားမရ ဖြစ်နေတာပေါ့

ရွနေတာ ပိုးဟပ်တွေ တတ်တတ်နေလို့

လိုနေလို့ အိုးးးးး မဖြစ်သေးပါဘူး

တကယ်တော့ မဖြစ်လောက်ပါဘူး

ရုပ်/တ် ရုပ်/တ် ယုန်မွေးတွေရဲ့ အသားထဲ ထိုးဝင်နေကြတာ

အယုတ်တွေ အရုပ်တွေ ခေါင်းကကြိုးကို ဆွဲတိုင်း

ခေါင်းလှုပ်ပြတတ်တဲ့ အယုတ်တွေ အရုပ်တွေ

လက်ကကြိုးကို ဆွဲတိုင်း

လက်လှုပ်ပြတတ်တဲ့ အယုတ်တွေ အရုပ်တွေ

ကြိုးတွေစနစ်တကျ ဆွဲတိုင်း

မြောက်ကြွမြောက်ကြွ ကပြမယ့် အယုတ်တွေ အရုပ်တွေ

A-ယုတ်တွေ A-ရုပ်တွေ

ဟုတ်ကဲ့ ယုန်မွေးတွေရဲ့ ထိပ်ဖျားဆီ

အေးဆေး ဟုတ်ကဲ့ အခု လာခဲ့မယ်။ ။

ဆူးရင့် မင်းသက်ဇဉ်

1.1.2011

ဒါက မင်းသက်ဇဉ်ရဲ့ တောင်းဆိုမှုကြောင့် ရေးဖြစ်သွားတာပါ

ဗျာ

ကဗျာ မဟုတ်ဘူးလား

ရတယ်

စာသားတွေ စကားလုံးတွေ စကားစုတွေ သက်သက်ပဲ ထားပါတော့။ ။

ယိုယွင်း စံတော်ချိန်

မင်းဖြဲနေရင်/ပြဲနေရင်

ဆွံ့အခြင်းဘက်က ကိုယ်ဝမ်းနည်းနေမယ်

မလိုအပ်ရင် ဆွေးသွားတာတွေကိုလည်း ရှင်းထုတ်

ကိုယ်ခေါင်းလည်း ငုံ့ထားတယ်

နာကျင်လောင်မြိုက်မှု အချိုးအကွေ့ဆီ

တွားသွား သတ္တ၀ါတွေလို တိုးဝင်လို့ သွားလိုက်

ငိုသံ အဆုံးထိ အက်ကွဲပါးလွှာနေခိုက်

မနေ့ကလည်း နေဟာ ၀င်သွားတယ်

ဒီနေ့နဲ့ မနက်ဖန်လည်း နေဟာ ၀င်သွားမယ်

တကယ်ဆို တကယ် ဟုတ်တယ် ဟုတ်

ကိုယ့်ပေါက်ပြဲထားတဲ့ ဘက်ကိုလည်း ပြုပြင်ဖာထေးထားချင်တယ်

လိုနေရင် အဆုံးမရှိတော့ဘူး လိုတယ် ဟုတ်

စိတ်တောက်စားမှု ဖရိုဖရဲ ဖြစ်စဉ်တွေ

ထိ-ရှ-ပွန်း-ပဲ့ အပျက်အယွင်းများ

ကစဥ့်ကလျား ပြေးလွှားနေရတဲ့ နှစ်သစ်

မပြေပြစ်တဲ့ ရာသီမှာ မလိုတဲ့ ပန်းတွေ ဖြိုင်ဖြိုင်ပွင့်လို့

လိုအပ်ချက်ဟာ မိုးအဆုံး မြေအဆုံး

ရှင်ဟာလေ ရှင်ဟာ

ဟုတ်ပါတယ် တကယ့်ကို ကိုယ်ဟာ ကဗျာပါ

ဘာလုပ်ခြင်းသည် ကျန်းမားရေးကို ဆိုးရွားစွာ ထိခိုက်စေပါသည်လိုမျိုး

သတိပေးစာတန်းတော့ ထိုးမထားဘူးပေါ့

အဖျားတော့ တက်နေတာပေါ့

ဒါပေမဲ့ ကမ်းခြေကို လှိုင်းပြေးကပ်တယ်ဆိုတာဟာ ပြန်လည်ထွက်ခွာသွားဖို့ကိုပါ

ကိုယ့်နားကပ်လာတဲ့ ဒဏ်ရာဆိုတာကတော့

ပြန်လည်ထွက်ခွာမသွားတော့ဘဲ တွယ်ကပ်နေတာပေါ့

တကယ်တော့ တကယ်ဆိုရင်

ပုံပိခဲ့တဲ့ လူ့အဖြစ်အပျက်

သုံးပြီးသား စွန့်ပစ်ထားတဲ့ တစ်သျှူး စက္ကူစလောက်တော့ မလိုချင်ဘူးပေါ့ကွာ

မင်းလည်း ထိခိုက်စေမယ်ဆိုရင် ငြင်းဆန်မယ် ဟုတ်

မချိုတဲ့ အခါးတွေ

မင်းမသုံးတဲ့ အကောင်းစား အဆိပ်တွေ

သေချာစွန့်ပစ်ပါ ဟုတ်

ပြောနေတာက ဘာတွေ ဖြစ်သွားသလဲဆိုတာပေါ့ကွာ

ဘာတွေ ဖြစ်သွားသလဲဆိုတော့

အနာမကျက်ဘူးဆိုပါတော့

ရှင်က အဲဒါပဲ သတ္တိမရှိဘူး

ဘာလို့ ကျွန်မခေါင်းထဲ ပြေးပြေးဝင်လာတာလဲ

ရှင်နဲ့ ကျွန်မ က အ ရ င် လို အ ခြေ မျိုး မ ဟု တ်ေ တာ့ ဘူး သိ လား

သံယောဇဉ်နဲ့ ချုပ်နှောင်ထားတဲ့ စာချုပ်တွေ

နားလည်မှု ………..နဲ့ ……ယိုင်သွားလား

ပြောပါ

မင်းဆက်ပြောစရာ ရှိရင် ဆက်လက်ပြောပါ

ဖတ်နေသူကိုသာ တည့်တည့်ကြည့်ပြီးပြောပါတော့

ကိုယ့်ကဗျာ ဒီမှာ အဆုံးသတ်သွားခဲ့ပါပြီ။

သည်ကဗျာနှင့် ပတ်သက်၍ လိုအပ်ပါက သင်အစားထိုး အသုံးပြုနိုင်သော အရန်သင့် စကားလုံးများ

၁။ ဘ၀၊ လွတ်လပ်မှု၊ စိတ်၊ ရှင်သန်ခြင်း၊ သေဆုံးမှု၊ အနာ၊ ပျောက်ကွယ်စက်၊ မသမာမှု၊ ဆိုးဆေး၊ လိင်၊ ညဆိုး၊ အိပ်မက်၊ အရိုင်းဆန်မှု။

၂။ အချစ်၊ နွေးထွေးမှု၊ အနည်ထိုင်ခြင်း၊ အမှုန်အမွှား၊ ပြဿနာ၊ သတိရမှု၊ ခုံ၊ လက်ဆောင်၊ ပန်း၊ ခွဲခွာမှု၊ ရင်ပြင်၊ နံရံ၊ အဖုအထစ်။

၃။ ငွေကြေး၊ ကြွယ်ဝချို့တဲ့မှု့၊ အခက်အခဲ၊ လမ်း၊ မှတ်တိုင်၊ စား-၀တ်-နေရေး-ကျန်းမာရေး၊ အကောက်ခွန်၊ လူမှုရေး၊ သင်တန်း။

၎။ စစ်၊ အနိဋ္ဌာရုံ၊ သွေးစက်၊ မိသားစုပြိုကွဲခြင်း၊ တော-တောင်၊ အကြမ်းဖက်မှု၊ အာဏာ၊ အကွေ့၊ စနစ်ဆိုး၊ ငိုသံ၊ တိတ်ဆိတ်မှု။ ဒေသ။

၅။ အခြား သင့်စိတ်ကြိုက် အသုံးပြုလိုသော အက္ခရာ၊ စကားလုံးများ၊ ၀ါကျများ၊ ဘာသာစကားများ။

ဆူးရင့် စိုးမင်းအောင်

2. 1. 2011 နံနက်ခင်းကြယ်စင်စု ကဗျာပြပွဲမှ ရွှေတိဂုံကုန်းတော်သို့၊ ထိုမှ အပြန် ဆူးရင့် စိုးမင်းအောင်

လူ့အဖွဲ့အစည်း ကမ္ဘာ မသေချာသော နေ့စွဲများစသဖြင့် စိတ်အခြေအနေ ပြိုပျက် ပူးပေါင်း ရေးသားခဲ့သည်။ ။

Wednesday, October 13, 2010

အသံကြောင်ကြောင် သေနေတဲ့ ငကြောင်


လောလောလတ်လတ် အလျဉ်က

ဒီ D d ဒီပရက်(စ်)ရှဲ(န်) ဒေါင်းဒေါင်း ဒုန်း

မတူမညီ ခြားခြားနားနား ပြေးလွှားနေရတဲ့ ၀န်းကျင်ကာလာဇုန်မှာ

အနံ့ဆိုး အသက်ဆိုးတွေ မစာမနာ ၀င်ဝင်/ရောက်ရောက် ၀င်ရောက်လာတယ်

လှုပ်လှပါလား အားကျစရာပဲ ဆက်သွား ဆက်လုပ် ဆက်လှုပ်

လူငယ်ဆိုတာ တလှုပ်လှုပ်နဲ့ လုပ်နေ လှုပ်နေမှ ဒါမှ မဟုတ် လွဲရော့

မနက်ခင်း ပန်ကာရှေ့ ဆက်တိုက်ရွာတဲ့ ချွေးစက်အမောဖိုင်တွေ

ဖိုးအင်ဝမ်း.............။

SMA+ကိုးကင်းကောင်= ကားကားကားကှင့် ကွှန်းကားကော် ကကျာ ကား

SY+ကူးကင့်= ကာက ကီကှာ ကီကို ကို

LTN+ကင်းကဏ်ကီ= ကေကူကေကိမ်း ကူကယ်ကီကိုင်း

MDR+ ကှူးကာကီ= ကီကတ်ကိုင်းကကွင်း ကေကို့ ကကြောင်းကန်ကာ

အူး............ရာထူးရှိမှ ရူးလို့ ရတာမဟုတ်ဘူးဟေ့

ဖြတ်မယ် တောက်မယ် ရောရောနှောနှော စပေ့(စ်)ခြား လိုင်းရွှေ့ တပ်ဆင်မယ်။

ဒါဟာ မိက်ကပ်ထူထူဖို့ထားတဲ့ အကွဲအရှ အပွန်းအပဲ့ ဒဏ်ရာ အနာတရတွေလား

ရန်ကုန်က မခွါနိုင်သေးတဲ့ အညာသားတစ်ယောက်လား

မသာမယာ သေဆုံးသွားရတဲ့ မသာအလောင်းကြီးလား

ကဗျာကို အရောင်ခွဲ/အရောင်းအ၀ယ်လုပ်/အရွဲ့တိုက်/အရည်ဖျော်/ရှော့ခ်ရိုက်ပစ်မယ့် လူတွေလား

မျှော်လင့်ချက် သွေးသံရဲရဲ ဒူးထောက်လို့ အသံမမာနိုင်ခဲ့။

ဒီလူ......................

ဒီအခန်းထဲ

ဒီ

D

d

ဒီပရက်(စ်)ရှဲ(န်) ဒေါင်းဒေါင်း ဒုန်း၊

ပြီးရင်...........

အသံကုန် ကြောင်နေအောင် အော်။

မင်းဟာ လမင်းအစစ် မဟုတ်ခဲ့ဘူး

မင်းလမင်းဟာ အစစ် မဟုတ်ခဲ့ဘူး

လမင်းဟာ မင်းအစစ် မဟုတ်ခဲ့ဘူး

လမင်းအစစ်ဟာ မင်းမဟုတ်ခဲ့ဘူး

အစစ်ဟာ မင်း လမင်း မဟုတ်ခဲ့ဘူး

အစစ်ဟာ လမင်း မင်းမဟုတ်ခဲ့ဘူး။


မဟုတ်ဘူး မသိဘူးတွေဟာ

မင်းရဲ့ လမင်း အစစ်ဖြစ်တယ်။

ဆူးရင့်၊တန့်ဆည်၊

ခြေရာ လက်ရာ အကွေ့ အကောက်

သဘာဝပတ်ဝန်းကျင် ထိန်းထိမ်းသလို
ဘာကြီးညာကြီး ဖြစ်လာနိုင်သလို
ငလျင် ငလျင် ငလျင်လို ငါက ဒီမှာ ဒီလို..........လို
ဟဲ့ညိုမြ စောင်မလိုဘူး သွား/မေးကြည့်
လူကြုံရင် ဆရာချောဝမ်းဗိုက်သားကို နာနာပွတ် နာနာဖွတ်
တိုက်ဆိုင်မှု အတုံးအခဲကို ဖွာဆန်ကြဲအောင် ကျော်/ခွ မင်းမူ ဆက်သွယ်ကြည့်
သတင်းတွေက လူ့အဖြစ်ရဲ့ အမြင်အာရုံ မူးယစ်ဆေးပဲ
သွေးကြောတစ်လျှောက် ချာတူးလန်ဖြစ် ဖျားနာသွား
လူဟာ ကွန်ပျူတာ အင်တာနက် စကြ၀ဠာ အရိုင်းယဉ်ကျေးမှုမှ မဟုတ်တာ
မသိ နားမလည် စိတ်လွတ်လက်လွက် အခိုက်အတန့်တိုင်း သေသလို ရှင်ကြည့်ဖို့
မိတ်ဆုံစားပွဲမှာ အသားခြင်းထိ သေဆုံးရတဲ့အချိန်တွေ အားယားနေရင်
လူချင်းပြိုပျက်နေတဲ့ ထိခိုက်မှု မမှုရေးချ မမှုတဲ့ လူမှုရေး
ဘယ်သူက ဒီကဗျာ ဒီကမ္ဘာ ဒီလူသား ဒီစာရွက်သားလေးထဲ ယင်းထလို့ နာနေသလဲ။

အစ်မက ကစဉ့်စဥ့် ကလျားကလျား သိမ်းဆည်းထားတာ ပြဿနာတွေလား
အစ်မက ကစဉ့်စဥ့် ကလျားကလျား သိမ်းဆည်းထားတာ နာကျင် ဒဏ်ရာတွေလား
အစ်မက ကစဉ့်စဥ့် ကလျားကလျား သိမ်းဆည်းထားတာ ကူးယူမှုတွေလား
အစ်မက ကစဉ့်စဥ့် ကလျားကလျား သိမ်းဆည်းထားတာ ဂရုစိုက်မှုတွေလား။

ကဗျာတွေ ကဗျာဆရာတွေ လက်သည်းဝှက်တွေ အပြင်းစားရိုက်ချက်တွေ ဖြာခနဲ့ ပျံသန်းသွား
ဝလုံးတွေ သုညတွေ သတင်းတွေ သဘောမတွေ့သော ဗလာနဲ့ ဇီးရိုးတွေဆီ
နျူကလီးယားမစ်ဇိုင်းလ်းတွေ ပစ်လွှတ်ဖို့/ အယူအဆ ပြေလည်ဖို့
သရုပ်ဆောင် အကြင်နာက data တွေ ခွေခွေလေး ဖြစ်နေတာ
လူကြီးမင်း ဘယ်သူ ဘယ်ဝါ ခင်ဗျား သိပုံဟာ ယင်းထလို့
ထိုသို့ ထိုနှယ် ရင်ထိုး ရင်အောင့် အသက်ရှူကျပ်တာ နေတိုင်းဂရုစိုက်ပါ
အက်စ် လူငယ်တစ်ယောက်က အရောင်တွေ ပွားမယ်
တ၀င်းဝင်း တလက်လက် ထွားမယ် ကစားမယ် တောမှာပဲ တေနေလိုက်တော့မယ်။

မနေ့ညက အမှန်ဟာ သုံးခါတိတိ အသိရခက်တယ်
ရန်ကုန်မှာ လောဘ ဒေါသ မောဟများ သတိထား သတိထား
အွန်လိုင်းမှာ ကိုက်ခဲမာန်ဖီရန် အသင့်ပြင်ကျစို့
အစစ်အမှန် ပျော်ရွှင်စရာတွေ အမြှီးကုတ် အကူအညီ ဆုတ်ခွာပေးပါ
အနုပညာသံချေးချင်း ယဉ်ပါးဖို့ ချိန်းဆိုထားပါတယ်
ကိုယ်ခတ်ပိတ် ဖြတ်ညှပ်ထားရတဲ့ အရိုင်းဧရိယာဟာ
သိလျက် မသိလျက် အကြောလန်ထွက်လို့။

ဟဲ့တာဝန်ဝတ္တရား
ပွတ်သပ်မှုကျောက်ဆောင်တွေ ခေါက်တင် ဆွဲတင်
အောင်လံမလွှင်နိုင်တဲ့ အရိုင်းယဉ်ကျေးမှုမှာ ယုံကြည်ပါ
ဒေါသအမည်းအမှောင်နဲ့ မျှားယူ နေထိုင်ရတာ ရိုးနေပြီဟေ့
လက်မ မထောင်သေးတဲ့ ခင်ဗျားနဲ့ လူသား ပတ်ဝန်းကျင် တံတိုင်းပျက်ကြီး
ငါတွေကြားမှာ အတ္တမွေးမြူခြင်းကလည်း မှုးယစ်ဆေး အယူအဆပဲ ဂရုစိုက်
နေထိုင်ဖြတ်သန်းမှုက ဘာညီညာကြီး ၀ဲလိုဝဲ
ဒီကြေကွဲဇာတ် တိုက်ဆိုင်ခြင်းက ဒီလူသား လွမ်းနေရတာ အားငယ်လိုက်တာ
ဖရိုဖရဲမလေးတွေ အဆင်ပြေသလို မရယ်ဖြစ်တာ စဉ်းစား ညိုမြ
ချာချာလည် လူသားတွေရဲ့ အမြင်မတော်တာ သိရခက်တဲ့ စိတ်ဓာတ်ကျဆင်မှု
အရွယ်က အလိမ္မာနဲ့ အယဉ်ကျေးဆုံး တည်ဆောက်ရတယ်
ထိတွေ့ရမယ့် ကြိုးစတွေ အားနဲ့ မာန်နဲ့ ထည့်သွင်း သိမ်းဆည်းထား
စကားလုံးကြား စောင့်နေတဲ့ ပြဿနာက ပြဿနာပဲ
ဝါးဟားးးးး ဟားးးးး ခင်းဗျား ရူးနေပြီး ရူးနေပြီဟေ့။

ဒီကဗျာ သေသလို အိပ်စက်နေပါလား ဆရာချော
ဟဲ့လူငယ်အက်စ်
ဟဲ့လူငယ်ဒီဇိုင်း
ဟဲ့သရုပ်ဆောင်
ဟဲ့ဒီလို ဒီလို.....လို
ပြဿနာမီးခိုးတွေက ပြဿနာမီးခိုးတွေပါပဲ။

ဆူးရင့်၊တန့်ဆည်၊

ဒီကဗျာကို မှတ်ချက်ထုတ်ရရင်......စိုးမင်းအောင်ရေးတဲ့ ဓားပါးပါးနှင့် မွှန်းထားသော ကဗျာ ငါး၊
လင်းသဏ်ညီ ရေးတဲ့ လေယူလေသိမ်း လူငယ်ဒီဇိုင်း၊
မှူးဒါရီ ရေးတဲ့ ဒီရက်ပိုင်း သေဖို့ အကြောင်းဖန်လာ၊
ကိုယ်တိုင်ရေးဖြစ်တဲ့ ငါက ဒီမှာ ဒီလို......လို ဆိုတဲ့ကဗျာလေးပုဒ်ကို ဖြတ်/တောက်/စပေ့ခြား
လိုင်းရွှေ့ တပ်ဆင် ချိတ်ဆက်ရောနှော ထားခြင်းသက်သက် ဖြစ်ပါတယ်။ ဒါပေမယ့် စိတ်ထဲ စွဲနေတဲ့ စကားလုံးကိုတော့ ဒီကဗျာထဲ ထပ်ခါ ထပ်ခါ သုံးထားဖြစ်ပါတယ်။ ဒီလေးပုဒ်ကိုပဲ ဒီလေးယောက်လုံးက ရောနှောဖြစ်ကြမယ် ထင်ပါတယ်.......။ ။

LinkWithin

Related Posts with Thumbnails