Thursday, July 15, 2010

ပြတ်ရွေ့ ကြော

ဘ၀ကို အားမရတဲ့ ရောဂါ
ဆို့ဆို့နစ်နစ် တုန်ရီလို့
အသက်ရှူ မ၀လိုက်ပုံများ
ရင်အပြည့် ဒေါသက
ငါ သူတစ်ပါး ယောက်ျား မိန်းမ မကွဲပြားခဲ့
ဘေးမှာ နံရံ၊ ရှေ့ မှာ ကွန်ပျူတာ မှန်ပြင်
ချက်တင်ဘောက်ကို ဖွင့်ထား
အရေးကြီးတယ် ဆိုတဲ့ ကိစ္စဟာ
..............................................
ပြောစရာရှိတယ် ဆိုတဲ့ ကိစ္စဟာ
...............................................
သူငယ်ချင်း
+ + + + + + + + + + + + + +
+ + + + + + + + + + + +
+ + + + + + + + + + +
+ + + + + + + + + +
@ @ @ @ @@ @
@ @ @ @ @ @
@ @ @ @ @
@ @ @ @
@ @ @
@ @
@

နံရံကို ခေါင်းနဲ့ ပြေးဆောင့်ချင်လာပြီ
မှန်ပြင်ကို လက်သီးနဲ့ ထိုးချင်လာပြီ
ဒီနေရာက အမြန်ဆုံး ရွေ့ မှ ဖြစ်တော့မယ်
ငိုသံပါကြီးနဲ့ ဆိုင်းအောက်လုပ်၊ ထွက်။

ဘ၀ကို အားမရတဲ့ ရောဂါ
ဆို့ဆို့နစ်နစ် တုန်ရီလို့
ငါ ငေးကြည့်ဖို့ ကောင်းကင် မရှိတော့ဘူးလား။ ။

ဆူးရင့်၊တန့်ဆည်၊

14 . july. 2010

2 comments:

Mhu Darye said...

ကဗျာကို ဖတ်ပြီး အကိုဆူးရင့်စာသားလေးကို သွားသတိရတယ်။

နည်းနည်းပြင်ပြီး ပြောရရင်..
ကောင်းကင်ကို လိုချင်တဲ့သူက ကောင်းကင်ကိုပဲ မျှားလိမ့်မယ်...။

အဆင်ပြေပါစေ။

သိင်္ဂါကျော် said...

ဘဝကို အားမရတဲ့ရောဂါ.. အဲဒါ တော်တော် ဆိုးတယ်နော်..

LinkWithin

Related Posts with Thumbnails