Sunday, July 18, 2010

အရုပ်ဆန်ဆန် အယုတ်များ


ခေါင်းက ကြိုးကို ဆွဲလိုက်ရင်
ခေါင်းညိမ့်ပြတတ်တဲ့ အယုတ်တွေ

လက်က ကြိုးကို ဆွဲလိုက်ရင်

လက်လှုပ်ပြတတ်တဲ့ အယုတ်တွေ


ခြေထောက်က ကြိုးကို ဆွဲလိုက်ရင်

လမ်းသလားပြတတ်တဲ့ အယုတ်တွေ


ကြိုးတွေကို စနစ်တကျ ဆွဲလိုက်ရင်

ခိုင်းသမျှ ကပြတတ်တဲ့ အယုတ်တွေ


စက်ရုပ်ဆန်လာတဲ့ အယုတ်တွေ

ရုပ်သေးဆန်လာတဲ့ အယုတ်တွေ

တိရိစ္ဆာန်ဆန်လာတဲ့ အယုတ်တွေ

မကောင်းဆိုးဝါးဆန်လာတဲ့ အယုတ်တွေ

အရုပ်တွေ အယုတ်တွေ

အယုတ်တွေ အရုပ်တွေ။ ။



ဆူးရင့်၊တန့်ဆည်၊

အာဇာနည်နေ့အား အထူးဂုဏ်ပြုပါသည်။

1 comment:

Mhu Darye said...

ရောက်ခဲ့တယ် အကို။
း)

LinkWithin

Related Posts with Thumbnails