အိပ်ရာ မရှိဘဲ မိုးလင်းသွားတယ်/ည
ည/ငါ့ခန္ဓာကို ဘယ်မှာ ၀ှက်သိမ်းထားရမလဲ
အိပ်စက်ဖို့ ည/ဘယ်မှာ
အဲဒီ ည/က သံသရာ ရှည်တယ်
စစ်မြေပြင် လေယာဉ်သံတွေလို
ခြင်သံတွေ သိမ်းပိုက်ထားတဲ့/ည
ည/ လ မသာပါ
ငါ့သွေးကို ဖောက်စုပ်ယူကြ / ည
ည/ အေးစိမ့်စိမ့် မြောက်ပြန်လေ ဂီတနဲ့
ခိုက်ခိုက်တုန်တယ် /ည
သူငယ်ချင်းရဲ့ အကူအညီနဲ့
ဂိတ်တံခါးဝမှာ မိုးလင်းခဲ့ပေါ့ / ည
ကံကြမ္မာရဲ့ ရက်စက်ခြင်းဟာ
ဝဋ်နာ ကံနာလား / ည - ရက်စက်ကြ
ကွယ်စရာ နံရံ မရှိ
သုညကြွင်းတဲ့ / ည - ရက်စက်ကြ
ပိတ်စရာ တံခါးမရှိ
အားမပြည့်တဲ့ / ည - ရက်စက်ကြ
အဲဒီလို ည/ ည-မှာ
မင်းကို သတိရမိပါတယ် ဒီဇင်ဘာရယ်...။
ဆူးရင့်၊တန့်ဆည်၊
1 comment:
အေးဗျာ...ဒီဇင်ဘာညလေးတွေကို သတိရမိတယ်...
မနက်မနက်ဆိုလည်း လမ်းလျှောက်ထွက်ရတာ တော်တော်ကောင်းတယ်ဗျ...
ဆောင်းကို ကြုံချင်လိုက်တာဗျာ...
Post a Comment