Sunday, November 29, 2009

ငါ့ + ဆောင်း = ည




အိပ်ရာ မရှိဘဲ မိုးလင်းသွားတယ်/ည

ည/ငါ့ခန္ဓာကို ဘယ်မှာ ၀ှက်သိမ်းထားရမလဲ
အိပ်စက်ဖို့ ည/ဘယ်မှာ
အဲဒီ ည/က သံသရာ ရှည်တယ်

စစ်မြေပြင် လေယာဉ်သံတွေလို

ခြင်သံတွေ သိမ်းပိုက်ထားတဲ့/ည
ည/ လ မသာပါ
ငါ့သွေးကို ဖောက်စုပ်ယူကြ / ည

ည/ အေးစိမ့်စိမ့် မြောက်ပြန်လေ ဂီတနဲ့
ခိုက်ခိုက်တုန်တယ် /ည

သူငယ်ချင်းရဲ့ အကူအညီနဲ့

ဂိတ်တံခါးဝမှာ မိုးလင်းခဲ့ပေါ့ / ည

ကံကြမ္မာရဲ့ ရက်စက်ခြင်းဟာ

ဝဋ်နာ ကံနာလား / ည - ရက်စက်ကြ
ကွယ်စရာ နံရံ မရှိ

သုညကြွင်းတဲ့ / ည - ရက်စက်ကြ

ပိတ်စရာ တံခါးမရှိ

အားမပြည့်တဲ့ / ည - ရက်စက်ကြ

အဲဒီလို ည/ ည-မှာ

မင်းကို သတိရမိပါတယ်
ဒီဇင်ဘာရယ်...။
ဆူးရင့်၊တန့်ဆည်၊

1 comment:

ညလင်းအိမ် said...

အေးဗျာ...ဒီဇင်ဘာညလေးတွေကို သတိရမိတယ်...
မနက်မနက်ဆိုလည်း လမ်းလျှောက်ထွက်ရတာ တော်တော်ကောင်းတယ်ဗျ...
ဆောင်းကို ကြုံချင်လိုက်တာဗျာ...

LinkWithin

Related Posts with Thumbnails