စိတ်ရဲ့ မွန်းကျပ်မှုကို ဖောက်ခွဲဖို့
စကားလုံးတွေနဲ့ မပျင်းပြေ လက်ထပ်ခဲ့တယ်။
ရှူရှိုက်မှုတိုင်းမှာ ကဗျာတွေနဲ့ နေခဲ့
နာကျင်မှုတိုင်းမှာ ကဗျာတွေနဲ့ လေခဲ့
ဖြတ်သန်းမှုတိုင်းမှာ ကဗျာတွေနဲ့ သေခဲ့
အဲဒီလို ပေါ့ပေါ့ပါးပါး လက်ခံပြီး
အဲဒီလို ပေါ့ပေါ့ပါးပါး ငြင်းဆန်တတ်သူဟာ
ခင်ဗျား မဟုတ်ရင် ပင့်ကူအန် တိမ်တိုက်ပဲ။ ။
ဆူးရင့်၊တန့်ဆည်၊
2 comments:
ကဗျာက အတော်ကို လန်းတယ်နော် ..
ပြီးတော့ ဖတ်ပြီး တစ်ခုခုကို ပါးပါးလေး ခံစားလိုက်ရတယ် ..
ကဗျာဆရာက တော်လိုက်တာ ...
ကိုဆူးရင့် ကဗျာဆရာပီသလိုက်တာဗျာ ..အဟဲ ။
ပုံလေးတွေက လန်းလှပါလား။ဓာတ်ပံလား ပန်းချီလား။
Post a Comment