Sunday, November 8, 2009

ဘေးထွက် ဆိုးကျိုး




စိတ်ရဲ့ မွန်းကျပ်မှုကို
ဖောက်ခွဲဖို့
စကားလုံးတွေနဲ့
မပျင်းပြေ လက်ထပ်ခဲ့တယ်။

ရှူရှိုက်မှုတိုင်းမှာ ကဗျာတွေနဲ့ နေခဲ့

နာကျင်မှုတိုင်းမှာ ကဗျာတွေနဲ့ လေခဲ့

ဖြတ်သန်းမှုတိုင်းမှာ ကဗျာတွေနဲ့ သေခဲ့


အဲဒီလို ပေါ့ပေါ့ပါးပါး လက်ခံပြီး

အဲဒီလို ပေါ့ပေါ့ပါးပါး ငြင်းဆန်တတ်သူဟာ
ခင်ဗျား မဟုတ်ရင် ပင့်ကူအန် တိမ်တိုက်ပဲ။ ။
ဆူးရင့်၊တန့်ဆည်၊

2 comments:

ဇော် said...

ကဗျာက အတော်ကို လန်းတယ်နော် ..
ပြီးတော့ ဖတ်ပြီး တစ်ခုခုကို ပါးပါးလေး ခံစားလိုက်ရတယ် ..
ကဗျာဆရာက တော်လိုက်တာ ...

ကျောက်တာ said...

ကိုဆူးရင့် ကဗျာဆရာပီသလိုက်တာဗျာ ..အဟဲ ။
ပုံလေးတွေက လန်းလှပါလား။ဓာတ်ပံလား ပန်းချီလား။

LinkWithin

Related Posts with Thumbnails