Wednesday, September 16, 2009

လမ်းညွှန်ပြားတွေနောက် လိုက်ကြည့်သော အခါ

“ရူးချင်ယောင်ဆောင်သောသူသည် ကုရခက်သည်”
အဲဒီဆိုင်းဘုတ် ဘယ်ဘက်ကိုချိုး
နောက်
“အောက်တန်းကျ စိတ်ဓာတ်များ စုပုံထားရန်”
ထပ်ပြီး ညာဘက်ကိုလာ
“သတိ-ရှေ့ခရီးတွင် ခွဲခြားဆက်ဆံတတ်သူများ ရှိသည်”
တစ်ပြလောက် ဆက်လျှောက်လိုက်
“ မိတ်ဆွေ - မိတ်ဆွေဆိုတာ ခေါ်ခဲ့ပါ”
စိတ်ပျက်မနေနဲ့ အခုလမ်းအဆုံးလေးကို ကွေ့သွား
“ လိင်ကိစ္စ၊ ငွေကြေး၊ ချစ်မေတ္တာ၊ ဂုဏ်ရှိန်ဝါ၊ လူသားအမြင်”
ကုန်းပြေပြေလေးကနေ
စမ်းချောင်းလေးတွေ့ရမယ
် ပြီးရင်
ပါလာတဲ့ အသက်ကို ခပ်၀၀ရှူ
ဇရပ်တစ်ခုကို တွေ့လိမ့်မယ်
ဘယ်သူမှ မရှိဘူး မထင်နဲ့
ဝိညာဉ်လေးတွေကို ခရီးသွားဖေါ်အဖြစ် ဆောင်ထား
“ငါသိပ်ခင်ရတဲ့ ငါကို ခင်းလျှောက်ဖို့ စောင့်နေတယ်”
သိပ်ကျယ်ပြောတယ်
မာယာ၊ ပဉ္စလက်၊ ၀င်္ကဘာ၊ မှော်ရုံ
စိတ်တွေကို ဖောင်ဖွဲ့လိုက်
စိတ်တွေကို အလီမှတ်လိုက်
စိတ်တွေကို အဖေါ်မဲ့ ပစ်ထားလိုက်
တစ်ခုခုကို မြင်လိမ့်မယ်
ငါလား နက်ရှိုင်းခြင်းလား
သုခတရာလို လိမ်းကျံထားတဲ့
ဒုက္ခတရားလား
နောက်ထပ်ငါပွားလေးလား
ရောက်တော့ ရောက်ချင်နေပြီ
“မသိသေးတဲ့ သိခြင်းတရားရှိရာဆီသို့”

နွေဦးကို

1 comment:

Angel Shaper said...

မသိသေးတဲ့ သိခြင်းတရားဆီရောက်ဖို့ ဘယ်လမ်းညွှန်ပြားနောက် လိုက်ကြည့်ရမလဲ ဟင်။
လေးနက်တဲ့ အတွေးလေးတွေနဲ့ ကဗျာလေး ဖတ်သွားတယ်ဗျိုးးးးးးးးးး

LinkWithin

Related Posts with Thumbnails