Wednesday, September 16, 2009

ပျောက်ဆုံးခြင်းရဲ့ ဆန္ဒ

အတိတ်ကို မကြည့်ဘဲ
ငါတို့ အနာဂတ်ကို ဘယ်လိုဖြတ်သန်းရမှာလဲ
အတိတ်ဆီ ပို့ရမယ့် ပစ္စုပ္ပန်တွေမှာ
ငါတို့ဟာ ဘယ်လို သူရဲကောင်းမျိုးလဲ
မြတ်သောစိတ်ထားတွေနဲ့ ဘယ်နှည အိပ်စက်ပြီးပြီလဲ
ငါတို့ ရွေးခြယ်ထားတဲ့ အက္ခရာတွေက
ဖြူစင်ကြရဲ့လား

တကယ်ပါ ..
စိတ်ကူးနဲ့ လက်နဲ့ တည့်သွားတဲ့ နေ့မှာ
ပန်းချီဆရာက အနုပညာမြောက်
ပန်းချီကားတစ်ချပ်ရတယ်

တစစနဲ့ ကြွေခွင့်ရတဲ့ သဲပန်းပုလို
ဘ၀တွေဆိုတော့
စိတ်ကူးနဲ့ တည့်မယ့်နာရီ စက္ကန့်တွေ လိုချင်ကြမှာပေါ့
တစ်ရွက်ပြီးတစ်ရွက်
တစ်ရက်ပြီးတစ်ရက်
တစ်ယောက်ပြီး တစ်ယောက်
လေတိုက်နှုန်းနောက် လည်ပတ်ရတဲ့ လေဒလက်တစ်ခုလိုပဲ

ကိုယ်မွေးတဲ့ နေ့ဆိုးတွေ
ကိုယ့်ကို ပြန်မခြောက်စေနဲ့
ဟိုတုန်းကရယ် မနက်ဖြန်ရယ်ကြားမှာ
ငါတို့မက်နေတဲ့ အိပ်မက်တွေက မလန့်နိုးဖို့
လှပသော ပျောက်ဆုံးမှုသာ ဖြစ်သင့်တယ်။

နွေဦးကို

1 comment:

Angel Shaper said...

ဆင်ခြင်တွေးတောစရာလေးနဲ့ ကဗျာလေးဖတ်ပြီး
တွေးဆစရာလေးတွေ ရသွားပြီ။

LinkWithin

Related Posts with Thumbnails