ဟစ်ခွင့်ရှိတဲ့ သီချင်းက အရာမ၀င်ဘူး
အသက်လှောင် နံရံများသာ
ရိ ... ဆွေး ... ပြတ် ...တောက်
ဘုရားစကားနဲ့ အညီ
လောကကို မငြင်းခုန်တာပဲ ကောင်းတယ်။
သက်မွန်မြင့်ကို သက်မွန်မြင့် အတိုင်း
ဆုန်သင်းပါရ်ကို ဆုန်သင်းပါရ် အတိုင်း
အနံ့ အရသာ ကျယ်ပြန့် ကျဉ်းမြောင်းမှုတွေ
ပစ်မှတ်လွဲ ရဲရင့်ခဲ့။
ဖြစ်စဉ်နဲ့ ပြေးလမ်းပေါ်
လိုဘ မ၀လင်မှုနဲ့
ပြည်အောင်း အနာနဲ့
ဦးနှောက်မဲ့ မျက်နှာဖုံးနဲ့
ငိုရယ်ဖို့ မေ့လျှော့စိတ်နဲ့
ဆူးရင့်ဟာ ဆူးရင့်ဆန်ဆန်
ငွေ့ငွေ့ လူလူ လွင့်နေခဲ့တယ်။
ဖြစ်နိုင်ရင်
ခေါင်းထဲမှာ
ဘာ တစ်စုံ တစ်ရာမှ သိမ်းမထားချင်သလို
ဘာ တစ်စုံ တစ်ရာမှလည်း ထုတ်မယူချင်တော့ဘူး။
ဆူးရင့်၊တန့်ဆည်၊
ရုပ်ရှင်အမြုတေ မဂ္ဂဇင်း
ဇွန်လ ၊ ၂၀၀၈။
ကဗျာ အဟောင်းလေးပါ သတိရလို့ အခုမှ တင်လိုက်ပါတယ်။
No comments:
Post a Comment