Monday, August 10, 2009

ကြိုး

ကိုယ့်ခန္ဓာဆီ
ပြန်ကပ်ခွင့် မရှိတဲ့
ဝိညာဉ် တစ်ကောင်ထက်
ခွဲခွါရခြင်းက
ပိုးပြီး ခါးသက်လွန်းတယ်။

စိတ်ချင်း ချည်နှောင်ခဲ့ကြတဲ့
ကြိုးတွေ
ပြတ်တောက် သွားပြီဆိုရင်
ခံစားချက်က
အသက်ကို ရန်ရှာတတ်တယ်။

ညီမလေးရေ့
လေစိမ်းရဲ့ မုန်တိုင်းတွေ မလာစေနဲ့
နာကျည်းမှုရဲ့ မိုးတွေ မရွာစေနဲ့။

ဆူးရင့်၊တန့်ဆည်၊

2 comments:

Mhu Darye said...
This comment has been removed by the author.
Mhu Darye said...

ညီမလေးရေ ဆိုတဲ့ တိုင်တည်အသုံးအနှုန်းကို မကြာမကြာ တွေ့ရတယ်။
ဒါနဲ့ ဒီကဗျာက နာမည်နဲ့လိုက်အောင်..လာဖတ်မိသူကို ချည်လိုက်နိုင်တယ်။
း)

LinkWithin

Related Posts with Thumbnails