Tuesday, July 28, 2009

နေမကောင်းတဲ့ သစ်ပင်



လေအလာကို
ရွက်လွှင့်လို့ ငြိမ်သက်နေခဲ့တယ်
လေပြည်လား
မုန်တိုင်းလား
နီးစပ်မှုကေ၀၀ါးဆဲ ။

မကွဲမပြား ဖိတ်စဉ်ခဲ့တဲ့
မိုးတိမ်ဆီ
လ၀န်းဆီ ငေး ရင်း ...........
ငြိမ်သက်မြဲ ငြိမ်သက်နေခဲ့တယ် ။

ညီမလေးရေ.....
ထားသွားခဲ့ပါတော့
ကိုယ်ဟာ အထီးကျန်ခြင်းနဲ့
လက်ထပ်မိတဲ့
ရွက်ဝေး သစ်ခြောက်တစ်ပင်ပါ ။ ။
ဆူးရင့်၊တန့်ဆည်၊

2 comments:

ATN said...

ကြိုက်တယ်ဗျ ကိုဆူးရင့်ရေ့...
သစ်ပင်က ထွက်ပြေးလို့ မရဘူးကိုး...

nweminthit said...

ဒါလေးကို ခံစားလိုက်တယ်ဗျာ။အညာသားတွေကိုးဗျ။

LinkWithin

Related Posts with Thumbnails