Tuesday, July 28, 2009

ဖုန်းခေါ် မရတဲ့ နေ့

တစ်နေ့လုံး
ဖုန်းခေါ်လို့ မရဘူး
လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းသည်
ဆက်သွယ်မှု ဧရိယာ အပြင်ရောက်လိုက်
မအားလပ် သေးပါသဖြင့်လိုက်
ခေတ္တ စောင့်ဆိုင်းရမတဲ့။

ဖူးစုံ ဆီလည်း ဆက်မရဘူး
မိုးမင်း ဆီလည်း ဆက်မရဘူး
ညီသစ်ထူးလည်း လမ်းရှင်းမထားဘူး
ဦးဇိန၀ံသလည်း ခေါ်မရဘူး။

နေပါဦး
ခင်များတို့ ဧရိယာက ဘယ်အထိလဲ
ခင်များတို့ သွားနေတာက ဘယ်အထိလဲ
ကျွန်တော်က ဘယ်လောက်အထိ စောင့်ရမလဲ။

ဝိုင်ဝိုင်းကတစ်မျိုး
“တော်ပါပြီ ဒီဖုန်းစုတ်ကြီးကို
လွှင့်ပစ်လိုက်စမ်းကွာ” တဲ့။

ဝါဆိုကိုဦး(တောင်ကြီး)

No comments:

LinkWithin

Related Posts with Thumbnails