Wednesday, July 29, 2009

ဂစ်တာတစ်လက်ရဲ့ နာရေး



သတိရမှုကို ပြက်ရယ်ပြုခံရသူအတွက်
နံရံဆီ လက်သီးချက်တွေပို့လွှတ်ရင်း
အရာအားလုံး လက်မြှောက် ဒူးထောက်ခဲ့။

ဘ၀က ဒီလောက် အဖြစ်သည်းခဲ့တာတောင်
ဒီလို အေးစက်ခံထားရတဲ့အဖြစ်
ကိုယ့်ကိုယ်ကိုယ် ကြင်နာလို့ မရတဲ့အဆုံး
ခွင့်လွှတ်စိတ်နဲ့ လှည့်ပြန်လာခဲ့တယ်။

အို ... ရှင်တော်ဘုရား
ခံစားချက်မဲ့သော
လူအဖြစ်ကို ရလိုပါ၏။

သေသလို
အခန်းထဲ ခွေခွေလေး
တိတ်ဆိတ်နေပါ့မယ်။

ညီမလေးရေ ...
ထာဝရ ပျော်ရွှင် ချမ်းမြေ့ပါစေ။

ဆူးရင့်၊တန့်ဆည်၊
၂၉၊၇၊၂၀၀၉၊ နံနက်(၂း၀၀)နာရီ အချိန်

1 comment:

ဂျစ်တူး ( မုံရွာ ) said...

ဲကြိုက်တယ်ဗျာ-အရမ်းခံစားသွားတယ်-ဓါတ်ပုံကလေးတွေ
ကဗျာတွေနဲ့ လိုက်မည့်ပုံကလေးတွေလိုချင်ရင်ပြောနော်
ဂျစ်တူးကိုယ်တိုင်ရိုက်ထားတာတွေပို့ ပေးမယ်ဗျာ-
ရွှင်လန်းချမ်းမြေ့ပါစေဗျာ-

LinkWithin

Related Posts with Thumbnails