Tuesday, September 4, 2007

အလွင့်



အထက်ဘ၀ဂ်တိုင်အောင် တက်ကြွနေတဲ့ စိတ်ရဲ့ ခံစားမှုတွေရသလို တစ်ချို့တစ်ချို့ နေ့ရက်တွေ
အချိန်တွေမှာတော့ စိတ်ဟာအ၀ီစိအထိ ကျဆင်းနေပြန်ရော့ ။ ဒီပုံလေးကို ရေးဆွဲနေတဲ့အချိန်မှာ ကျွန်တော်
တစ်စုံတစ်ယောက်ဆီ လွင့်နေတယ် ။ ပျင်းရိနေတဲ့အခါမျိုးမှာ စာဖတ် စာရေး ပုံဆွဲတတ်တဲ့ ကျွန်တော် ။
ကိုယ့်ခံစားချက်နဲ့ ကိုယ်ဝါသနာနဲ့ ကိုယ်ပေါ့ ။ တစ်ချို့က ကျွန်တော်ကဗျာရေးနေတာကို အထင်သေးကြ
တယ်။ အနုပညာသမား ဖက်ခွက်စားတဲ့ ။ နှာခေါင်းရှုံ့ မေးငေါ့ကြတယ် ။ ဘာပဲဖြစ်ဖြစ် ခံစားရသမျှ ဆက်ရေးနေဦးမှာပဲ ။ ။။

အလွင့်


တိတ်ဆိတ် ယိုင်နဲမှုနဲ့
ငါ့မနက်ခင်းကို ငါကိုယ်တိုင် မီးပျက်ခဲ့ရပြီ
စိတ်ကျ လက်ကျနေလာခဲ့တာ
မြင်ခွင့် မရှိတဲ့ အနုပညာအတွက်
ခြစ်ခြစ်ကျင်ကျင် ဖြတ်သန်းခဲ့တာ
ကောင်းကင်မရှိတဲ့ ဆည်းဆာရောင်အတွက်

လမ်းများ တရွေ့ရွေ့ကျယ်လာ
လူများ တရွေ့ရွေ့ကျဉ်းသွား

မျက်နှာပေါ် ရေခဲမုန်တိုင်း အစင်းစင်း
ပခုံးပေါ် ပြဌာန်းချက် အစင်းစင်း
အရိုးရင့် ပျက်လုံးတွေနဲ့
ငါတို့ လူ့အဖြစ်ကိုရှင်သန်ခဲ့ကြတယ် ။

ထားပါတော့
ဆူးရင့်ဆိုတာ အနံ့မရှိတဲ့ ကဗျာကယာ
မဖြောင့်တန်းတဲ့ ကွေ့ကောက်မှုတွေကြားက
ငွေတစ်ဖက်ပြတ်နေတဲ့ ခြင်္သေ့တစ်ကောင်လို့ပဲ
ထားလိုက်ကြပါတော့ ။ ။

ဆူးရင့် (တန့်ဆည်)
၂၂ - ၁ - ၂၀၀၇ -

မောင် မင်းစိုး (ရွှေနံသာ)၏ မွေးနေ့ ``အပြန်လမ်း ကဗျာစာအုပ်´´မှ


No comments:

LinkWithin

Related Posts with Thumbnails