Tuesday, September 4, 2007

လက်ထပ်ပွဲ




လက်ထပ်ပွဲဆိုတာ သူစိမ်းနှစ်ယောက်ကို စိတ်ရောကိုယ်ပါ ပေါင်းသင်းခွင့်ပေးလိုက်တာပါပဲ ။ ခမျာ+ခင်ဗျားတို့
လည်း ဒီလိုလက်ထပ်ပွဲမျိုးကို တစ်နေ့နေ့ကြုံတွေ့ရဦးမှာပဲလေ....။ ဘုန်းကြီး+သီလရင်+အပျိုကြီး+လူပျိုကြီးတွေ
မလုပ်ကြဘူး ဆိုရင်ပေါ့ ။

ဒီလိုမှ မဟုတ်ရင် ကိုယ်တိုင်ရွေးခြယ်လိုက်တဲ့ ဘ၀သစ်မှာ လက်ကိုခိုင်ခိုင်တွဲလို့် လောကဓံကို ရင်ဆိုင်ဖြတ်သန်း
ရင်း ဘ၀ရဲ့ကွက်လပ်များစွာကို ပြည့်စုံခြင်းအဆာတွေထည့်ကြရဦးမှာမို့လား ....ဟဲ....ဟဲ.....ဟဲ....။ ။


လက်ထပ်ပွဲ
ပန်းသီးတစ်လုံးရဲ့ နိယာမလောင်စာဟာ
အခိုးလွှတ် တယ်လီပသီ ။

နှစ်ဆွေးနံရံပေါ်
သုံးရာသီ အရိပ်အမျှင်များ
လိပ်ပြာလွင့် ခုံတန်းလေးများ
ခေတ်ပေါ် စာမျက်နှာများ
ကွဲလွဲခွင့် လောကဓံများ
ရင်ခုန်သံ မျက်ခင်းစိမ်းများ
ပင့်ကူအန် တိမ်တိုက်များ
ရဲရဲစွေး ပစ် တင် ထား ကြ ။

နှလုံးသွေးခြင်း ဖတ်ခွင့်ရှိတဲ့
ကျယ်ပြန့် ကျဉ်းမြောင်းမှုမှာ
ဝတ်မှုန်ကူးပြီး တို့နှစ်ယောက်ပွင့်မယ် ။

ရှေ့မှာ
ကာလသုံးပါး
ဘ၀ပွက် နတ်ဓါးတစ်ချောင်း
တိုရဲ့လက်ကိုတွဲထားပါ
သုညတွေ အဆာသွပ်ရင်း
မျက်လှည့်ပြကြပါစို့ ။ ။


ဆူးရင့် (တန့်ဆည်)
၎ - ၂ - ၂၀၀၆

1 comment:

Unknown said...

i like your blog
so i think you

LinkWithin

Related Posts with Thumbnails