Tuesday, September 4, 2007

ဝဋ်ကောင်

ဘာပဲလုပ်လုပ် အဆင်မပြေတဲ့ ဟာသတွေနဲ့ ရယ်မောဖူးကြမှာပါ ။ ကိုယ်ရဲ့စေတနာနေတွ အရောင်ပြန်ဟပ်နေ
တာလို့လဲ ပြောလို့ရတာပေါ့ ။ ဒါဟာ ၀ဋ်လည်နေတဲ့ကောင် ၀ဋ်ကောင်ပါပဲ ။
ဝဋ်ကောင်

ရင်ကျိုးခေတ် အဆန်လမ်းက
စိတ်ကျအကျီ တစ်ထည်
မျှော်လင့်ခြင်း လက်ဗွေရာတစ်စုံနဲ့
စာမျက်နှာပေါ်မရောက်သေးတဲ့ လွယ်အိတ်တစ်လုံးနဲ့
ကိုယ်ပေါ်ဖိတ်ကျလာတဲ့ ဖိစီးခြင်းနဲ့
ဝေါဟာရအဟောင်းတွေ ခုန်ပေါက်နေတဲ့ ဦးနှောက်အဟောင်းနဲ့
အညောင်းဆန့် တိမ်ထူထပ်ခဲ့တယ် ။

ဒီလိုပဲ
ဠင်းတပေါက်တစ်ကောင်လို
အသိုက်ပျက်ဝပ်ကျင်းမှာ
အစာဝေးရင်း ကြီးပြင်းရတော့မှာလား ။

မျက်ကြည်လွှာတွေ ပေါက်ပြဲခဲ့ပြီ
အရိပ်ပျောက် ၀ဋ်တစ်ကောင်အတွက်
ကျွေလာတဲ့ သစ်သီးတိုင်း
အနံ့မဲ့ အရသာမဲ့ ။

အစုန်ကိုလည်း စိန်ခေါ်ထားရမယ်
အဆန်ကိုလည်း စိန်ခေါ်ထားရမယ်
ငါဟာ နှလုံးသားနဲ့ လှော်ခတ်နေတဲ့
ကံဆိုး ၀ဋ်တစ်ကောင်ပါပဲ ။ ။
ဆူးရင့် (တန့်ဆည်)

No comments:

LinkWithin

Related Posts with Thumbnails