Sunday, September 2, 2007

တန့်ဆည် အလွမ်းပြေ




မြတ်လှမဉ္ဖူစေတီတော်ကြီး


စေတီတော်ကြီး အတွင်းမှ ရှေ့နောက် ရုပ်ပွါးတော် နှစ်ဆူ


ဒီ ရုပ်ပွားတော်ဟာ တန့်ဆည်မှာ တကယ်ရှိပါတယ် ။ တန့်ဆည်ဆိုတာ စစ်ကိုင်းတိုင်းထဲက မြို့ ၊ ရွှေဘိုနဲ့ မနီးမဝေး မြို့ ၊ မြို့ဆိုတဲ့နာမည်တစ်လုံးနဲ့ မြို့ရာမ၀င်တဲ့ မြို့ ၊ မစည်ကားသေးတဲ့ မြို့ ၊
ဒီကဆီ လောကဓံအဆိုးတွေ ကြည်စယ်သလိုလို ပစ်ပေးတတ်တဲ့ မြို့ ။ အဲဒီမြို့ ဗိုလ်မြရပ်ကွက်မှာ တည်ထားပူဇော်ခဲ့ကြတဲ့ မြတ်လှမဉ္ဖူစေတီတော်ကြီးရဲ့ လှိုဏ်ဂူတော်အတွင်းမှာ ကိန်းဝပ်တော်မူနေပါတယ် ။

ဘုရားဒကာကတော့ အားလုံးသိကြတဲ့ ပညာရှိအမတ်ကြီး ဦးပေါ်ဦး ဖြစ်ပါတယ် ။ လူကြီးသူမတွေ ပြောစကားအရ တန်ဆည်ဇာတိဖွား ဦးပေါ်ဦးဟာ သူရဲ့မိဘနှစ်ပါးနဲ့ အစာမကြေဖြစ်နေတဲ့ အဘိုးဖြစ်သူကို
အမျက်ပြေအောင် ရွှေပန်းခိုင်ကို ဌာပနာသွင်းပြီး ဒီစေတီတော်ကို တည်ထားခဲ့တာပါ ။

ကမ္ဘာသိ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းကတော့ အမတ်ကြီးဦးပေါ်ဦးကို လူ့ဘ၀သက်ရှိထင်ရှားရှိခဲ့ဖူး
တယ်လို့တောင် လက်မခံဘူးလေ ။ ဗိုလ်အောင်ဒင် အလီဘာဘာ တွက်ပီတို့လို ဖန်တီးထားတဲ့ ဇာတ်ကောင်တွေ
သာ ဖြစ်သတဲ့ ။ အမတ်ကြီးနဲ့ပတ်သက်လို့ ခိုင်လုံတဲ့အထောက်အထားတွေ ဘာတစ်ခုမှ ပြစရာမရှိတော့လည်း
အသာလေး ငြိမ်နေလိုက်ယုံပေါ ။

အမတ်ကြီး တန့်ဆည်လာတဲ့အခါ ဆင်တော်ရေချတဲ့ ကန်တို့ ၊ ဆင်ချဉ်တိုင်တို့ အရင်က ရှိတယ်လို့လဲ လူကြီးတွေပြောသံ ကြားဖူးပါရဲ့ ။ အခုမြင်နေရတဲ့ ရုပ်ပွားတော်ကို ရှေ့တည့်တည့်က ဖူးမျှော်ရင် တစ်ဆူတည်း
လို့ ထင်ရပေမယ့် ရှေ့တိုးပြီး အနီးအစပ်ဖူးမျှော်မှသာ နှစ်ဆူကပ်လျှက် ရှိနေတာကို သိရမှာပါ ။


ဒါဟာလည်း အမတ်ကြီးရဲ့ ပညာရှင်ဆန်တဲ့ ပဟေဠိတစ်ခုပေါ့ ။ သူပြောချင်တဲ့ ရည်ရွယ်ချက်က
အခု ဂေါတမဘုရားရှင်ရဲ့နောက်မှာပွင့်တော်မူဖို့ နောက်ဘုရားတစ်ဆူသာ ကျန်တော့တဲ့ အကြောင်းပဲဆိုပါစို့ ။
သတိ သံဝေဂရပြီး ကုသိုလ်ကောင်းမှုတွေ ပြုစေချင်တဲ့ စေတနာနဲ့ တည်ထားခဲ့တာ ဖြစ်လောက်ပါတယ် ။

အမတ်ကြီးဦးပေါ်ဦး လုပ်ချလိုက်ရင် အထူးအဆန်းချည်းမို့လား ။ ဦးပေါ်ဦးလျှောက်ထုံးတွေကို ဖတ်ကြည့်ရင်
သိနိုင်ပါတယ် ။ သူ့ရဲ့ အသုဘပွဲမှာတောင် ဇနီးဖြစ်သူကို မှာကြားပြီး စကားတွေပြောသွားသေးတယ်လေ ....
သေသွားတဲ့အခါ ကိုယ်လုပ်ခဲ့တဲ့ ကောင်းမှု မကောင်းမှုကလွဲပြီး ဘာတစ်ခုမှ ဟိုဘက်ဘ၀ယူသွားလို့ မရဘူးဆို
တာ သိစေချင်လို့ အခေါင်းရဲ့အပြင်ဘက်မှာ သူ့လက်တစ်ဖက်ထုတ်ပြီး သေတာတောင် စကားပြောသွားသေး
တယ်မို့လား ။

သမိုင်းဆိုတာ ရေးမှပဲ ကျန်ရစ်ခဲ့တဲ့ အရာတွေပါလေ........။ ။

ဆူးရင့် (တန့်ဆည်)
၎ - ၉ -၂၀၀၇ -

No comments:

LinkWithin

Related Posts with Thumbnails