Sunday, September 2, 2007

ကာလာ အလွဲ

လေကြိုည အစိမ်းလမ်းမှာ
ငြိမ်ငြိမ်သက်သက် နေထိုင်တတ်ခဲ့ပါပြီ
ရွက်လွှင့်မိတဲ့ ကမ်းဟာ
နီးစပ်မှုကေ၀၀ါးဆဲ ။

Insomnia ကျနေချိန်မှာ
မင်းဘာလို့ လမ်းခွဲစကားဆိုသလဲ
မိုးသောက် ငှက်သံတွေ နားငြီးတယ်
စောစော လျှောက်စရာ လမ်းမရှိလို့
ဆက်အိပ်နေတာကလွဲရင်
တခုတ်တရ ဖိတ်စင်ခဲ့တဲ့
ကြယ်သေမျက်ဝန်းဆီ
ရေချိုးဆိပ်က လမင်းဆီ
ခွဲစိပ်ခန်းက အနာဂတ်ဆီ ငေးရင်း
ငါ ငြိမ်သက်မြဲ ငြိမ်သက်နေခဲ့တယ် ။

ကြိုက်သလို ဆက်လုပ်
ငါဟာ အထီးကျန်ခြင်းနဲ့ လက်ထပ်မိတဲ့
မင်းဘေးနားက သစ်ပုတ်တစ်ပင်ပဲ ။

ဆူးရင့် (တန့်ဆည်)

No comments:

LinkWithin

Related Posts with Thumbnails