Sunday, August 19, 2007

လိမ္မော်ရင့်ရောင် ပြေးလမ်း

(ရှုခင်း)
အမြင့်စံ အခင်းအကျင်းတစ်ခုရဲ့
ဝင်္က၀ုတ္တိ မယ်လိုဒီ
ဆပ်သွားဖူးရောင် လေညှင်းများ
မနက်ခင်းဟာ
အတု အယောင်ဆန်ဆန် လှပနေတယ်.....။


(ပြတိုက်)
နှလုံးသားက
စိတ်ကြိုက်အသံမည်ခွင့် မရှိတဲ့မြူတစ်မှုန်
ခံစားချက်တွေ ကျယ်ပြန့်လိုက်တိုင်း
နှုတ်ခမ်းလေးတွေ လိပ်ပြာလွင့်ခဲ့........။



(အက)
လူစီးကြောင်းပေါ် စိတ်ဝမ်းကွဲရင်း
တိမ်ထူထပ်ခဲ့ရတဲ့ တနင်္ဂနွေ
အမှိုက်သရိုက် သန့်သန့်
ငိုက်မြည်းစ ခုနှစ်ထွေနဲ့
ညာဖက်လက်ဖြန်ရိုး တစ်ချောင်း
ခုထိ ပန်းတိုင်ဆီ မရောက်သေးဘူး.........။

ဆူးရင့် (တန့်ဆည်)
ရုပ်ရှင်အမြုတေမဂ္ဂဇင်း ၊ မတ်လ ၊ ၂၀၀၇။

No comments:

LinkWithin

Related Posts with Thumbnails