Sunday, August 19, 2007

သူမစာမျက်နှာ

အကျိုးတရားရဲ့ အသီးအပွင့်အဖြစ်
နောက်ဆုံးကျန်ရစ်ခဲ့တဲ့ ပဲ့တင်သံ
ဆုံးဖြတ်ချက် လမ်းပေါ်
ပေါ့ပေါ့နေ
ပေါ့ပေါ့စား
ဘ၀အမြစ် ချိုချိုလေး .....။

အဖေါ်ကောင်းကောင်းရှိရင်
ခိုင်လုံတိကျမှုတွေ အလွတ်ရုန်းထွက်
မိုက်မဲခြင်း ပင့်ကူမှာ
ပိုပြီး အကောက်အကျစ်သန်တယ်......။

မာနနဲ့ အားနည်းချက်ကို
ရင်ချင်းဆက် ပဲ့ကိုင်
ကုစားဖို့ အိပ်လိုက်တော့
အချစ်ဆိုတာ
အလုပ်မရှိသူတွေရဲ့ အား နည်း ချက်........။

ဆူးရင့် (တန့်ဆည်)
ချယ်ရီ မဂ္ဂဇင်း ၊ ဇန်န၀ါရီလ ၊၂၀၀၇၊

No comments:

LinkWithin

Related Posts with Thumbnails