Sunday, August 19, 2007

ဒီဇင်ဘာ အခိုးအငွေ့

လအစင်းစင်း ပုံးကွယ်ဆွံအသွားတာတောင်
ကျွန်တော့်ဆီ ဦးလှည့်ဖို့ လမ်းပျောက်နေတဲ့
ခြေဖ၀ါးနုနုလေးအတွက်
သွေးရိုးသားရိုး ဒီဇင်ဘာမှာ
ွှနှင်းအသစ်တွေ ဆန်းဆန်းပြားပြား ဝေတယ်......။

ကျွန်တော့်နက်ခတ်တစ်စုံရဲ့
စုန်ဆန်စီးမြောမှု ၀င်သက်ထွက်သက်မှာတော့
မြောက်ပြန်လေ မုန်တိုင်းနဲ့
ခရမ်းပြာ ဂီတနဲ့

နှင်းဆွတ်လမ်းပေါ်
ရင်ခုန်သံ အရောင်ပြောင်းရင်း
ကျွန်တော့်တစ်ကိုယ်စာ
ခိုက်ခိုက်တုန်အောင် လွမ်း တယ်.......။

ဆူးရင့် (တန့်ဆည်)
ခရမ်းပြာဂျာနယ် ၊ ဒီဇင်ဘာလ ၊ ၂၀၀၆ ။

No comments:

LinkWithin

Related Posts with Thumbnails