Sunday, August 19, 2007

သီးပွင့်ခွင်မရတဲ့ မိုးတိမ်





လေဟာ လူမဆန်ပေလှပေမယ့်
လူတွေကတော့
မုန်တိုင်းဆန်ဆန် ယဉ်ကျေးတတ်ခဲ့ပြီ .....။

စနစ်တကျ ရှင်သန်ကြကြေးဆိုရင်
ခေါင်းပေါ်က လှေခါးထစ်တွေ အကြောင်း
ခေတ်လွန် ကူးတိုးခနဲ့ လက်ဝတ်ရတနာ အကြောင်း
နေ့သစ်မမက်ရဲတဲ့ သစ်သီးသစ်နှံ အကြောင်း
နာ့စ်မလေး ကေအက်ဝိုင် အကြောင်း
သီးသီးသန့်သန့် ဆွေး နွေး ပါ .......။

ငါဟာ
ဝေါဟာရ အသိုးတွေ
စိုက်ပျိုးထားတဲ့ ပရိုဂရမ်
ပစ်မှတ်ဆီချိန်ရွယ်လိုက်တိုင်း
စိတ်အလင်းနဲ့ မီး ပျက် ခဲ့ ရ ........။


လေးသင်္ချေ
ဒဏ်ရာတစ်သိန်း
ငါ့ နယ်လွန်မွန်းကြပ်မှုတွေ
စာမျက်နှာပေါ် လိပ်ပြာသန့်ခွင့်ရရင်
သေခြင်းနဲ့ လက်ထပ်ဖို့ စဉ်း စား ဖြစ် လိမ့် မယ် ......။


ဆူးရင့် (တန့်ဆည်)
စရဏ မဂ္ဂဇင်း ၊ ဒီဇင်ဘာ ၊ ၂၀၀၆ ။

1 comment:

ပျံသန်းခြင်းရပ်ဝန်း said...

ကောင်းတယ်ဗျာ...
အရမ်းကိုကျစ်လစ်သိမ်မွေ့ပါတယ်...

LinkWithin

Related Posts with Thumbnails