Wednesday, August 29, 2007

ဘ၀စီးကြောင်း


ညီ အကိုလို ခင်ရတဲ့ သူငယ်ချင်းရဲ့ မွေးနေ့မှာ
ကားအကောင်းစား တစ်စီးလောက်
မွေးနေ့လက်ဆောင် ပေးချင်ပေမယ့်
လက်တွေ့မှာ အိပ်မက်ဆန်ခဲ့ပါတယ်
ဟောဒီ
ဘ၀စီးကြောင်းကဗျာလေးကိုပဲ
ရေးပေးလိုက်တာ...။



ဘ၀စီးကြောင်း


ကြားခံမလိုတဲ့ ဆက်စပ်စိတ်က

ကိုယ့်ညံ့ဖျင်းမှုနဲ့ကိုယ်
မှေးမှိန် ဝေးလွင့်သွားခဲ့ပြီ....။

စိတ်ဟာ
ဘ၀င်အထပ်ထပ်နဲ့
အိပ်ပျော်သွားလိုက်
ဖြစ်စဉ်အထပ်ထပ်နဲ့
နိုးထလာလိုက်
တစ်ချို့တစ်ချို့လေက ၀င်လို့
တစ်ချို့တစ်ချို့လေက ထွက်လို့....။

သင်ရိုးဆန်ဆန် လေ့လာဖို့အတွက်
ဘ၀တစ်ခုရဲ့ နောက်ဆုံးစိတ်ဆိုတာကိုလည်း
မပြီးနိုင် မပြတ်နိုင်
ဝမ်းနဲ့ လွယ်မွေးထားရပြန်ရော့....။ ။

ဆူးရင့် (တန့်ဆည်)
6 - 9 -2006
*19 - 9 - 2006 နေ့တွင်ကျရောက်သော
သူငယ်ချင်း နေသစ်မှူး (ငွေသာတွင်း) ၏ (၂၅)နှစ်ပြည့် မွေးနေ့သို့ အမှတ်တရဖြင့်သာ....။ ။

No comments:

LinkWithin

Related Posts with Thumbnails