အရမ်းခင်ရတဲ့ ညီမလေးတစ်ယောက်
ခု ၊ သူ လူ့ဘ၀ထဲ မရှိရှာတော့ဘူး
၂၀၀၆ ၊ မေလ ၊ ၆ ရက်နေ့က
တမလွန်ခရီးရှည်ကြီး
ထွက်သွားခဲ့ပါပြီ
ဘ၀ရဲ့အချပ်ပိုတွေ
တစ်နေရာရာမှာ ရှိနေဦးမယ်ထင်ပါရဲ့ ။အအ်
အချပ်ပို
အချပ်ပို
မောဟအမှောင်ထုမှာ စုန်းစုန်းမြုတ်ေ၀၀ါးရင်း
တိတ်ဆိတ်စွာ လွဲချော်ခဲ့ကြပြီပဲ
နောက်ဆုံးတော့
သေခြင်းတရားနဲ့ လှပစွာပြန်ဆုံကြဦးမှာပါ ။
ဖြစ် တည် ပျက် ကောက်ကြောင်းတွေ
ထွားကြိုင်း ရှင်သန်
လန်းဆန်းနုသစ် ရင်ခုန်သံ အိုမင်းဟောင်းနွမ်း
ကျောသား ရင်သား ပိုင်ဆိုင်ခြင်း အတ
အသိုင်း အ၀ိုင်း သုံးဆယ့်နှစ်ကောဋ္ဌာသ
ကိုယ်ကျင့်တရားနဲ့ စိတ် ။
ငါဘယ်မှာ သိမ်းဆည်း မြှုတ်နှံခဲ့ရမလဲ
ဒါမှမဟုတ်
ဘယ်မှာ လောင်ကျွမ်း ဖျက်ဆီးပစ်ရမလဲ
ဘ၀စာအုပ် သေးသေးလေးရဲ့ နောက်ဆုံးစာမျက်နှာ
ဘယ်လိုမျက်လုံးမျိုးနဲ့ ငါဖတ်ခဲ့ရမလဲ
သံသရာအင်ဂျင်မှာ လောင်စာအလုံအလောက်
လက်သီးဆုပ်ထဲက အနိစ ဒုက အနတ အလုံအလောက်
ဆာလောင်မွတ်သိပ်မှုတွေ အလုံအလောက်နဲ့
လှပစွာေ၀၀ါးနေရတော့မှာလား
ပြောလေ.....။
ဒီဘ၀ ဒီအခြေ
မျဉ်းပြိုင်နှစ်ခုလို နှုတ်ဆက်လက်ပြ
ချော်ရည်အလွမ်းတွေ ဆေးထိုးကုသရင်း
အုံ့ဆိုင်းမှိုင်းပြနေတဲ့ ဘ၀ ကစားဝိုင်းမှာ
နာရီလက်တံတွေပေါ်
ခပ်တည်တည် လှည့်ပတ်ကစားကြရုံပေါ့.....။
ကောင်မလေးရေ
ငါ့မျက်ရည်နဲ့ စိမ်းစိုလန်းဆန်းနေတဲ့
သုသာန်တစ်ခုရဲ့ နိယာမ
သံသရာ အကွေ့ အ၀ိုက်တစ်နေရာ
နောက်ဆုံးတော့
သေခြင်းနဲ့ ပြန်ဆုံကြဦးမယ်လေ.....။ ။
ဆူးရင့် (တန့်ဆည်)
5 - 11 - 2004 -
(တမလွန်မှ ညီမလေးသို့ သတိရရ ရေးဖွဲ့ပါသည် )
No comments:
Post a Comment