Friday, November 20, 2009

ညဖွဲ့

စန်းလဂ် မကောင်းတဲ့ ရှင်သန်မှုဟာ
ည ကိုးနာရီရောက်တိုင်း
ပုလင်းဖွင့်သံကို ကြားရတတ်တယ်။

ငတ်မွတ်ခေါင်းပါးခြင်းအကြောင်း
၀၀လင်လင် ပြောကြ
ဖန်ခွက်ထဲက ရေခဲတုန်းလေးတွေလို
တဖြည်းဖြည်း အရည်ပျော်ရင်း......
ပြေးမလွတ်တဲ့ လမ်းမပေါ်
ခွေခေါက် လဲကျရင်း......။

တစ်ယောက်ရဲ့ အိတ်ကပ်ကို
တစ်ယောက်က စူးစိုက်လို့၊
တစ်ယောက်ရဲ့ ရင်ခုန်သံကို
တစ်ယောက်ဆီ ပစ်ခတ်လို့၊
ချဉ်စုတ်စုတ် အယူအဆတွေက အစ
ပွယောင်းယောင်း စကားလုံးတွေ အဆုံး
တင်ပြမယ်၊ ဆွေးနွေးမယ်၊ ငြင်းဆန်မယ်။

ပြီးရင်
အလိုမကျမှုအားလုံးကို မျက်ခွံမိုးပြီး
အိပ်မက်ကိုယ်စီနဲ့
တစ်နေ့တာ သေဆုံးကြမယ်။ ။

ဆူးရင့်၊တန့်ဆည်၊
၂၀၊ ၁၁၊ ၂၀၀၉

Thursday, November 19, 2009

ကြိုက်မိတဲ့ ခဲပန်းချီလေးများ



ခဲပန်းချီတွေလို့ သိရပါတယ်
ပုံတွေကိုတော့
သူငယ်ချင်း နေရုဆီက ပို့ပေးပါတယ်။

ပုံတွေ ရေးဆွဲတဲ့ ဆရာရဲ့
နာမည်ကိုတော့
ကျွန်တော် မသိပါဘူး။

အကြိုက်ဆုံး နှစ်ပုံကို
တင်ဖြစ်လိုက်ပါတယ်။
ဆူးရင့်၊တန့်ဆည်၊

Sunday, November 8, 2009

ဘေးထွက် ဆိုးကျိုး




စိတ်ရဲ့ မွန်းကျပ်မှုကို
ဖောက်ခွဲဖို့
စကားလုံးတွေနဲ့
မပျင်းပြေ လက်ထပ်ခဲ့တယ်။

ရှူရှိုက်မှုတိုင်းမှာ ကဗျာတွေနဲ့ နေခဲ့

နာကျင်မှုတိုင်းမှာ ကဗျာတွေနဲ့ လေခဲ့

ဖြတ်သန်းမှုတိုင်းမှာ ကဗျာတွေနဲ့ သေခဲ့


အဲဒီလို ပေါ့ပေါ့ပါးပါး လက်ခံပြီး

အဲဒီလို ပေါ့ပေါ့ပါးပါး ငြင်းဆန်တတ်သူဟာ
ခင်ဗျား မဟုတ်ရင် ပင့်ကူအန် တိမ်တိုက်ပဲ။ ။
ဆူးရင့်၊တန့်ဆည်၊

Wednesday, November 4, 2009

စိတ်ပျက်စရာကောင်းတဲ့ ဇာတ်ဝင်ခန်း

စာမကျက်ချင်ပေမယ့်
ကျောင်းသားပဲ လုပ်ချင်နေခဲ့တယ်
မုန့်ဖိုးတောင်းလို့ လွယ်သလိုလို
ဘာလိုလို ညာလိုလို ဟိုဟာလိုလို ဒီဟာလိုလို
လူကြီးလုပ်ဖို့ အသက်ကြီးရမှာ
ကြောက်ကြောက်နေခဲ့
လူကြီးလိုလို ကလေးလိုလို
လိုလိုတွေနဲ့ လော်လီနေဆဲလူ။

ဆန်တစ်ခွဲ မရချင်နေ
သူများအကြောင်း မပြောပဲ မနေနိုင်
ကဗျာဆရာတစ်ယောက်
အရက်မူးပြီး ပန်းကန်ပြားတစ်ချပ် ပေါက်ခွဲ
စသဖြင့် ပါးစပ်က သွေးသံရဲရဲ
ညှီဟောက်နေတဲ့ အန်ဖတ်တွေကို
အန်နေရတဲ့ အရသာ
စိတ်က လိုချင်မှုနဲ့ ခါးစပ်နေရမှ။

ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတဲ့အခါ
အင်တာနက်ပေါ်ကိုပဲ တက်တက်မျှော်မိ
ကဗျာတွေကို အပြိုင်ရေဖျန်းကြ
ဒီဇိုင်းတွေ ပြိုင်ဆွဲကြ
ဟီ..ဟိ.. လို့ ရယ်ရယ်နေတဲ့
ဘလော့ဂါတွေကို ပါးပိတ်ရိုက်ချင်တယ်
နင် ငါ့ကို ချစ်လား yes (or) no
အချစ်က ချက်စားလို့မှ မရတာ။

လူစွမ်း မပြနိုင်လို့ကတော့
လူ့အသင်းအပင်းက အရွေးချယ်ခံရမှာမဟုတ်
တအိအိပျော်ကျနေတဲ့ ရေခဲတုံးကြီးကို
စိတ်က စိုးရိမ်တကြီး ဖက်တွယ်ထား
အပျင်းပြေ ရေဒီယိုနားထောင်ဖို့
ဓာတ်ခဲက အားမရှိ
အနာဂတ်မိုးက မထိတထိ ရွာနေ။
သာရလင်း

Monday, November 2, 2009

လူငယ်နှင့် လောကဓံ


ယနေ့ခေတ် လူငယ်တွေအတွက် ရည်ရွယ်ပြီး
ရေးသားထားတဲ့
ဆရာမောင်မင်းစိုး၊ရွှေနံ့သာ၊
ရဲ့
တတိယမြောက် တင်ဆက်မှု အသစ်ဖြစ်ပါတယ်။

အတွေးအမြင် ဆောင်းပါးလေးတွေပါ
မကြာမီ
ရွှေနံ့သာစာအုပ်တိုက်မှ
ထုတ်ဝေတော့မယ်လို့ သိရပါတယ်။
ဆူးရင့်၊တန့်ဆည်၊

LinkWithin

Related Posts with Thumbnails