Wednesday, December 10, 2008

ကျွန်တော် ဖတ်ခွင့်မရှိတဲ့ ကဗျာတစ်ပုဒ်

စိတ်ကို ရိုက်နှက်ပြီး အမိန့်ပေးလို့ရရင်
ဘယ်လောက် ကောင်းမလဲ ။
ခုတော့
ဖိတ်ဖိတ်စင်အောင် အရိုင်းအစိုင်းဆန်နေခဲ့
တမင်နှောက်ယှက်သလိုများ ဖြစ်နေခဲ့ပြီလား
ပြီးခဲ့တဲ့ ကိစ္စတွေရဲ့ ဖြစ်စဉ်တစ်ခုပါ ။

အချစ်နဲ့ နာဂစ်ဆိုတာ တကယ့်သဘာဝတရားတွေလား
အလိုမတူ ဖြစ်ဖြစ်လာတဲ့ သဘာဝကို မုန်းတယ်
နှလုံးသားရှိသူ တစ်ယောက်က အချစ်အကြောင်းပြောတာ
မထူးဆန်းခဲ့ပေမယ့်
ခူးခွင့်မရှိမှန်း မသိတဲ့အသိက ပိုပြီးေ၀၀ါးခဲ့
ဘာကိုမှ မမျှော်လင့်ရဲလောက်အောင်
ဘ၀က ခမ်းနားတယ် ။

တစ်ဖက်ကလည်း သိမ်မွေ့လွန်း နူးညံ့လွန်း
ချစ်သူကို ရင်ကော့ပြီး ရင်ဆိုင်နေရတဲ့ ဇာတ်သိမ်းခန်းမှာ
အာဒံနဲ့ ဧ၀အကြောင်း မပြောကြဖို့
တောင်းပန်ပါရစေ ။

အားလုံးကို စွန့်လွှတ်ရရင်တောင်
သတိရခြင်းကို ငါပိုင်တယ်
ကိုဘုန်းရဲ့ စကားတစ်လုံးနဲ့ပဲ
စိတ်ကို ကြိုးချည်ထားရ ။

လိပ်ပြာသန့်ဖို့ ကျင့်စဉ်တစ်ခုအတွက်
ရှေ့နှစ်ရွယ်စာ ရင့်ကျက်ပြီး
စိတ်ကို အချက်ပေါင်းများစွာ ရိုက်နှက်ရတော့မယ် ။

တစ်ဖက်က ညီမလေးရဲ့
အစစအရာရာအတွက်
အစ အဆုံး ဖြစ်ချင်ခဲ့တဲ့ လေးနက်မှုနဲ့
တစ်ဖက်က ညီမလေးရဲ့
အခက်အခဲ တစ်စုံတစ်ရာအတွက်
ဖြေရှင်းချက် ပေးချင်ခဲ့တဲ့ ယုံကြည်မှုနဲ့
အစိမ်းရောင်မပါတဲ့ မီးပွိုင်ပျက်တစ်ခုမှာ
ညီမလေးနဲ့အတူ ရပ်တန့် တိတ်ဆိတ်ခဲ့ပါပြီ ။

သိမ်မွေ့လွန်း နူးညံ့လွန်းတဲ့ ညီမလေးဆိုတာ
ဘယ်တော့မှ ဖတ်ခွင့်ရမှာ မဟုတ်တဲ့
ကဗျာလေး တစ်ပုဒ်ပါ ။
ကျွန်တော်က ချစ်ပြီး
ကျွန်တော့်ကို ပြန်မချစ်တဲ့
မင်းသမီးလေး တစ်ပါးလည်း ဖြစ်နိုင်ပါတယ် ။
ဆူးရင့်၊တန့်ဆည်၊

(လာမယ်ပြောလို့ စောင့်နေခဲ့ပေမယ့် မိုးတိမ်အတုနောက်ကွယ်မှာ
တိတ်တိတ်လေး ပုန်းအောင်းနေတတ်တဲ့ တစ်စုံတစ်ယောက်သို့ )

Tuesday, December 9, 2008

အက်ဆေး အသစ်စက်များ တင်ပါမယ်

ကျွန်တော် ရေးသားထားတဲ့
(၁) စိတ်လောင်ရှုမျှော်ခင်း
(၂) လူအ တစ်ယောက်ရဲ့ တယ်လီပသီ
အက်ဆေးနှစ်ပုဒ်ကို ဘလော့ချစ်သူများအတွက် ကျွန်တော် ကြိုးစားနေပါတယ် ။
အားလုံးကို ကျေးဇူးတင်ပါတယ် ။ ။
ဆူးရင့်

Sunday, December 7, 2008

ခင်များတို့လို ဆုံးရှုံးမှုကို သုံးဆောင်ခဲ့တယ်

အဖွားတစ်ယောက် အသည်းအသန် ကျန်းမာရေးမကောင်းဖြစ်လို့ ဖုန်းဆက်ခေါ်တာနဲ့ ကျွန်တော့်ဇာတိဖြစ်တဲ့
အညာက တန့်ဆည်မြို့ကို ပြန်သွားခဲ့ရပါတယ် ။ အညာဒေသရဲ့ ဆောင်းရာသီဆိုတော့ ချမ်းလိုက် အေးလိုက်တာလဲ လွန်ပါရော ။
ရန်ကုန်က ဆောင်းရာသီနဲ့တော့ တခြားစီပါပဲ ။သိပ်ပြီး အအေးလွန်းတဲ့ ရန်ကုန်ဆောင်းကို
ဖြတ်သန်းရတာ လွယ်ကူသလောက် အညာဒေသက
နွေနဲ့ဆောင်းမှာ လူကြီးနဲ့ ကလေးငယ်လေးတွေ အများ ဆုံး သေဆုံးတတ်ကြလို့ မသက်သာလှပါဘူး ။ပြင်းထန်ဆိုးရွားလွန်းပါတယ် ။
အညာမှာ နေပြီး ကျွန်တော် ရန်ကုန်ကို လွမ်းနေခဲ့ပါတယ်။ တကယ်ကို တစ်လွမ်းလွမ်း ဖြစ်နေခဲ့ တာပါ ။ ညနေခင်းရောက်တိုင်း အလွမ်းက ဒီဂရီ မြင့်မြင့်လာတော့ ခက်တာပေါ့ ။ အင်တာနက်မှာ ချက်တင် ထိုင် ၊၀က်ဆိုက်ကြည့်ကြတဲ့ အချိန်မှာ ကျွန်တော် ရှုံးနိမ့်ခဲ့တဲ့
အဖြူရောင်ဆိပ်ကမ်းလေးကို လွမ်းနေမိတယ် ။အညာမြေ တန့်ဆည်မှာဆိုတော့ အင်တာနက်ဆိုင်ဆိုလို့တစ်ဆိုင်မှကို မရှိတာပါ ။
တစ်ချို့အင်တာနက်ဆိုတာကို မကြားဖူးကြသေးပါဘူး ။ အလွမ်းကြောင့် ခက်နေခဲ့တယ် ။ ဒါနဲ့ ညခင်းမှာ ကြံရာမရ စောင်ကိုခြုံပြီး
ဖယောင်းမီးအလင်းနဲ့ ထိုင်ရေးလိုက်တာ ဟောဒီ ခင်များတို့လို
ဆုံးရှုံးမှုကိုသုံးဆောင်ခဲ့တယ် ဆိုတဲ့ ကဗျာတစ်ပုဒ် ထွက်လာတော့တာပဲ ။ မော်ဒန် ၊ ပို့စ်မော်ဒန် ၊ဘာသာစကားကဗျာ အဲဒီသုံးမျိုးထဲကအလွတ် ဖြစ်ရင်ဖြစ်နေလိမ့်မယ် ။အခု ရက်ပိုင်းအတွင်း ကျွန်တော့်ခေါင်းထဲ
ဒီလို ကဗျာမျိုးတွေပဲ ပြေးပြေးဝင်လာနေတယ် ။ ဒါလည်း ခက်တာပဲ ။ သေလိုက်ပါတော့ ။ ။



ခင်များတို့လို ဆုံးရှုံးမှုကို သုံးဆောင်ခဲ့တယ်


(၁) ကမ်းဖြူရောင် အနားလေးဆီ
အလွမ်းရောက် နေသင့် ညတိုင်း
သေးမပြနိုင်တဲ့ မြို့ဆန်
ခေတ် ခေတ်မှာ တစ်
စိတ်အီးလိုင်းက မေးလ်နဲ့ အွန်ပို့
နှင်းဖြူရယ် လွမ်းမိုးလိုက်တာ
ရှုံးရင်း အရာရာ နိမ့်
ခိုက်တုန်ကို ခိုက်လို့ ။

(၂)ဆီရောင်ကမ်း အနားဖြူလေး
အသင့်ရောက် ညနေတိုင်း လွမ်း
မြို့မပြနိုင်တဲ့ ဆန်သေး
ခေတ်မှာ ခေတ်တစ်
အီးလိုင်းက စိတ်နဲ့အွန်မေးလ်ပို့
မိုးလွမ်းနှင်းရယ် ဖြူလိုက်တာ
နိမ့်ရင်း အရာရာရှုံး
တုန်ခိုက်ကို ခိုက်လို့ ။


(၃)နားကမ်းလေး အဖြူရောင်ဆီ
ည အလွမ်းနေ သင့်ရောက်တိုင်း
ဆန် မပြနိုင်သေးတဲ့ မြို့
မှာ ခေတ်တစ်ခေတ်
မေးလ်စိတ်က အွန်လိုင်းနဲ့ အီးပို့
ရယ်တာ လွမ်းလိုက် မိုးနှင်းဖြူ
အရှုံး အနိမ့် ရင်းရာ
တုန်လို့ကို ခိုက်ခိုက် ။

(၄) အဖြူရောင် ကမ်းနားလေးဆီ
ညနေရောက်တိုင်း အလွမ်းသင့်
မြို့ပြ မဆန်နိုင်သေးတဲ့
ခေတ်တစ်ခေတ်မှာ
အွန်လိုင်းက စိတ်နဲ့ အီးမေးလ်ပို့
လွမ်းလိုက်တာ မိုးနှင်းဖြူရယ်
အရာရာ ရှုံနိမ့်ရင်း
ခိုက်ခိုက်ကို တုန်လို့ ။ ။


ဆူးရင့် ၊တန့်ဆည် ၊

Friday, December 5, 2008

စကားလုံးများနဲ့ မူးယစ်ခြင်း



သလိုဆို ဆက်ရက်/အ ဆက်တိုက် ကရက်
တစ်ခုကင်း အပြင်တည်တဲ့အမှု ဘ၀ပြုရပ်
စဆုံး နဲ့အ နဲ့အ မှောင်တစ်မှောင်ကုန်နေ
ပက်လက် လုံးတုံး ။


ဆိုသလို ရက်ဆက် ရက်ဆက် အကတိုက်
တစ်ရပ်ကင်းတဲ့ အတည်ဘ၀ အခုပြုပြင်
မှောင်စ မှောင်ဆုံး နေတစ်နေနဲ့ အကုန်အ
ပက်လက် တုံးလုံး ။

ရက်ကဆို ရက်/အ/သလို ဆက်ဆက်တိုက်
ပြုအ ပြင်အ ၀ကင်းတဲ့ တစ်ဘတည်မှု ခုရပ်
အမှောင်နေ ကုန်တစ်စနဲ့ အမှောင်ဆုံးနဲ့
ပက်လုံး လက်တုံး ။


ရက်ဆက်ဆိုသလို အရက်က ဆက်တိုက်
အပြုအပြင်ကင်းတဲ့ ဘ၀ရပ်တည်မှု တစ်ခု
တစ်နေကုန် အမှောင်နဲ့စ အမှောင်နဲ့ဆုံး
တုံးလုံး ပက်လက် ။


ဆူးရင့်၊တန့်ဆည်၊


ထပ်ဆင့်ထပ်ဆင့် ထပ်ထပ်ဆင့်


က/ရခြင်း ခွဲခွာ<5>
စိုင်သေတွေ တိမ်ဆုံးသွား<6>
ကောင်းကင်အလင်း လဲ့လဲ့မှာ<7>
အလွမ်းနဲ့ ခမ်းနားခဲ့ပါတယ်<8>

ခွာရခြင်းက ခွဲ<5>
သွားတွေ တိမ်သေ စိုင်ဆုံး<6>
အကင်ကောင်းမှာ လဲ့လဲ့လင်း<7>
ခမ်းပါတယ် အလွမ်းနဲ့ နားခဲ့<8>

ခွဲခြင်းက ခွာရ(၅)
သွားစိုင်တွေ တိမ်ဆုံးသေ(၆)
အလင်းလဲ့မှာ ကောင်းကင်လဲ့(၇)
အပါနဲ့ခမ်း နားခဲ့ လွမ်းတယ်(၈)

ခွဲခွာရခြင်းက(၅)
တိမ်စိုင်တွေ သေဆုံးသွား(၆)
အလင်းလဲ့လဲ့ ကောင်းကင်မှာ(၇)
အလွမ်းနဲ့ ခမ်းနားခဲ့ပါတယ်(၈)


(ဘယ်လို ကဗျာအမျိုးအစားမှန်းတော့ ကျွန်တော် မသိပါဘူး ။ ကဗျာဘေဒကို စမ်းသပ်ချင်တဲ့စိတ်နဲ့ ထုတ်လုပ်ကြည့်လိုက်တာပါ ။ စကားလုံးတွေကို ကစားကြည့်တာပါ ။ (၅ ၊ ၆ ၊ ၇ ၊ ဂ ) မှာ ပါဝင်တဲ့ စကားလုံးတွေဟာ စာပိုဒ်နဲ့ အဓိပ္ပာယ်သာ ကွဲကွာ ခြားနားသွားပေမယ့် ။ စကားလုံးတွေကတော့ ဒါတွေချည်းပါပဲ ။ ဒီလိုကဗျာမျိုး အရင်က ခင်များ ဖတ်ခဲ့ဖူးပါသလား ။ ကျွန်တော့်ကို ပြောပြပါ ။ ဇေယျာလင်းရဲ့ ကဗျာတွေနဲ့တော့ ခပ်ဆင်ဆင် တူနေလိမ့်မယ် ။ သူ့ကဗျာတွေက ဒီအတိုင်းတော့ မဟုတ်ပါဘူး ။ ဒါကို ကျွန်တော်သိနေပါတယ် )

ဆူးရင့် ၊တန့်ဆည်၊






LinkWithin

Related Posts with Thumbnails