Wednesday, September 8, 2010

ပက်ကြားအက် ရင်ခွင်

အသည်းကွဲခဲ့ဖူးတဲ့ ငါ
ချစ်ဦးသူနဲ့ ဝေးခဲ့ဖူးတဲ့ ငါ
ပတ်ကြားအက် ရင်ခွင်ကို
ပိုင်တာ မဆန်းပါဘူး…။

နွေမဆန်တဲ့ နွေကန္တာရထဲ
ပူလောင်ခြင်း အသီးတွေကို
အရည်ဖျော်သောက်လို့
မြတ်နိုးခြင်း သစ်ပင်တွေကို
ရှင်သန်စေခဲ့တာ ။

တကယ်တော့ ငါရူးသွပ်ခဲ့တာပါ
ဖတ်ဖတ်မော အားအင်တွေနဲ့
ငါ့ ရင်ကို ငါအားတင်းရတယ်
ဒဏ်ရာတွေ ဗရပွနဲ့
ပြိုင်းပြိုင်းထနေတဲ့ ငါ့ရင်ခွင်
အချစ်မိုးခေါင်ခဲ့လို့ ပက်ကြားအက်ခဲ့တာ
ပူပြင်းတဲ့ နင့်အချစ် နေရောင်တွေကြောင့်
ခြစ်ခြစ်တောက် ပူတယ်
ငါ့ရင်ထဲမှာတော့ မိုးခေါ်ပွဲတွေ
အကြိမ်ကြိမ်နွဲလို့ ဗုံတီးသံတွေနဲ့
ဆူညံဆဲပေါ့ ။ ။

ရောင့်ရဲ၊တန့်ဆည်၊

No comments:

LinkWithin

Related Posts with Thumbnails