Wednesday, September 8, 2010

အတွေးစများ

ခဏခဏ ဖိတ်လျှံကျတဲ့
ရင်ဘတ်ထဲက အတွေး စ များ
တစ်ခါတစ်လေတော့ ခါးတယ်
နပ်မှန်ဖို့ကြိုးစားနေရတဲ့
ငါ့ခန္ဓာအတွက် အစာ
ဘယ်တော့များမှ နာလံထူနိုင်မှာလဲ
မတွေးမိပဲ တွေးမိနေတဲ့ အတွေးများ
ဝန်ပိနေတဲ့ ကားလို ဦးနှောက်ကို
အသံကုန် ဟစ်ကြွေးနေရတယ်
ကိုငှက်ကြီးလို တစ်နေ့စာအလွဲများနဲ့
အတွေးများကို နယ်ချဲ့ ဖူးတယ်
နီရိုးဘုရင် ဖြစ်ဖူးတယ်
ချီဂွေဗားရား ဖြစ်ဖူးတယ်
အသက်ရှင်ခြင်းရဲ့ အဘိဓမ္မာရှာခဲ့ဖူးတယ်
အတိတ်ကလုပ်ခဲ့တဲ့ အလုပ်တွေ
လုပ်နေဆဲ ပစ္စုပ္ပန်ရဲ့ အလုပ်တွေ
အနာဂတ်အတွက် လုပ်ရအုံးမဲ့ အလုပ်တွေ
အလုပ်တွေ…………အလုပ်တွေ……………
အလုပ်တွေ…………………………………….။

လွန်ကုန်ပြီ အတွေး စ များ
မေ့ထားလို့ရမဲ့ ဆေးတစ်ခွက်ကမ်းလှည့်ပါ
ရိုးသားစွာ ရူးသွပ်နေတဲ့
ငါ့ မနက်ဖြန် အတွက်……………..။

ရောင့်ရဲ၊တန့်ဆည်၊

No comments:

LinkWithin

Related Posts with Thumbnails