Sunday, December 27, 2009

ရိုက်သီချင်း




ခြင်ရိုက်တံနဲ့ ခြင်တွေကို ရိုက်ခဲ့ကြသလို
မစာနာမှု ရိုက်တံနဲ့ မစာနာမှုတွေကို ရိုက်
အကြမ်းဖက်မှု ရိုက်တံနဲ့ အကြမ်းဖက်မှုတွေကို ရိုက်
ကပ်ဆိုးဘေးဆိုး ရိုက်တံနဲ့ ကပ်ဆိုးဘေးဆိုးတွေကို ရိုက်

ဒီမှာ တိုးတိုးလေး ခိုးဝင်လာနေတဲ့ ကူးစက်ရောဂါပိုးမွှားတွေ
ကူးစက်ရောဂါပိုးမွှား ရိုက်တံနဲ့ ကူးစက်ရောဂါပိုးမွှားတွေကို ရိုက်
သေခြင်းတရားဟာ တစ်နေ့ပြီး/တစ်ညပြီး တစ်ဘဝအထိ စီးဝင်လာတယ်
အန္တရာယ်ဆိုးတွေ မြင့်တက်လာတယ်
လည်မျိုအထိ မြုပ်လုပြီ
သေခြင်းတရား ရိုက်တံနဲ့ သေခြင်းတရားတွေကို ရိုက်
အန္တရာယ်ဆိုး ရိုက်တံနဲ့ အန္တရာယ်ဆိုးတွေကို ရိုက်

သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှု ရိုက်တံနဲ့
သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုတွေကို ရိုက်
စိတ်စံနှုန်းတွေ ပြိုဆင်းလျောကျလာနေတယ်
လူတွေ အပေါ်ယံတွေကိုပဲ မိန်းမူးလာကြတယ်
စိတ်စံနှုန်းတွေ ပြိုဆင်းလျော့ကျမှု ရိုက်တံနဲ့
စိတ်စံနှုန်းတွေ ပြိုဆင်းလျော့ကျမှုတွေကို ရိုက်
အပေါ်ယံ ရိုက်တံနဲ့ အပေါ်ယံတွေကို ရိုက်

ခဏလေးပဲ ပျောက်ဆုံးပျက်စီးသွားကြတယ်
ခဏလေးပဲ၊
ပျောက်ဆုံးပျက်စီးမှု ရိုက်တံနဲ့
ပျောက်ဆုံးပျက်စီးမှုတွေကို ရိုက်
ဖရိုဖရဲ ပရမ်းပတာရိုက်တံနဲ့
ဖရိုဖရဲ ပရမ်းပတာတွေကို ရိုက်

သူများ ဦးနှောက်တွေ ဖောက်စားကြတယ်
သူများ သွေးသားတွေ လုယက်ကြတယ်
သူများ ခံစားမှုတွေ အဓမ္မကျင့်ကြတယ်
ဦးနှောက်ဖောက်စားမှု ရိုက်တံနဲ့ ဦးနှောက်ဖောက်စားမှုတွေကို ရိုက်
သွေးသားလုယက်မှု ရိုက်တံနဲ့ သွေးသားလုယက်မှုတွေကို ရိုက်
ခံစားမှု အဓမ္မကျင့်မှု ရိုက်တံနဲ့ ခံစားမှု အဓမ္မကျင့်မှုတွေကို ရိုက်
ညစ်ညမ်းစေတဲ့ အရာတွေကို ရိုက် ရိုက် ရိုက် ။ ။

စိုးမင်းအောင်



သူငယ်ချင်း စိုးမင်းအောင်ရဲ့ ကဗျာကို ကြိုက်တာနဲ့ တင်ပေးလိုက်ခြင်း ဖြစ်ပါတယ်။

ပုံကတော့ မော်လမြိုင်သွားတုန်းက ၀င်းစိန်တောရ အတောင်လေးရာဘုရားကြီးထဲက
အပြီးမသတ်ရသေးတဲ့ ပန်းပုရုပ်တစ်ခုကို ဓာတ်ပုံရိုက်ယူလာတာပါ။
ဆူးရင့်



4 comments:

ညလင်းအိမ် said...

ကဗျာက မိုက်တယ်ဗျ...

nweminthit said...

ကိုဆူးရင့် ဒီကဗျာရဲ့ စာသားတွေကတော့ လန်းပါပေရဲ့။ကျုပ်လဲ ဘာ မှ လုပ်ဖြစ်မယ် မထင်တော့ဘူးဗျ။
အားရင် အချိန်ပေး တွေ့ ချင်ပါသေးတယ်။လာခဲ့ပါဦး။

minsoe said...

ဟား
ကောင်းတဲ့ ကဗျာလေးပါ။
ကျုပ်လည်း ကြိုက်တယ်။

Mhu Darye said...

ကဗျာလားးး..
တော်တော် ကြီးကို ကြိုက်တယ်။

LinkWithin

Related Posts with Thumbnails