Sunday, October 18, 2009

သို့ ..... ဆူးရင့်

မငိုသေးတဲ့ တိမ်တွေကို ခင်ဗျားငိုအောင်လုပ်နေတာလား
မရွာသေးတဲ့ ပင်လယ်ကို ခင်ဗျားရွာအောင်လုပ်နေတယ်ထင်တယ်
မပြောဖြစ်သေးတဲ့ စကားအတွက် ဆက်ပြီးသိမ်းထားပေးပါ
သေချာမှုတွေအတွက် မသေချာပေးတာလား
ရိုးတန်ကျဲ ကျေးလက်ညများဆီ ခင်ဗျားရောက်အောင် သွားပါ
သဘာဝ အလှမရှိတဲ့ မြို့ ပြညတွေကို ကျောခိုင်းလိုက်ပါတော့
ယဉ်ကျေးမှုတွေ ဆိတ်သုဉ်းနေမှတော့ ဘာကို ရှာဖွေနေတော့မှာလဲ။

ခင်ဗျားရဲ့ ခင်ဗျားက လှနေပြီးသားပါ
အခါခါ သေဆုံးခဲ့ဖူးတဲ့ မွေးနေ့ပွဲမှာ တစ်ခုခုတော့ လုပ်နေမှာ သေချာတယ်။
ပြီးဆုံးချင်ပါတယ်ဆိုမှ မပြီးသေးတဲ့ ည၊ ဇာတ်နာလွန်းတယ်ဗျာ
ကားဟွန်းသံတွေ ဆူညံနေမှတော့ ခင်ဗျားရဲ့ စုတ်ချက်တွေလဲ ဆူညံနေမှာပဲ
ခင်းဗျားရဲ့ ယောင်ပြီး ထ ထ အော်တတ်တဲ့ အကျင့်၊ ခင်ဗျားတစ်ခုခုကို လန့်နေတယ်။

ခင်ဗျားရဲ့ အားနာတက်တဲ့ အပြုံး
ဘယ်အရာတွေမှ အရှုံးမပေးဘူးဆိုတာ ကျုပ်သိတယ်
တစ်ခါတစ်ရံ ကျုပ်တောင် လန့်လန့်သွားတယ် တကယ်ပါ
ဘာမှ မထူးဆန်းတဲ့ ဘာပကာသနမှ မပါတဲ့ မွေးနေ့ ပွဲလေးမှာ ခင်ဗျား ငြီးမနေပါနဲ့
နေရမယ့် ရက်တွေက လက်ချိုးပြီး ရေတွက်လို့ ရနေပြီပဲဗျာ
မရနိုင်တော့တဲ့ အတောင်ပံ တစ်စုံအတွက် မမျှော်လင့်ဘဲ နေလိုက်ကြစို့ရဲ့ ။

မွေးနေ့မှသည်
နေရသလောက်ထိ
ကျုပ်တို့ရဲ့ ဆူးရင့်
အထူးသဖြင့် ပျော်ရွှင်ပါစေ...။
နေရု

2 comments:

Anonymous said...

ရိုးတံကျဲ ကျေးလက်ကိုသွားတယ်
မြို့ပြကိုကျောခိုင်းတယ်
ယဉ်ကျေးမှု ပျက်သုန်းနေတာကို ရှာတယ်

ကောင်းလိုက်တဲ့ စကားလုံးတွေပါပဲ အကို

Angel Shaper said...

ဆူးရင့် မွေးနေ့မှန်း မသိလိုက်ဘူးဗျ။
ဘာပဲဖြစ်ဖြစ် ဆုတောင်းပေးခဲ့လို့ ရသေးတယ်နော်။
မနက်ဖြန်နေ့သစ်တိုင်းမှာ အောင်မြင်၊ ပျော်ရွှင်မှုများစွာရရှိပါစေ။
ကဗျာလှလှလေးတွေ များများ ဖန်တီးနိုင်ပါစေ။
သမီးမွေးနေ့ကျရင် ကဗျာလေး တစ်ပုဒ်လောက် လက်ဆောင်ပေးကြပါလားဗျာ နော့်။ ပေးမယ်ဆို တကယ်...လာတောင်းမယ်ဗျိုးးး

LinkWithin

Related Posts with Thumbnails