Friday, October 2, 2009

ပဉ္စလက် ငှက်

အတောင်ပံ နာပေမယ့်
ငါ အခုထိ ပျံနေရတုန်း
ညောင်သီးက ရှားသထက်ရှား
လေးညှို့သံတွေပဲ များသထက်များ
အိပ်တန်းဝင်တာတောင်
ထောင်ချောက်ဆင်မလား စိုးနေရ
နေ့နေ့
ညည
ငှက်တစ်ကောင်မှာလည်း
စိတ္တဇဆိုတာ ရှိတယ်။

ငှက်တွေဟာ ပျံရင်း သေသတဲ့
ကြည့်လိုက်စမ်း
ဟောဒီမှာ ထူးဆန်းတဲ့ ငှက်တစ်ကောင်
သေရင်း ပျံနေရဲ့ ။ ။

ဝါဆိုကိုဦး(တောင်ကြီး)

3 comments:

မချစ်ရ said...

သေရင်းပြန်တဲ့ဌက်ရှိလို့လား
အင်းးထူးဆန်းသားနော်

minsoe said...

လူအ ရှိတာပေါ့။
သင်္ကေတတို့ နိမိတ်ပုံတွေ
မသိလို့နေမှာပေါ့။

Unknown said...

ကဗျာလေး...လှလိုက်တာဗျာ...ခံစားမိပါရဲ့...ကိုဦးရေ...
အင်း...ဟုတ်ပ...ငှက်တွေမှာလဲ စိတ္တဇတော့ရှိရှာမှာပဲနော်...
တွေးတက်ပါပေ့...။

LinkWithin

Related Posts with Thumbnails