Wednesday, September 16, 2009

မွေးနေ့ ပုံဆောင်ခဲများ

သံဝေဂနဲ့ တစ်နေ့ထက်တစ်နေ့ ရင့်ကျက်ခဲ့
လျှောက်ခဲ့ရာ လမ်းများပေါ်
မွေးနေ့ဆိုတာတွေ ဖြတ်ကျော်သွားခဲ့ရာ
ငါရရှိခဲ့သော အဓိပ္ပာယ်တွေ
လူလားမြောက်ခဲ့ရဲ့လား။

မွေးနေ့လက်ဆောင်မလိုအပ်တဲ့ မွေးနေ့မှာ
ငါတကယ်လိုအပ်နေတာက
စစ်စစ်မှန်မှန် ပျော်ရွှင်မှုများသာ
ဘ၀ကို တစ်ဆင့်ချင်းစီ
ပြန်ဖတ်ရှုကြည့်လိုက်တော့
ဆုံးရှုံးခဲ့ရသော ချစ်ခြင်းတရားများ
တဖျစ်ဖျစ်တောက်ပနေသော သောကများ

နွေးထွေးမှု ငတ်ခဲ့ရသော အိမ်ပြန်ချိန်များထဲမှာ
ငါဟာ မရဏကမ်းပါးရဲ့
မြူမှုန်လေး တစ်စက်သာဖြစ်နေရဲ့

အရိုးသားဆုံး ရှင်သန်ခြင်သော
ဖြစ်တည်မှုမှာ လိုအပ်ချက်ရဲ့
အသံထွက်တို့သာ တချွင်ချွင်တောက်ပလို့ ။



သွေး(စစ်ကိုင်း)

3 comments:

နွေညို said...

ဟုတ်တယ် ကိုဆူးရင့်ရေ

ရိုးရိုးသားသားလေး ရှင်သန်ချင်နေတာတောင်
လိုအပ်ချက်တွေက သိပ်များလွန်းတယ်
ကဗျာလေး နှစ်သက်တယ်ဗျာ..

စည်သူ said...

သံဝေဂနဲ့ တစ်နေ့ထက်တစ်နေ့ ရင့်ကျက်ခဲ့
လျှောက်ခဲ့ရာ လမ်းများပေါ်...

ငါရရှိခဲ့သော အဓိပ္ပာယ်တွေ
လူလားမြောက်ခဲ့ရဲ့လား။

ဟုတ်တယ်ဗျာ.. တွေးမိတယ်..
ဖင်ခြင်မိတယ်..

ပျော်ရွှင်ပါစေ
ခင်မင်စွာဖြင့်
စည်သူ။

Angel Shaper said...

လိုအပ်ချက်များတဲ့ အရိုးသားဆုံး ရှင်သန်မှုလေးတွေ အဓိပ္ပာယ်ရှိစွာ လူလားမြောက်နိုင်ပါစေလို့။ ကဗျာကောင်းကောင်းလေး ဖတ်သွားပါတယ်။။။။

LinkWithin

Related Posts with Thumbnails