Friday, August 28, 2009

ပိုးဟပ်များနဲ့ ည

တရွရွ
အသည်းယား ညတစ်ည။

တဂျစ်ဂျစ်
ညကို ကုတ်ခြစ်ကြ။

ငါ့ညကို ငုံ့ကြည့်မိတော့
ညရဲ့ ရင်အုံကြီး ဟပ်တက်ကွဲ
အခန်းကလေးထဲက ည
တစ်ပိုင်း တစ်စ ဖြစ်ခဲ့ပေါ့။

တိတ်ဆိတ် စူးရှ
ညရဲ့ အော်သံတို့ တိမ်ဝင်သွားတဲ့ အခါ
ညမုဆိုး ပိုးဟပ်များ
အိပ်တန်းပျံ သွားကြတော့ရဲ့ ။

ငါ့အတွက်
တစ်ပိုင်း တစ်စစီ ဖြစ်ခဲ့တဲ့ ညကို
အပျိုရည်မပျက် ပြန်ရဖို့
နေ့တစ်နေ့ကို ငှါးလိုက်တယ်။

နွေမင်းသစ်

2 comments:

မချစ်ရ said...

ညကတောင်ပိုးဟပ်တစ်ကောင်အနားလာရှုပ်နေသေး
:P

ကျောက်တာ said...

ကိုဆူးရင့် ကျုပ်နေရာ ပြန်တင်ပါရစေ။
နေသားကျနေ ဆိုတာလေး လိုချင်တယ် ။ဖြစ်နိုင်ရင် အဲဒါလေး gtက ရိုက်ပေးနိုင်မလား။

LinkWithin

Related Posts with Thumbnails